" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label သေဆုံး. Show all posts
Showing posts with label သေဆုံး. Show all posts

Sunday, November 19, 2023

ဘူးသီးတောင်က စစ်စခန်း ၂ ခုကို အေအေတိုက်ခိုက်၊ ရေတာရှည်တိုက်ပွဲတွင် စစ်သား ၄၀ ကျော်သေ

DVB
November 19, 2023 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ထဲက စစ်စခန်း ၂ ခုကို ရက္ခိုင်တပ်တော် အေအေက ဒီနေ့ တိုက် ခိုက်နေပြီး ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာလည်း စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရလို့ ဗိုလ်ကြီး ၁ ယောက် အပါအဝင် အယောက် ၄၀ ကျော် သေဆုံးခဲ့ပါတယ်။

Saturday, November 18, 2023

မင်းပြားမြို့တွင် စစ်ကောင်စီပစ်ခတ်မှုကြောင့် သေဆုံး၊ ဒဏ် ရာရသူ ၆ ဦးထက်မနည်းရှိ

DMG News
18 Nov 2023

မင်းပြားမြို့တွင် လူဦးရေတစ်သိန်းခွဲကျော် နေထိုင်လျှက်ရှိပြီး စစ်ကောင်စီက လက်နက်ကြီး၊ လက် နက် ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေမှုကြောင့် ထက်ဝက်နီးပါးမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိ သည်။

နိုဝင်ဘာလ ၁၇ ရက်နေ့က စစ်ကောင်စီ ပစ်ခတ်မှုကြောင့် ပျက်စီးသွားသည့် မင်းပြားမြို့မှ နေအိမ်အချို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ပေးပို့)

ရခိုင်ပြည်၊ မင်းပြားမြို့တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ မှု ကြောင့် ဒေသခံတစ်ဦးသေဆုံးသွားပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးထက်မနည်းရှိကြောင်း DMG က လတ်တလော စုံစမ်းသိရှိရသည်။

တောင်ငူမှာ တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးကြောင့် ကိုယ်ဝန်သည်အပါအဝင် သုံးဦးသေဆုံး

RFA
RFA Burmese
2023.11.18
 

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ တောင်ငူလေတပ်စခန်းဌာနချုပ်အား တွေ့ရစဉ်။Citizen Journalist 
 

ပဲခူးတိုင်း၊ တောင်ငူမြို့နဲ့ လေးမိုင်အကွာက စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း (ခလရ - ၃၉) ကို နိုဝင်ဘာ ၁၇ ရက် ညနေပိုင်း တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ခိုက်ရာကတိုက်ပွဲပြင်းထန်ခဲ့ပြီးတိုက်ပွဲအတွင်းလက် နက်ကြီးကြောင့် ညောင်ပင်လှက ကိုယ်ဝန်သည်အပါအဝင် သုံးဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရပ်သားသေဆုံးမှုအတွက် လက်တုံ့ပြန်မယ်လို့ အေအေ ပြော

BBC
၁၇ နိုဝင်ဘာ ၂၀၂၃

အရပ်သားသေဆုံးမှုအတွက် လက်တုံ့ပြန်တိုက်ခိုက်မယ်လို့ အေအေ ပြော

ပေါက်တောမြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာပြီး အရပ်သားသတ်ဖြတ်မှုဟာ စစ် ရာဇဝတ်မှုကျူးလွန်တာလို့ အေအေ က နိုဝင်ဘာ ၁၆ ရက် ညတွင်းချင်းမှာပဲ သတင်းထုတ်ပြန် လာ ပါတယ်။

ပေါက်တောမြို့မှာစစ်ရှောင်ပြည်သူတွေ ပစ်ခတ်ခံရလို့ သေ ဆုံး

BBC
၁၇ နိုဝင်ဘာ ၂၀၂၃

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ပေါက်တောမြို့မရဲစခန်းကိုနိုဝင်ဘာ၁၆ရက်မနက်အစောပိုင်းမှာရက္ခိုင့် တပ်တော် အေအေ က တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း စစ်ကောင်စီက အင်အားပြန်လည် ဖြည့် တင်းခဲ့သလို ပေါက်တောမြို့ပေါ်ကို လေကြောင်းရော ရေကြောင်းကနေပါ ပစ်ခတ်တိုက်ခိုက်ခဲ့ပါ တယ်။

