" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, November 20, 2023

ရိုဟင်ဂျာတွေကို ပေးစရာ နေရာမရှိဘူးလို့ အာချေး ဒေသခံ ရွာလူကြီးတွေပြော

BBC
November 21'2023

အာချေးပြည်နယ် အနှံ့ ကမ်းခြေတွေဆီ ရိုဟင်ဂျာတွေ အစုလိုက်ရောက်လာ

ရိုဟင်ဂျာ ဒုက္ခသည် နောက်ထပ် ၅၀၀ ကျော်ဟာ အင်ဒိုနီးရှား နိုင်ငံ အာချေး ပြည်နယ်ရဲ့ ကမ်းခြေတွေ ရှိ ရာဆီ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ဆိုက်ရောက်လာကြပါတယ်။

ဒါဟာ သီတင်းတစ်ပတ် အတွင်း ၄ ကြိမ်မြောက် အခုလို အစုလိုက် အပြုံလိုက် ရောက်လာကြတာပါ။ ဘီရာဝန်၊ ပီဒီနဲ့ အရှေ့အာချေး နေရာတွေ အပါအဝင် ပြည်နယ် နေရာအနှံ့ ရောက်လာနေကြတာ ဖြစ်ပါတယ်။

အစုလိုက်အပြုံလိုက် ရောက်လာကြတဲ့ ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်နိုင်ဖို့ရာ အဲဒီမှာ ရှိနေတဲ့ ဒေသခံ အာဏာပိုင်တွေ အတွက် ဝန်နဲ့အား မမျှနိုင်လောက်အောက် ဖြစ်နေရတယ် ဆိုပြီး ကုလသမဂ္ဂ ရဲ့ ဒုက္ခသည် ဆိုင်ရာ အေဂျင်စီ အဖွဲ့ UNHCR ရဲ့ ဌာနေ တာဝန်ခံ တစ်ဦးက ဆိုပါတယ်။

ဒေသခံ ကျေးရွာ အုပ်ချုပ်ရေးမှူး မူခ်တာကလည်း ….. “ဒုက္ခသည်တွေကို လက်ခံထားဖို့ရာ ဒီနေရာ မှာ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ပါဘူး။ သူတို့ကို လက်ခံထားဖို့ နေရာကို မရှိတာပါ” လို့ ဆိုပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */