" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, January 18, 2023

အင်ဒိုနီးရှား အာချေးရောက် ရိုဟင်ဂျာဒုက္ခသည်တွေ နောက် ဆုံးအခြေအနေ

VOA
January 10, 2023
VOA Policy

ရိုဟင်ဂျာဒုက္ခသည် ၁၈၄ ယောက်ဟာ ပြီးခဲ့တဲ့ ဇန္နဝါရီလ ၈ ရက်၊ တနင်္ဂနွေနေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် Kuala Gigeng Lamnga ကမ်းခြေကို စက်လှေနဲ့ရောက်ရှိလာခဲ့တယ်လို့ အာချေးရဲတပ်ဖွဲ့ပြောရေးဆို ခွင့်ရှိသူ Joko Krisdiyanto ကပြောပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR ၊ နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာအဖွဲ့ IOM၊ အင်ဒိုနီးရှားစစ်တပ်နဲ့အခြားဌာနဆိုင်ရာတာဝန်ရှိသူတွေက ဒုက္ခသည်တွေကိုရေတွက်လက်ခံခဲ့ရာမှာ ၁၈၄ ယောက်ရှိတယ်လို့ ရဲအရာရှိ Joko Krisdiyanto ကသတင်းစာရှင်း လင်းပွဲမှာပြောခဲ့ပါတယ်။ အဲဒိအထဲမှာ အမျို းသား ၆၉ ၊ အမျိုးသမီး ၇၅ ဦးနဲ့ကလေး ၄၀ ကျော်ပါဝင်ပါတယ်။ သူတို့ကို ဒေသဆိုင်ရာ လူမှုကူညစောင့်ရှောက် ရေးဌာန အဆောက်အဦးမှာနေရာချထားပေးတယ်လို့လည်းရဲအရာရှိ Joko ကပြောပါတယ်။

နောက်ပိုင်းမှာဒီဒုက္ခသည်တွေကို ဘေးအန္တရယ်တုံ့ပြန်ဆောင်ရွက်ရေးဌာန၊ လူဝင်မှုကြီးကြပ်ရေးဌာန၊ အာချေးလူမှုကူညီ ရေးဌာနနဲ့အခြားသင့်တော်တဲ့ဌာနတွေကို လွဲှပြောင်းပေးအပ်သွားမယ်လို့ လည်း ရဲအရာရှိကပြောပါတယ်။ ဒီဒုက္ခသည်တွေတင်ဆောင်လာတဲ့လှေကို လွန်ခဲ့တဲ့ရက်အနည်း ငယ် ကတည်းက အင်ဒိုနီးရှားနဲ့ အိန္ဒိယရေပိုင်နက်အစပ် ကပ္ပလီပင်လယ်ပြင်အတွင်းမှာ တွေ့ရှိနေကြောင်း သတင်းရရှိခဲ့တယ်လို့ အာချေးပင်လယ်ပြင်ဆိုင်ရာစီမံခန့်ခွဲမှု အတွင်းရေးမှူး Miftach Tjut Adek ကပြောပါတယ်။

“ သူတို့ Saban ရေပိုင်နက်ထဲကို ဝင်ရောက်လာတာကို လွန်ခဲ့တဲ့ ၃ ရက်ကတည်းကတွေ့ရှိခဲ့ပါတယ်” လို့ အာချေး ပင်လယ် ပြင်အတွင်းရေးမှူး Miftach Tjut Adek ကပြောသွားခဲ့တာပါ။

စက်လှေဟာ ကောင်းမွန်စွာအလုပ်လုပ်လျက်ရှိပြီး ဒုက္ခသည်တွေဟာ အခြေအနေကောင်းမွန်တာကိုတွေ့ရတာကြောင့် သူတို့ဟာ အစကတည်းက အာချေးကိုသွားဖို့ရည်ရွယ်ထွက်ခွါလာခဲ့ပုံရတယ်လို့လည်း Miftach ကပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလကစပြီး အာချေးကို ရိုဟင်ဂျာဒုက္ခသည် ၆ ဖွဲ့ရောက်ရှိခဲ့ပါတယ်။ အင်ဒိုနီးရှားအစိုးရအနေနဲ့ဒီကိစ္စကိုပိုမိုအာရုံစိုက်ပြီး ဖြေရှင်းဆောင်ရွက်သင့်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ Kontra S အဖွဲ့ရဲ့ အာချေးဌာနခွဲရဲ့အကြီး အကဲ Azharul Husna ကပြောပါတယ်။

“ အင်ဒိုနီးရှားအစိုးရအနေနဲ့ ဒီကိစ္စကိုအလေးအနက်ထားကြောင်းပြသသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာ ဒုက္ခသည်ကိစ္စ ကိုင်တွယ်ဆောက်ရွက်ရတာ အလွန်ရေးကြီးတဲ့ကိစ္စဖြစ်လို့ပါ။ ” လို့ Azharul Husna ကပြောဆိုသွားတာပါ။

ဒုက္ခသည်ကိစ္စနဲ့ပတ်သက်ပြီး အင်ဒိုနီးရှားအစိုးရအနေနဲ့ ကုလသမဂ္ဂရဲ့ ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်ကိုလက်မှတ်ရေးထိုးသင့်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အင်ဒိုနီးရှားမှာ ၂၀၁၆ ခုနှစ်က အင်ဒိုနီးရှားသမ္မတအမိန့်နဲ့ထုတ်ပြန်ခဲ့တဲ့ စည်းမျဉ်းဥပဒေ အမှတ် ၁၂၆ ဟာ နိုင်ငံတကာ ဒုက္ခသည်တွေကိစ္စကိုကိုင်တွယ်ဆောင်ရွက်ဖို့လုံ လောက်တဲ့အနေအထားမှာ မရှိဘူး”လို့ Husna ကပြောပါတယ်။

အင်ဒိုနီးရှား ဗဟိုအစိုးရအနေနဲ့ အာချေးဒေသဆိုင်ရာအစိုးရနဲ့ အလျင်အမြန်ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံတကာ ဒုက္ခသည်တွေကိစ္စကို ကိုင်တွယ်ဆောင်ရွက်မယ့်အဖွဲ့တဖွဲ့ကိုဖွဲ့စည်းသင့်တယ်လို့လည်း လူ့အခွင့်အရေးအဖွဲ့ Kontra S ရဲ့အာချေးတာဝန်ရှိသူ Azharul Husna ကပြောခဲ့ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */