" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, November 19, 2023

အင်ဒိုနီးရှား အာချေးပြည်နယ်ကို တပတ်အတွင်း ရိုဟင်ဂျာ ဒုက္ခသည် ၈၀၀ ကျော် ရောက်ရှိ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၁၉ နိုဝင်ဘာ၊ ၂၀၂၃ 

အင်ဒိုနီးရှားနိုင်ငံ အာချေ့ဒေသကို စက်လှေတစင်းနဲ့ ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (နိုဝင်ဘာ ၁၆၊ ၂၀၂၃)

ရိုဟင်ဂျာဒုက္ခသည် ၅၀၀ ကျော်နဲ့ ပြည့်နေတဲ့ စက်လှေသုံးစင်းဟာ အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက် ဆုံး ပြည်နယ်မှာ တနင်္ဂနွေနေ့ ဒီကနေ့မှာ ဆိုက်ရောက်လာခဲ့ကြောင်း ကုလသမဂ္ဂ အေဂျင်စီက ပြောပါ တယ်။

ရိုဟင်ဂျာ ၂၅၆ ဦးလိုက်ပါလာတဲ့ စက်လှေတစင်းကတော့ အာချေးပြည်နယ် Bireuen ခရိုင်ကိုဆိုက် ရောက်လာခဲ့ပြီး Pidie ဒေသကို ဆိုက်ရောက်ခဲ့တဲ့ နောက်ထပ်စက်လှေတစင်းမှာတော့ အနည်းဆုံး လူပေါင်း ၂၃၉ဦးပါဝင်ပြီး၊ အရှေ့အာချေးမြို့ကို ရောက်လာတဲ့ စက်လှေထဲမှာတော့ ရိုဟင်ဂျာ ၃၆ ဦး တွေ့ခဲ့ရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ တာဝန်ရှိသူ Faisal Rahman က ဒီက နေ့ ပြောပါတယ်။

Bireuen ခရိုင်ကို ရောက်လာတဲ့ စက်လှေပေါ်မှာပါလာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၅၆ ဦးမှာ အမျိုးသမီး အရေအတွက် ၁၁၀ နဲ့ ကလေးအရေအတွက် ၆၀ ပါဝင်ကြောင်း Faisal Rahman က ဆိုပါတယ်။ အဲ ဒီစက်လှေက ကြာသပတေးနေ့က အင်ဒိုနီးရှားဒေသခံတွေ လက်မခံဘဲ၊ ပင်လယ်ထဲ ပြန်မောင်းထုတ်ခဲ့ တဲ့ စက်လှေဖြစ်ပြီး ပင်လယ်ကမ်းရိုးတန်းမှာ ရက်အတန်ကြာ သောင်တင်နေခဲ့ပြီးနောက် Bireuen ခရိုင်ဘက်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

အာချေးပြည်နယ်မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့ကရောက်ရှိလာတဲ့ လှေစီးပြေး ရိုဟင်ဂျာဒုက္ခသည် ၁၉၆ ဦး၊ ဗုဒ္ဓဟူးနေ့က ၁၄၇ ဦးအပါအဝင် ဒီကနေ့ရောက်လာတဲ့ ၅၀၀ ကျော်နဲ့ စုစုပေါင်း ၈၀၀ ကျော်ရှိနေပြီး ဖြစ် ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */