" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, November 22, 2023

ရိုဟင်ဂျာ လှေစီးဒုက္ခသည် တထောင်ကျော် အင်ဒိုနီးရှားသို့ တပတ်အတွင်း ရောက်လာ

ဧရာဝတီ
နိုဝင်ဘာ ၂၁ ရက် ညက အာချေးသို့ ကမ်းကပ်လာသော ရိုဟင်ဂျာ လှေစီးဒုက္ခသည်များ/AFP 

လွန်ခဲ့သောညက ရိုဟင်ဂျာ ဒုက္ခသည် ၂၀၀ ခန့် အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်စွန်း ပြည်နယ်သို့ ရေကြောင်းမှ ရောက်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီက ယနေ့ ဗုဒ္ဓဟူးနေ့တွင် ပြောသောကြောင့် လွန်ခဲ့သော အပတ် အတွင်း ရိုဟင်ဂျာ လှေစီးဒုက္ခသည် တထောင်ကျော်ရောက်လာခြင်း ဖြစ်သည်။
မွတ်ဆလင်အများစုပါဝင်သည့် ရိုဟင်ဂျာ ထောင်ပေါင်းများစွာသည် ရှည်လျားအကုန်အကျများသော ပင်လယ် ခရီးတွင် အသက်စွန့်ပြီး လှေအဟောင်းအစုတ်များဖြင့် မလေးရှား သို့မဟုတ် အင်ဒိုနီးရှားသို့ ရောက်ရန် နှစ်စဉ် ကြိုးစားကြသည်။

အထက်ပါ နောက်ဆုံးအုပ်စုတွင် အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးများပါဝင်ပြီး ဆူမတြား မြောက်ဘက် စွန်းမှ အာချေးပြည်နယ် ဆဘန်း မြို့တွင် ဒေသစံတော်ချိန် အင်္ဂါနေ့ည ၁၁ နာရီခန့်တွင် ကမ်းကပ်လာသည်။

“မြို့ဝန်က လူ ၂၀၀ လို့ပြောတယ်။ သူတို့ကမ်းကပ်လာတာကျနော်တို့ကို သူအကြောင်းကြားတယ်။ ဆဘန်းကို သွားမယ့်အဖွဲ့ မနက်ဖြန် မနက်မှာထွက်မယ်” ဟု ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီမှာ အကာအကွယ်ပေးရေး အရာရှိ ဖိုင်ဆယ် ရာမန်က AFP သတင်းဌာနသို့ ပြောသည်။

ဒေသခံအသိုက်အဝန်း၏ အဆိုအရ ဒုက္ခသည် အရေအတွက်သည် ပိုမိုများပြားနိုင်ပြီး ကမ်းကပ်လာသည့် ဒုက္ခ သည် ၃၆၀ အထိ များနိုင်သည်ဟု ခန့်မှန်းသည်။

အာချေးဒေသခံများသည် လွန်ခဲ့သော အပတ်အတွင်း ဘင်္ဂလားဒေ့ရှ်မှ လှေဖြင့်ရောက်လာသူ အများအပြားကို ကမ်းကပ်ခွင့်မပေးပေ။ ပင်လယ်ပြင်တွင် ရက်သတ္တပေါင်းများစွာ ခရီးသွားခဲ့သည့် မျှော်လင့်ချက်ကင်းမဲ့သည့်ဒုက္ခ သည်များကို လက်ခံရန် ၎င်းတို့တွင် ရင်းမြစ်များမရှိသောကြောင့် ထိုသို့ငြင်းပယ်ကြောင်း သိရသည်။ 

နိုဝင်ဘာ ၁၆ ရက် ကမ်းကပ်လာသော လှေစီးဒုက္ခသည်များအား ကမ်းပေါ်မှ လက်ဟန်ပြနေစဉ်/AFP

AFP သတင်းဌာက တွေ့ရသည့် ဓာတ်ပုံနှင့် ဗီဒီယိုများတွင် နောက်ဆုံးရောက်လာသည့် ဒုက္ခသည်များကို အမိုးအ ကာအောက်သို့ ခေါ်မသွားဘဲ အာချေးပြည်နယ် ဆဘန်းကမ်းခြေတွင် အတန်းလိုက် ထိုင်ခိုင်းထားကြောင်း တွေ့ ရသည်။

ထိုအုပ်စုများအနီးတွင် လုံခြုံရေးတပ်များနှင့် ဒေသခံများက ရပ်ကြည့်နေကြသည်ကိုလည်းတွေ့ရသည်။

ယခုနောက်ဆုံးရောက်ရှိလာသူများပါ ပါဝင်ပါက ဒုက္ခသည် ၁၁၀၀ ကျော် အာချေးသို့ လွန်ခဲ့သော အပတ်အတွင်း ရောက်လာပြီး ယခင်က လှေ ၅ စီးဖြင့် လူ ၈၀၀ ကျော်ရောက်ပြီးဖြစ်ကြောင်း ဒေသခံ အရာရှိများ ပြောသည်။

၂၀၂၂ ခုနှစ် တနှစ်လုံးတွင် အခြားအရှေ့တောင်အာရှ နိုင်ငံများသို့ လှေဖြင့်ထွက်ပြေးရန် ရိုဟင်ဂျာ ၂၀၀၀ ကျော် ကြိုးစားသည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ခန့်မှန်းသည်။

ငြင်းပယ်မှု ဗိုင်းရပ်စ်

နောက်ဆုံးရောက်လာသူများ လုံလောက်သော ပြုစုစောင့်ရှောက်မှု ရရေး UNHCR အဖွဲ့သည် ဆဘန်းသို့ အမြန် ဆုံး သွားရောက်မည်ဖြစ်ကြောင်း ရာမန် ပြောသည်။

ဒုက္ခသည်များအတွက် ဘေးကင်းလုံခြုံသော အမိုးအကာရှာဖွေပေးရန် ဆဘန်း မြို့ဝန် ရီဇာ ဖာလီဗီကို အေဂျင်စီ က မေတ္တာရပ်ခံထားကြောင်း သူပြောသည်။

“မြေပြင်အခြေအနေက သိပ်မကောင်းဘူး။ ငြင်းပယ်မှု ဗိုင်းရပ်စ်က လူတိုင်းဆီကို ပျံ့နှံ့နေပြီ” ဟုလည်း သူပြော သည်။

“သူတို့ကို ပင်လယ်ထဲကို ပြန်ပို့ဖို့ လူမှုအသိုက်အဝန်းကို တွန်းအားပေးမယ့် အလားအလာအများကြီး ရှိတယ်။ ဒါပေမယ့် အဲဒီလို မဖြစ်ဘူးလို့ မျှော်လင့်ပါတယ်” ဟု သူဆက်လက်ပြောသည်။
ဒုက္ခသည် ၁၁၀၀ ကျော် အာချေးသို့ လွန်ခဲ့သော အပတ်အတွင်း ရောက်လာခဲ့သည်/AFP

၁၉၉၀ ခုနှစ်များမှ စတင်ပြီး မြန်မာမှ ရိုဟင်ဂျာ တသန်းကျော် ထွက်ပြေးပြီး အများစုမှ ၂၀၁၇ ခုနှစ် စစ်တပ်က ဖြိုခွဲမှု အတွင်း ပြေးခြင်းဖြစ်သည်။ ထိုဖြိုခွဲမှုကို ယခုအခါ ကုလသမဂ္ဂက လူမျိုးတုံးသတ်ဖြတ်မှု စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသည်။

၎င်းတို့အနက် အများအပြားသည် ဘင်္ဂလားဒေ့ရှ်မှ စခန်းများတွင် နေထိုင်ကြသည်။

ဒေသခံများက ၎င်းတို့ကို ပင်လယ်ပြင်သို့ ပြန်မောင်းထုတ်ရန် ယခုလအတွင်း တတိယအကြိမ် ခြိမ်းခြောက်ပြီး နောက် ရိုဟင်ဂျာ ဒုက္ခသည် ၂၅၆ ဦးကို အင်ဒိုနီးရှားက ၃ လတာ ယာယီနေထိုင်ခွင့်ဗုဒ္ဓဟူးနေ့တွင်ပေးလိုက်သော ကြောင့် သက်သာခွင့်ရသည်။

“ယာယီနေထိုင်ခွင့်အတွင်း ဒုက္ခသည်များ၏ လုံခြုံရေးအတွက် ဒေသခံရဲများနှင့် ညှိနှိုင်းရန်မှာ အစိုးရ၏ တာဝန် ဖြစ် သည်” ဟု အမျိုးသား လူဝင်မှုကြီးကြပ်ရေးရုံးက ကြေညာချက်တစောင်တွင် ဖေါ်ပြသည်။

ထို ဒုက္ခသည်များကို အင်္ဂါနေ့ နှောင်းပိုင်းတွင် ရွှေ့ပြောင်းနေပြီး အမိုးအကာသစ်သို့ ထွက်ခွာသွားသည့် ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးများသယ်ဆောင်ထားသည့် ထရပ်ကားများကို AFP သတင်းသမားတဦး တွေ့ ခဲ့သည်။

ထိုဆုံးဖြတ်ချက်သည် ဒုက္ခသည်များကို လုံခြုံမှုမရှိသည့် ကမ်းခြေတွင် နေခိုင်းခြင်းထက် ပိုမိုကောင်းမွန်သည့် ဆုံးဖြတ်ချက် ဖြစ်ကြောင်း အင်ဒိုနီးရှားမှ ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီ ကိုယ်စားလှယ် အန်း မေမန်း ပြော သည်။

သွေးချောင်းစီး ပဋိပက္ခ ဆယ်စုနှစ်ပေါင်းများစွာ ကိုယ်တိုင်ကြုံတွေ့ခဲ့သော အာချေးပြည်နယ်သား အများအပြား သည် ၎င်းတို့နှင့် ဘဝတူ မွတ်ဆလင် ရိုဟင်ဂျာများ၏ ကြမ္မာဆိုးကို နှစ်ပေါင်းများစွာ စာနာခဲ့သည်။

သို့သော် အချို့သူများကလည်း ရိုဟင်ဂျာများသည် ရှားပါးသော ဒေသရင်းမြစ်များကို သုံးပြီး တခါတရံ ဒေသခံ များနှင့် ပဋိပက္ခဖြစ်သည်ဟုဆိုကာ စိတ်ရှည်သည်းခံမှု ကုန်ခန်းစပြုလာသည်။

အင်ဒိုနီးရှားသည် ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကို လက်မှတ်ထိုးထားခြင်း မရှိဘဲ ၎င်းတို့သည် မြန်မာမှ ဒုက္ခသည်များကို လက်ခံရန် တာဝန်မရှိကြောင်း၊ အခြားအိမ်နီးချင်းနိုင်ငံများသည် ၎င်းတို့ တံခါးများကို ပိတ်ထားကြောင်း မကျေမနပ် ပြောသည်။

ကိုးကား။ ။ AFP သတင်း 200 Rohingya Refugees Land in Indonesia as Weekly Arrivals Pass 1,000

You may also like these stories:

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */