B B C
ဘီဘီစီမြန်မာပိုင်း
၁၉ ဇန်နဝါရီ ၂၀၂၃
ဒုက္ခသည်စခန်းက နေအိမ် ၅၀၀ လောက် မီးထဲပါသွား
လူပေါင်း ၅၀၀၀ နီးပါးခိုလှုံနေကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှာရှိတဲ့ တောင်ပြိုလက်ယာစခန်းမှာ ဇန်နဝါရီ ၁၈ ရက် မနေ့က မနက်ပိုင်းက စပြီး ရိုဟင်ဂျာအဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ (Arakan Rohingya Salvation Army)နဲ့ RSO (Rohingya Solidarity Organisation) တို့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ခဲ့ကြပြီး မနေ့ကညနေပိုင်းမှာ ဒုက္ခ သည်စခန်း မီးရှို့ခံလိုက်ရတာပါ။
အဲဒီက ဒုက္ခသည်အများစုဟာ မြန်မာဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်လာကြပြီး တချို့တဝက်ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုလည်း ထွက်ပြေးသွားခဲ့ကြတယ်လို့ ပြောကြပါတယ်။
ဒုက္ခသည်စခန်းကို မောင်တောဘက်က လှမ်းမြင်ရတဲ့မြင်ကွင်း(ပုံဟောင်း)
မြန်မာဘက်ကို ဝင်ရောက်လာခဲ့ကြတဲ့ မွတ်ဆလင်ဒုက္ခသည် ၃၅၀၀ လောက်ဟာ တောင်ပြိုလက်ယာကျေးရွာအနီးက နယ်စပ်ခြံစည်းရိုးအနီးမှာ နေထိုင်နေကြရပြီး မြန်မာအာဏာပိုင်တွေကတော့ သူတို့ကို အဲ့ဒီနေရာမှာ ယာယီလက်ခံထားတယ်လို့ ထွက်ပြေးလာသူတွေဆီက သိရပါတယ်။
မြန်မာဘက်ကို ဝင်ရောက်လာတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ဒုက္ခသည်တစ်ဦးဖြစ်တဲ့ ဦးနော်ယုန် က အခုလို ပြောပါတယ်။
သူတို့တွေ မနေ့က ဝင်ရောက်လာကြတာ ဖြစ်ပြီး မြန်မာဘက်နဲ့ နီးသူတွေက မြန်မာဘက်ကိုလာပြီး ဘင်္ဂလားဒေ့ရှ်နဲ့ နီးသူတွေက ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြေးသွားကြတယ်လို့ ဆိုပါတယ်။
မနေ့က မီးလောင်မှုဟာ ပြင်းပြင်းထန်ထန် လောင်ကျွမ်းခဲ့ပြီး မြန်မာဘက်ကိုလည်း ကူးစက်မှုရှိခဲ့
ထွက်ပြေးလာကြသူတွေကို မြန်မာနယ်ခြားစောင့်ရဲ့တပ်ဖွဲ့ကနေ စားစရာနဲ့ရိက္ခာတချို့ လာရောက်ပေးဝေခဲ့တာရှိပြီး ထမင်းတော့ မစားရကြဘူးလို့ ဆိုပါတယ်။
သူတို့နေအိမ်တွေ မီးရှို့ခံလိုက်ရတာကြောင့် ရိက္ခာတွေလည်း မပါလာတဲ့အတွက် မကြာခင်ရက်ပိုင်းအတွင်း ပြင်သွားလာခွင့်မရရင် စားနပ်ရိက္ခာပြတ်တောက်တော့မှာ ဖြစ်တယ်လို့ ထွက်ပြေးလာသူတွေက ပြောပါတယ်။
Link : Here
.png)
.png)
.png)
No comments:
Post a Comment