Wednesday, November 15, 2023

စစ်တွေနှင့် ဘူးသီးတောင်ဒေသခံများကို စစ်တပ်က ဖမ်းဆီး၊ မင်းပြားတွင် လက်နက်ကြီးကြောင့် ၂ ဦးသေဆုံး၊ ၈ ဦးဒဏ် ရာရ

DVB
November 15, 2023


ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ စစ်ကောင်စီက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီကနေ စစ်အင်အား တောင်းခံတာတွေရှိလာပြီး ရပ်ကွက်တချို့မှာ အကြောင်းမဲ့ နေအိမ်ပေါ်အထိ တက်ကာ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Tuesday, November 14, 2023

ဘူးသီးတောင်တွင်စစ်ကောင်စီ တပ်ကြပ်ကြီးတစ်ဦး ချွန်ထက် သည့်အရာတစ်ခုဖြင့်အထိုးခံရပြီးသေဆုံး

Narinjara
ရက်စွဲ: ၁၄ နိုဝင်ဘာ ၂၀၂၃ 


ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ခမရ ၅၅၂ မှ တပ်ကြပ်ကြီးတစ်ဦးသည် ချွန်ထက်သည့် အရာတစ်ခုဖြင့် အထိုးခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ 
 
ဘူးသီးတောင်မြို့၊ ကုလားပန်းဇင်ချောင်းတံတားအောက်တွင် ယနေ့ နိုဝင်ဘာ ၁၄ ရက်၊ ညနေ ၄ နာရီခန့်က သေဆုံးနေသည်ဟု ဘူးသီးတောင်မြို့ခံတစ်ဦးက နိရဉ္စရာကိုပြောသည်။

Monday, November 13, 2023

မင်းပြားမှာ လက်နက်ကြီးကြောင့် ဒေသခံတစ်ဦး သေဆုံး

RFA
RFA Burmese
2023.11.13

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တစ်နေရာကို တွေ့ရစဉ်။ Mapio.net

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ဖားပြို (ချင်း) အုပ်စု ဖေသာပြင်ရွာမှာ နိုဝင်ဘာ ၁၃ ရက် ဒီနေ့မနက် ပိုင်း က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် စပါးရိတ်သိမ်းနေတဲ့ ဒေသခံ ချင်း လူမျိုး တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Friday, November 3, 2023

အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း ဟားမတ်စ်တပ်မှူး ၁ ဦး သေဆုံး

DVB
November 3, 2023

အစ္စရေးစစ်တပ်က ဟားမတ်စ်တပ်မှူးတဦးဖြစ်တဲ့ မူစတာဖာ ဒါလူကို လေကြောင်းတိုက်ခိုက်မှုအတွင်း ရှင်းလင်း နိုင်ခဲ့တယ်လို့ နိုဝင်ဘာ ၃ ရက်မှာ အတည်ပြုပါတယ်။ 

အခင်းဖြစ်ပွားရာ ဘိတ် ဟန်နွန် နယ်မြေအတွင်း ရှာဖွေရေးပြုလုပ်ခဲ့ရာမှာ AK-47 ရိုင်ဖယ်သေနတ်တွေ၊ စက်သေ နတ်တွေ၊ ဆက်သွယ်ရေးပစ္စည်းတွေနဲ့ မြေပုံတွေကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ 

Thursday, September 21, 2023

ရိုဟင်ဂျာဒုက္ခသည် ၁၁ ဦး သွေးလွန်တုပ်ကွေးနဲ့ သေဆုံး

RFA
RFA Burmese
2023.09.20

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က တွေ့ရစဉ်။AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက ၁၁ ဦး သွေးလွန်တုပ်ကွေးရောဂါပိုး ကူးစက်ခံရပြီး သေဆုံးခဲ့တယ်လို့ စက်တင်ဘာ ၂၀ ရက်နေ့မှာ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ထုတ်ပြန်ပါတယ်။

Wednesday, August 9, 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် မြေပြိုပြီး သားအမိ ၂ ဦး သေဆုံး

DVB
August 8, 2023 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာဒုက္ခသည်စခန်းတခုမှာ ဩဂုတ် ၇ ရက်က မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ပြို ကျတာကြောင့် သားအမိ နှစ်ယောက် သေဆုံးသွားတယ်လို့ စခန်းတာဝန်ခံက ပြောပါတယ်။  

သေဆုံးသွားတဲ့ အမျိုးသမီး နှစ်ယောက်ဟာ  ဘာလိုကာလိဒုက္ခသည်စခန်းအမှတ် (၉)၊ အကွက် အမှတ် ( A+6) မှာ နေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဖြစ်ကြပြီး မနေ့ညနေက သူတို့ရဲ့ နေအိမ်အနားမှာ မြေပြိုကျလို့ အိမ်ပေါ် ကို  မြေပိပြီး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

Tuesday, May 30, 2023

မုန်တိုင်းဒဏ်ကြောင့် စစ်တွေမြို့နယ်ရှိ ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာ ၄၀၀ ကျော် သေဆုံးဟု ကူညီ​ပေး​နေသူ​ပြော

လူထုနွေဦး
မေ 16, 2023

အာဏာသိမ်းစစ်​ခေါင်း​ဆောင်က ​မေ ၁၅ ရက်တွင် စစ်​တွေမြို့သို့သွားပြီး မိုခါဆိူင်ကလုန်းမုန်တိုင်းတွင်စစ်ကောင်စီ က ထိခိုက်​သေဆုံးပျက်စီးမှုနည်းပါး​အောင်လုပ်နိုင်ခဲ့​ကြောင်း​ပြောခဲ့သည်။ မုန်တိုင်း​ကြောင့် ၃ ဦး​သေပြီး ၁၃ဦးဒဏ် ရာရခဲ့သည်ဟုထုတ်ပြန်ထားသည်။ 

(​မုန်တိုင်း​ကြောင့်သေဆုံးခဲ့​သူများရုပ်အ​လောင်းများကို သဂြိုဟ်ရန် သယ်ယူ​နေကြစဥ်။ဓါတ်ပုံ-Getty images)
 

ရခိုင်ပြည်နယ်သို့ မိုခါမုန်တိုင်းဝင်ရောက်ခဲ့ရာတွင် စစ်တွေမြို့နယ်အတွင်းရှိ ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာမွတ် ဆလင် ၄၀၀ ကျော် ရေနစ်သေဆုံးခဲ့ကြောင့် အဆိုပါစခန်းများသို့ကူညီရန်ရောက်ရှိနေသူတစ်ဦးက People’s Spring သတင်းဌာနသို့ အတည်ပြုပြောသည်။

မုန်တိုင်းဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့သူများတွင် ပင်လာ်ကမ်းရိုးတန်းအနီးကျေးရွာများဖြစ်သော စံပြမှ ၅၀ ဦးခန့်၊ ဒါးပိုင်မှ ၂၀၀ နီးပါး၊ ဗေဒမှ ၁၁၀ ခန့်၊ဘောဒူဖ (အောင်ပင်လယ်) ၅၀ ကျော်နှင့် အခြားနေ ရာများမှ ၅၀ နီးပါး အ သီးသီးရှိနေ​သည်ဟု ၎င်းကရှင်ပြသည်။

Monday, May 22, 2023

မုန်တိုင်းကြိုတင်သတိပေးမှုနဲ့ အသိပညာ အားနည်းမှုကြောင့် ရိုဟင်ဂျာသေဆုံးမှုများခဲ့

RFA
RFA Burmese
2023.05.22
မိုခါမုန်တိုင်းကြောင့် စစ်တွေမြို့ ရိုဟင်ဂျာတွေနေထိုင်သည့် ဗေဒါရွာမှ အပျက်အဆီးများကို ၂၀၂၃ ခုနှစ် မေလ ၁၆ ရက်နေ့က တွေ့ရစဉ်။
RFA
မုန်တိုင်းမဝင်ခင် ရက်ပိုင်းအလိုမှာ စစ်ကောင်စီတာဝန်ရှိသူတွေက ပင်လယ်ပြင်အနီးနေထိုင်တဲ့ ရိုဟင်ဂျာ ဒုက္ ခသည်တွေကို ပြောင်းရွှေ့ဖို့ အသိပေးခဲ့ပေမယ့် စနစ်တကျ သတိပေးမှုနဲ့ ကြိုတင်ပြင်ဆင်မှု အားနည်းပြီး နှစ်ပေါင်းများစွာ ပညာသင်ခွင့်မရတဲ့ ရိုဟင်ဂျာတွေကိုယ်တိုင် အသိပညာအားနည်းမှုတွေကြောင့် အခုလို သေဆုံး ထိခိုက်များခဲ့တာလို့ ဒုက္ခသည်တွေနဲ့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

Saturday, May 20, 2023

ကြိုတင်ရွှေ့ပြောင်းပေးမှုကိုမလိုက်နာလို့ ရိုဟင်ဂျာတရာ ကျော်သေဆုံးခဲ့တယ်လို့စစ်ကောင်စီပြော

Delta News
May 19, 2023 


မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာ လေးရာဝန်းကျင်သေဆုံးခဲ့တယ်လို့ ရိုဟင် ဂျာအရေးလှုပ်ရှားသူတွေက ပြောထားပေမယ့် စစ်ကောင်စီကတော့ အဲ့ဒီအချက် အလက်ကမှားယွင်းတယ်လို့ ဒီက နေ့တုံ့ ပြန်လိုက်ပါတယ်။

သူတို့ကောက်ယူထားတဲ့စာရင်းတွေအရ မုန်တိုင်းကြောင့် ရိုဟင်ဂျာ တရာကျော်သေဆုံးခဲ့ပြီး အဲ့ဒီလိုသေဆုံးခဲ့ကြ တာဟာဒေသအာဏာပိုင်တွေရဲ့ကြိုတင်ရွှေ့ပြောင်းရေးအစီအစဉ်တွေကိုမလိုက်နာတာကြောင့်ဖြစ်တယ်လို့လည်း စစ်ကောင်စီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
                                                                     

မုန်တိုင်းကြောင့် ဘာဆာရာရိုဟင်ဂျာရွာသား ၁၅ ဦးသေဆုံး ပြီး ရွာလုံးကျွတ်ပျက်စီး

RFA
RFA Burmese
2023.05.19
မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘာဆာရာ ရိုဟင်ဂျာရွာမှ ပျက်စီးသွားသည့်နေအိမ်များကို ၂၀၂၃ ခုနှစ်၊ မေလ ၁၈ ရက်နေ့က တွေ့ရစဉ်။ Photo: RFA

အားပြင်း မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပင်လယ်ကမ်းစပ်အနီးက ဘာဆာရာ ရိုဟင်ဂျာရွာမှာ ၁၅ ဦး သေဆုံးပြီး ရွာလုံးကျွတ် ထိခိုက်ပျက်စီးသွားပါတယ်။

သေဆုံးသူ ၁၅ ယောက်လုံးဟာ အတူနေကြတဲ့မိသားစုနှစ်စုက ဆွေမျိုးသားချင်း အရင်းအချာတွေလို့ ကျန်ရစ် သူ တွေက ပြောပါတယ်။ သူတို့ဟာ မုန်တိုင်းလာမယ်ဆိုတာ သိခဲ့ပေမယ့် ဘေးလွတ်ရာ မရှောင်ဖြစ်ခဲ့ကြဘူးလို့ သိရ ပါတယ်။

မိုခါမုန်တိုင်းကြောင့် ရိုဟင်ဂျာ အပါအ၀င် လူ ဦးရေ ၁၄၅ ဦးသေဆုံးဟု စစ်ကောင်စီထုတ်ပြန်

မဇ္စျိမ
19 May 2023

ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ရိုဟင်ဂျာများအပါအ၀င် လူဦး‌ရေ ၁၄၅ ဦးသေဆုံးကြောင်း စစ်ကောင်စီက ယနေ့ မေလ ၁၉ ရက်တွင် ထုတ်ပြန်သည်။

မေလ ၁၈ ရက်နေ့ ညပိုင်းအထိ စာရင်းအရ မိုခါမုန်တိုင်းကြောင့် ၁၄၅ ဦး သေဆုံးခဲ့ပြီး ထိုအထဲတွင် ပြည်သူ ၂၄ ဦး၊ စစ်ကောင်စီတပ်သား လေးဦးနှင့် ရိုဟင်ဂျာ ၁၁၇ ဦးပါ၀င်ကြောင်း ဖော်ပြထားသည်။

Wednesday, May 17, 2023

မိုခါ မုန်တိုင်းကြောင့် သေဆုံးသူ ၄၀ ဦး ထိ အတည်ပြုထားနိုင်

BBC
ဘီဘီစီမြန်မာပိုင်း
၁၆ မေ ၂၀၂၃

မေလ ၁၄ ရက်နေ့က မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခိုက်တဲ့ မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် သေဆုံးသူအရေ အတွက်ဟာ အနည်းဆုံး ၄၀ ဦးထိရှိလာပြီလို့ ဘီဘီစီ က သီးခြားအတည်ပြုထားနိုင်ပါတယ်။

ဘီဘီစီက စုံစမ်းပြီး အတည်ပြုထားနိုင်တဲ့ စာရင်းအရ မေလ ၁၄ ရက် မနေ့က ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အားပြင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ အရေအတွက် ဒီကနေ့မှာ ဆက်သွယ်အတည် ပြုချက်တွေ အရ ထပ်တိုးလာခဲ့တာဖြစ်ပါတယ်။

Friday, January 20, 2023

ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ရိုဟင်ဂျာတိုက်ခိုက်ရေး သမား များကြား တိုက်ပွဲဖြစ်၍ လူ ၁ ဦး သေဆုံး

မဇ္စျိမ
AFP
20 January 2023

မြန်မာနှင့်နယ်စပ် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရိုဟင်ဂျာတိုက်ခိုက်ရေးအုပ်စုများကြား တိုက်ပွဲဖြစ်၍ လူတစ်ဦး သေ ဆုံးပြီး ဒုက္ခသည် ယာယီတဲ ရာပေါင်းများစွာ ပြိုပျက်ကြောင်း ရဲနှင့် မျက်မြင်များက ကြာသပတေးနေ့တွင် ပြောကြသည်။

ရိုဟင်ဂျာနှစ်ဖွဲ့တိုက်ပွဲကြောင့် ဒုက္ခသည် စခန်းမီးရှို့ခံရပြီး အနည်းဆုံး ၁၀ ဦးသေဆုံးတယ်လို့ဆို

B B C

ဘီဘီစီမြန်မာပိုင်း

၁၉ ဇန်နဝါရီ ၂၀၂၃

ဒုက္ခသည်စခန်းက နေအိမ် ၅၀၀ လောက် မီးထဲပါသွား

ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေအကြား မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းမီးရှို့ခံလိုက်ရတာကြောင့် အဲဒီမှာနေတဲ့ ရိုဟင်ဂျာ ၃၅၀၀ လောက်ဟာ မြန်မာဘက်မှာ ဝင်ရောက်ခိုလှုံလာကြပါတယ်။

လူပေါင်း ၅၀၀၀ နီးပါးခိုလှုံနေကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှာရှိတဲ့ တောင်ပြိုလက်ယာစခန်းမှာ ဇန်နဝါရီ ၁၈ ရက် မနေ့က မနက်ပိုင်းက စပြီး ရိုဟင်ဂျာအဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ (Arakan Rohingya Salvation Army)နဲ့ RSO (Rohingya Solidarity Organisation) တို့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ခဲ့ကြပြီး မနေ့ကညနေပိုင်းမှာ ဒုက္ခ သည်စခန်း မီးရှို့ခံလိုက်ရတာပါ။

မီးလောင်မှုအတွင်း လူသေဆုံးတာတွေလည်းရှိတယ်လို့ ထွက်ပြေးလာသူတွေပြော

B B C

ဘီဘီစီမြန်မာပိုင်း
၁၉ ဇန်နဝါရီ ၂၀၂၃

ရိုဟင်ဂျာအဖွဲ့ နှစ်ဖွဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း မြန်မာ ဘင်္ဂလားဒေ့ရှ်နယ်စပ်က ဒုက္ခသည်စခန်းမီးရှို့ခံလိုက်ရတာကြောင့် အဲဒီမှာနေတဲ့ ရိုဟင်ဂျာ ၃၅၀၀ လောက်ဟာ မြန်မာဘက်မှာ ဝင်ရောက်ခိုလှုံနေကြပါတယ်။
မီးလောင်မှုအတွင်း လူသေဆုံးတာတွေလည်းရှိခဲ့တယ်လို့ ထွက်ပြေးလာသူတွေကပြောပါတယ်။

မြန်မာအာဏာပိုင်တွေဘက်ကရောဘာတွေ ဆောင်ရွက်နေပါသလဲ။

ကိုကျော်ဇေယျ ပြောပြပါမယ်။

Link : Here
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */