" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, November 18, 2023

လှေစီးပြေးရိုဟင်ဂျာ (၂၀၀)ကျော် အင်ဒိုနီးရှားကမ်းကပ်ခွင့် ဒေသခံတွေငြင်းဆန်

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၈ နိုဝင်ဘာ၊ ၂၀၂၃ 

Ethnic Rohingya disembark from their boat upon landing in Ulee Madon, North Aceh, Indonesia, Nov. 16, 2023.

လှေစီးပြေး ရိုဟင်ဂျာ (၂၀၀)ကျော် အင်ဒိုနီးရှား ကမ်းကပ်ခွင့် ဒေသခံတွေငြင်းဆန်

အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ အယောက် ၂၄၀ လောက် ပါတဲ့ သင်္ဘေော တစီး ဟာ အင်ဒိုနီးရှား မြေပေါ်မှာ ကမ်းကပ်ခွင့်ရဖို့ ၂ ကြိမ်တိုင်တိုင် ကြိုးစားခဲ့ကြပေမယ့် ဒေသခံတွေက လက်မခံ ငြင်းဆန်ခဲ့တာကြောင့် သူတို့ စီးလာခဲ့ လှေဟာ ခုတော့ အင်ဒိုနီးရှား ကမ်းရိုးတန်းမှာပဲ မျော နေရတယ်လို့ ဒေသအာဏာပိုင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး AP သတင်းမှာ သောကြာ နေ့ကရေး ပါတယ်။ 

ရိုဟင်ဂျာတွေ စီးလာတဲ့လှေဟာ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် အာချေး အူထရာ(Aceh Utara) ဒေသမှာ ကြာသပတေးနေ့က ကမ်းတက်ဖို့ ကြိုးစားခဲ့ပေမယ့် နာရီ အနည်းငယ်အကြာမှာ ပြန်ထွက် ခွာ သွားရတယ်လို့ ဒေသတာဝန်ရှိသူတွေက ပြောပါတယ်။ အင်္ဂါနေ့ ကတည်းက စလို့ အင်ဒိုနီးရှား မြောက် ဖျားပိုင်းကို ဝင်လာတဲ့ ဒုက္ခသည်လှေတွေထဲမှာ ဒီလှေက စတုတ္ထမြောက်လှေ ဖြစ်ပါတယ်။

အင်ဒိုနီးရှားရဲ့ တခြား ဒေသတွေကို ချည်းကပ်ခဲ့တဲ့ လှေ ၃ စင်းကတော့ ကမ်းတက်ခွင့်ရသွားခဲ့ ပါ တယ်။ အရင်တုန်းက ဒီနေရာကို ရောက်လာကြတဲ့ ရိုဟင်ဂျာတွေဟာ ဒေသခံတွေအတွက် စိတ်အ နှောက် အယှက် ဖြစ်စေခဲ့တာကြောင့် ၊ အခု ရောက်လာတဲ့ ဒုက္ခသည်တွေကို သူတို့အနေနဲ့ လက်မခံ ချင်ရတာ ဖြစ် တယ်လို့ အာချေးဒေသခံတွေက ပြောပါတယ်။

ခုရောက်လာကြတဲ့ လှေစီးပြေး ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒုက္ခသည်စခန်းတွေကနေ ထွက်လာကြတာပါ။ ရိုဟင်ဂျာတွေကို သူတို့အနေနဲ့ အလွယ်တကူ လက်ခံနေမယ်ဆိုရင် လူကုန် ကူး သူ တွေကို အဲဒီအခွင့်ကောင်းကို အသုံးချသွားလိမ့်မယ်လို့ အင်ဒိုနီးရှားနိုင်ငံက ပြောပါတယ်။ ရေကြောင်း လမ်းကတဆင့် ဒုက္ခသည် စခန်းတွေကနေ ထွက်လာကြတဲ့ ရိုဟင်ဂျာ အများစုဟာ မလေးရှားနိုင်ငံသို့ သွားဖို့ ကြိုးပမ်းလေ့ရှိကြပြီး အဲ့ထဲက အများအပြားဟာ လမ်းခုလတ် အင်ဒိုနီးရှား ကို ရောက်သွားလေ့ ရှိတာပါ။

အင်ဒိုနီးရှားဟာ ၁၉၅၁ ဒုက္ခသည်ဆိုင်ရာ သဘောတူညီချက်ကွန်ဗင်းရှင်းကို သဘောတူညီထားတဲ့ အဖွဲ့ဝင်မဟုတ်ကြောင်း ကြာသပတေးနေ့က အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပြီး ဒုက္ခ သည်တွေကို လက်ခံပေးဖို့ တာဝန် မရှိသလို လုပ်ပေးနိုင်တဲ့ စွမ်းဆောင်ရည်လည်း မရှိဘူးလို့ ဖော်ပြ ထားပြီး အင်ဒိုနီးရှားက လူသားချင်း စာနာလို့ ဒုက္ခသည်တွေကို ယာယီခိုလှုံခွင့်ပေးတာကို ငွေကြေး အမြတ်အစွန်းရှာနေတဲ့ လူမှောင်ခိုသမားတွေက ကျယ်ကျယ်ပြန့်ပြန့် အမြတ်ထုတ်နေတယ်လို့ ပြော ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */