Thursday, February 16, 2023

ရိုဟင်ဂျာ ၅၀ ပါ လှေတစ်စင်း အင်ဒို အာချေးဒေသဆိုက်ကပ်

VOA
ဗွီအိုအေ၊မြန်မာ
ဖေဖော်ဝါရီ ၁၆၊ ၂၀၂၃ 

 (ယခင်ပုံဟောင်း) အင်ဒိုနီးရှားနိုင်ငံ၊ အာချေးကမ်းခြေကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့က ရောက်လာသည့် ရိုဟင်ဂျာ ဒုက္ခသည်များ။

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ရိုဟင်ဂျာမွတ်ဆလင် ၅၀ လောက်ပါဝင်တဲ့ လှေတစ်စင်း အခု ကြာသာ ပ တေးနေ့ ဆိုက်ရောက်လာတယ်လို့ ဒေသတာဝန်ရှိသူတစ်ဦးပြောဆိုတယ်လို့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။ ဘင်္ဂလားဒေ့ရ်ှ ဒုက္ခသည်စခန်းတွေက ဆိုးဆိုးဝါးဝါးအခြေအနေကို လွန်မြောက်ဖို့ ရိုဟင်ဂျာဒုက္ခသည်တွေ အစု အပြုံလိုက် လှေစီးပြေးထွက်ခွာကြရာမှာ၊ အင်ဒိုးနီးရှား အာချေးဒေသကို မကြာမကြာ ရောက်ရှိလာလေ့ ရှိပါ တယ်။

အခုရောက်လာသူတွေဟာ ဘင်္ဂလာဒေ့ရ်ှနိုင်ငံက ထွက်ခွာလာကြတာဖြစ်ပြီး၊ အတော်များများကပင်ပန်းနွမ်းနယ် နေကြတယ်လို့ ဒေသခံတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလမဟာ မင်းကြီးရုံးကတော့ ဒါကို အတည်မပြုနိုင်သေးပါဘူး။ ပြီးခဲ့တဲ့လတွေအတွင်း လှေစီးပြေး ရိုဟင်ဂျာဒုက္ခသည် ရာ ဂဏန်း အာချေးဒေသကို ဆိုက်ရောက်လာကြသလို၊ တချို့ကတော့ ပင်လယ်ထဲမှာ ငတ်မွတ် ပြတ်လပ်ပြီး သေ ဆုံး ခဲ့ကြရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ဟာဆိုရင် ဆယ်စုနှစ်တစ်ခုအတွင်း ရိုဟင်ဂျာလှေစီးပြေးဒုက္ခသည်တွေ ပင်လယ်ထဲ အသေ အပျောက်အများဆုံးနှစ်တစ်နှစ်ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။ ရခိုင်ပြည်နယ်ထဲကနေ အိမ်နီး ချင်းနိုင်ငံတွေရောက်နေတဲ့ ရိုဟင်ဂျာတွေဟာ ပင်လယ်ပြင်ငြိမ်သက်တဲ့ နိုဝင်ဘာလနဲ့ ဧပြီလအတွင်း လှေစီးပြေး ထွက်ခွာလေ့ရှိကြပါတယ်။ အထူးသဖြင့် မွတ်ဆလင်အများစုရှိတဲ့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ဦးတည် ထွက်ခွာကြတာပါ။ မြန်မာနိုင်ငံ အနောက်ခြမ်း ရခိုင်ပြည်နယ်အတွင်း ၂၀၁၇ လူမျိုးရေးအဓိကရုဏ်းတွေဖြစ်ပြီး တဲ့နောက်၊ သိန်းဂဏန်းရှိတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံထဲ ထွက်ပြေးခဲ့ကြပါ တယ်။ အခုအချိန်အထိ နေရပ်မပြန်နိုင်ကြသလို လူပြည့်သိပ်နေတဲ့ ဒုက္ခသည်စခန်းတွေထဲမှာ ချို့ချို့တဲ့တဲ့နေ ထိုင် နေကြရတာပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */