" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, May 20, 2023

မိုခါမုန်တိုင်းကြောင့် ရိုဟင်ဂျာ အပါအ၀င် လူ ဦးရေ ၁၄၅ ဦးသေဆုံးဟု စစ်ကောင်စီထုတ်ပြန်

မဇ္စျိမ
19 May 2023

ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ရိုဟင်ဂျာများအပါအ၀င် လူဦး‌ရေ ၁၄၅ ဦးသေဆုံးကြောင်း စစ်ကောင်စီက ယနေ့ မေလ ၁၉ ရက်တွင် ထုတ်ပြန်သည်။

မေလ ၁၈ ရက်နေ့ ညပိုင်းအထိ စာရင်းအရ မိုခါမုန်တိုင်းကြောင့် ၁၄၅ ဦး သေဆုံးခဲ့ပြီး ထိုအထဲတွင် ပြည်သူ ၂၄ ဦး၊ စစ်ကောင်စီတပ်သား လေးဦးနှင့် ရိုဟင်ဂျာ ၁၁၇ ဦးပါ၀င်ကြောင်း ဖော်ပြထားသည်။

ယခု သေဆုံးသူများမှာ တာ၀န်ရှိသူများက ပြောင်းရွှေ့ပေးမှုအပေါ် လိုက်ပါခြင်းမရှိဘဲ မိမိအစီအစဉ်ဖြင့် နေအိမ် များတွင် ကျန်ရှိခဲ့သူများသာဖြစ်သည်ဟုလည်း စစ်ကောင်စီက ပြောဆိုထားသည်။

ရိုဟင်ဂျာရာချီသေဆုံးမှုနှင့် ပတ်သက်ပြီး မြေပြင်တွင် စာရင်းကောက်ယူနေသူ တစ်ဦးက “စစ်ကောင်စီကလည်း ကိုင်တွယ်ပုံအားနည်းတယ်။ လူတစ်ချို့ကလည်း စစ်ကောင်စီကပြော၊ ပညာရှင်တွေက ပြောတဲ့ဟာကို မယုံကြဘူး။ ပေါ့ဆကြတယ်။ စစ်ကောင်စီက တချို့နေရာတွေမှာ ကွင်းဆင်းပြီးတော့ လူတွေကိုပြောတာရှိတယ်။ ဒါပေမဲ့ အဲ့ဒီ လိုလူအများကြီးကို ဒီစစ်သားတွေ IDP စခန်းမှာ လူတစ်သိန်းခွဲနီးပါးပြောင်းရွှေ့ပေးပြီးထားဖို့ နေရာလည်း စစ်တွေ မှာ မရှိဘူး”ဟု ဆိုသည်။

မုန်တိုင်းကြောင့် လူသေဆုံးမှုများနှင့် ပတ်သက်ပြီး လက်ရှိတွင် စာရင်းဆက်လက်ကောက်ယူ ပြုစုနေဆဲဖြစ်ပြီး စာရင်းကောက်ယူမှုပြီးမှသာ အသေအပျောက်အတိအကျကို ပြောနိုင်မည်ဖြစ်ကြောင်း မြေပြင်တွင် စာရင်း ကောက် ယူနေသူများက ပြောသည်။

"ဒီအချိန်မှာကျတော့ လူတွေ ဘယ်လို ဘယ်နေရာမှာ သွားပေါ်နေလဲဆိုတာလည်း မသိဘူး။ ဘာလို့လဲဆိုတော့ အ ကုန် အမိုးတွေ မရှိတော့ဘူး။ ဒီဖက်မှာဆိုရင်ပိုဆိုးတယ်။ အိမ်နေရမယ့်ထိုင်ရမယ့် နေရာတောင်မရှိဆိုတော့မိသား စုတစ်စုနဲ့ တစ်စု ပြန်ပြီးတော့ စုဖို့အတွက်လည်း မလွယ်ပါဘူး။ အဲ့ဒီလို စုပြီးတဲ့နောက်ပိုင်းမှပဲ အသေအပျောက် ဘယ်လောက်ရှိမလဲဆိုတာကို စာရင်းထဲ သွင်းနိုင်ပါမယ်။ ကြားထဲ ဒီကိစ္စလုပ်ဖို့ အချိန်လည်း လိုအပ်ပါမယ်"ဟု မြေပြင်တွင် ကူညီကယ်ဆယ်ရေးနှင့် ကွင်းဆင်းမှတ်တမ်းပြုစုနေသူ ဦးသိန်းရွှေက ပြောသည်။

တစ်ဖက်တွင်လည်း လူမှုကွန်ရက်များတွင် ဖော်ပြနေသည့် ရိုဟင်ဂျာ ၄၀၀ ကျော်သေဆုံးခြင်းမှာ မမှန်ဘဲ ထိုသို့ ထုတ်လွှင့်နေသည့် မီဒီယာအချို့ကို စစ်ကောင်စီ၏ တည်ဆဲဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း စစ် ကောင်စီက ယနေ့ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

လက်ရှိတွင် မိုခါမုန်တိုင်း ပြီးဆုံးပြီးနောက် နိုင်ငံ၏ အနောက်မြောက်ဖက်ပိုင်းတွင် လူဦးရေ ၁၅၀,၀၀၀ နီးပါး မုန် တိုင်းဒဏ်ဆိုးဆိုးရွားရွား ရင်ဆိုင်ခဲ့ရသည်ဟု ခန့်မှန်းရကြောင်း UN OCHA Myanmarက မေလ ၁၈ ရက်နေ့က ထုတ်ပြန်ထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */