" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, November 14, 2023

ဘူးသီးတောင်တွင်စစ်ကောင်စီ တပ်ကြပ်ကြီးတစ်ဦး ချွန်ထက် သည့်အရာတစ်ခုဖြင့်အထိုးခံရပြီးသေဆုံး

Narinjara
ရက်စွဲ: ၁၄ နိုဝင်ဘာ ၂၀၂၃ 


ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ခမရ ၅၅၂ မှ တပ်ကြပ်ကြီးတစ်ဦးသည် ချွန်ထက်သည့် အရာတစ်ခုဖြင့် အထိုးခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ 
 
ဘူးသီးတောင်မြို့၊ ကုလားပန်းဇင်ချောင်းတံတားအောက်တွင် ယနေ့ နိုဝင်ဘာ ၁၄ ရက်၊ ညနေ ၄ နာရီခန့်က သေဆုံးနေသည်ဟု ဘူးသီးတောင်မြို့ခံတစ်ဦးက နိရဉ္စရာကိုပြောသည်။
"တံတားအောက်မှာ စူးနဲ့ ထိုးသတ်ခဲ့တာ။ သူက တပ်ကြပ်ကြီး။ ၁၄ ချက်ထိုးခဲ့တယ်တဲ့" ဟုပြောသည်။

မည်သူတို့က ယခုကဲ့သို့ ထိုးသတ်ခဲ့ကြောင်းမသိရှိသေးရသေးဟု ဘူးသီးတောင် ဒေသခံတစ်ဦးက ပြောသည်။

"တစ်ယောက်မှ မမြင်လိုက်တော့ ဘယ်သူထိုးသတ်သွားမှန်းမသိဘူးပေါ့နော်။ သေဆုံးပြီးမှ တွေ့တာပါ" ဟုပြော သည်။ 

အဆိုပါတပ်ကြပ်ကြီးတွင် ထိုးသွင်းဒဏ်ရာ ၁၄ နှင့်အတူ နို့အုံကြား ရင်ညွန့်တွင်လည်း ဒဏ်ရာများဖြင့် သေဆုံး နေသည်ဟု တွေ့ရှိခဲ့ရကြောင်း ဒေသခံများကပြောသည်။

လက်ရှိတွင် သေဆုံးသူ၏ရုပ်အလောင်းကို ၎င်းတို့၏ တပ်ဆေးရုံသို့ ယူဆောင်

အလားတူ ၎င်းဘူးသီးတောင်မြို့နယ်အထဲက ညောင်ချောင်းစျေးထဲတွင် စျေးဝယ်နေသည့် နယ်ခြားစောင့်ရဲ တပ် ကြပ်ကြီးမှာ ဒေသအခေါ် ဓားထိုး (ခ) တင်မြထွန်းသည် နိုဝင်ဘာ ၁၃ ရက်က သေနတ်ဖြင့် အနီးကပ်ပစ်ခတ် ခံ ရပြီး သေဆုံးသွားခဲ့သည်။ (NN-11)

သွားကြောင်း သိရသည်။ ခမရ (၅၅၂)သည် ဘူးသီးတောင်အခြေစိုက်စစ်ကောင်စီ လက်အောက်ခံ တပ်တစ်ခုဖြစ် သည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */