" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, November 25, 2023

ရိုဟင်ဂျာ တချို့ ဘင်္ဂလာဒုက္ခသည်စခန်းက လှေစီးထွက်ခွါ

VOA
ဗွီအိုအေ (မြန်မာပိုင်း)

၂၅ နိုဝင်ဘာ၊ ၂၀၂၃ 

အင်ဒိုနီးရှားပြည်နယ် အာချေးပြည်နယ်ကို လှေနဲ့ဆိုက်ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်များကို ဒေသခံအသိုင်းအဝိုင်းက ယာယီကမ်းကပ်ခွင့်ပေးဖို့ ဆုံးဖြတ်အပြီးတွေ့ရစဉ် (နိုဝင်ဘာ ၁၆၊ ၂၀၂၃)

ရာနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ လှေသုံးစင်းထက်မနည်း ဒီသီတင်းပတ်ထဲ ဘင်္ဂလားဒေ့ရှ်ကနေ ထွက်ခွာလာနေတယ်လို့ ဒုက္ခသည်တွေက သောကြာနေ့မှာ ပြောပါတယ်။ အခု လတ်တလောမှာ အင်ဒိုနီးရှားနိုင်ငံ မြောက်ဘက်စွန်း အာချေးပြည်နယ်မှာ ရိုဟင်ဂျာ ဒုက္ခသည် ၁,၀၀၀ ကျော် လှေတွေနဲ့ ရောက်လာပြီးနောက်ပိုင်းမှာ နောက်ထပ် ရိုဟင်ဂျာလှေတွေ ထွက်လာတာပါ။
ရိုဟင်ဂျာအခွင့်အရေးအဖွဲ့ Arakan Project ရဲ့ ဒါရိုက်တာ Chris Lewa က နိုဝင်ဘာ ၂၀ နဲ့ ၂၁ ရက်တွေက လှေနှစ်စင်း ဘင်္ဂလားဒေ့ရှ်ကနေ ထွက်ခွာသွားကြောင်း အေအက်ဖ်ပီကို အတည်ပြုထား ပါတယ်။ လှေတစင်းမှာ လူ ၂၀၀ လောက်တင်ဆောင်ပြီး ဒုတိယလှေမှာ လူ ၁၅၀ လောက် လိုက်ပါသွား တယ်လို့ ဆိုပါတယ်။ လူ ၂၀၀ ဝန်းကျင်ပါတဲ့ တတိယမြောက်လှေကတော့ နိုဝင်ဘာ ၂၃ ရက်၊ ကြာသပ တေးနေ့ညမှာ ထွက်သွားတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပါတယ်။

အခု လှေတွေထွက်တဲ့ လမ်းကြောင်းက ရေတပ်ကင်းလှည့်တာတွေကို ရှောင်တိမ်းနိုင်တဲ့ ကျွမ်းကျင်တဲ့ မှောင်ခိုသမားတွေက စီစဉ်ပြေးဆွဲတာလို့ အမည်မဖော်လိုတဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ရိုဟင် ဂျာတဦးက ပြောပါတယ်။မှောင်ခိုသမားတွေကဘင်္ဂလားဒေ့ရှ်နဲ့မြန်မာရေပိုင်နက်ကြားကလမ်းကြောင်း မှာ လှေငယ်လေးတွေ အသုံးပြု စတင်ထွက်ခွာပြီး ပင်လယ်ထဲရောက်မှ ပိုကြီးတဲ့ သင်္ဘောတွေ အသုံး ပြုတယ်လို့ ဆိုပါတယ်။

ဒီလှေတွေဟာ ဘင်္ဂလားဒေ့ရှ်ကနေ မိုင် တထောင်ကျော် လောက်ဝေးတဲ့ အင်ဒိုနီးရှားကို ရှေ့သီတင်း ပတ်နှောင်းပိုင်းမှာ ရောက်ဖို့ မျှော်လင့်ထားကြောင်း Arakan Project ရဲ့ ဒါရိုက်တာ Chris Lewa ပြောပါတယ်။ မလေးရှားက သူတို့ကို ဝင်ခွင့်မပေးတဲ့အတွက် အင်ဒိုနီးရှားကိုပဲ ရောက်လာဖို့ ရှိတယ်လို့ ဆိုပါတယ်။ အင်ဒိုနီးရှားမှာ ဒုက္ခသည်တွေကို လွယ်လွယ်ကူကူနဲ့ ပြန်လည်နေရာချထားပေးလို့ ရိုဟင် ဂျာ တွေက အင်ဒိုနီးရှားကို လုံခြုံတဲ့နေရာအဖြစ် ရှုမြင်ကြတယ်လို့လည်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စ ခန်း က ရိုဟင်ဂျာတွေက ပြောပါတယ်။

ကုလသမဂ္ဂက လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်နဲ့ စုံစမ်းစစ်ဆေးမှုတွေ အခု လုပ်နေတဲ့ ၂၀၁၇ ခုနှစ်၊ ရခိုင် မြောက်ပိုင်းမှာ စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုအတွင်း ရိုဟင်ဂျာတွေ ထွက်ပြေးခဲ့ရပြီး လက်ရှိ ဘင်္ဂ လားဒေ့ရှ်နိုင်ငံမှာ ဒုက္ခသည် တသန်းလောက် ခိုလှုံနေကြပါတယ်။ ဒါပေမယ့် ဒုက္ခသည်စခန်းတွေမှာ လူတွေ ပြည့်ကျပ်နေပြီး ကန့်သတ်မှုတွေနဲ့ အတူ စားနပ်ရိက္ခာ ဖြတ်တောက်တာတွေ ရှိနေလို့ဒုက္ခသည် တွေရဲ့ အခြေအနေက ခက်ခဲ ဆိုးရွားနေတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

မနှစ် ၂၀၂၂ ခုနှစ်တုန်းက ရိုဟင်ဂျာ ၂,၀၀၀ ကျော်ဟာ အန္တရာယ်များတဲ့ ပင်လယ်ခရီးကို ဖြတ်ကူးပြီး အရှေ့တောင်အာရှနိုင်ငံတွေဆီ ထွက်ပြေးဖို့ ကြိုးပမ်းခဲ့ကြပြီး အဲဒီထဲက ရိုဟင်ဂျာ ၂၀၀ နီးပါး သေဆုံး တာ ဒါမှမဟုတ် ပျောက်ဆုံးတာ ဖြစ်ခဲ့ကြောင်း ကုလသမဂ္ဂ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင် စီ က ပြောပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */