" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, September 21, 2023

ရိုဟင်ဂျာဒုက္ခသည် ၁၁ ဦး သွေးလွန်တုပ်ကွေးနဲ့ သေဆုံး

RFA
RFA Burmese
2023.09.20

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က တွေ့ရစဉ်။AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက ၁၁ ဦး သွေးလွန်တုပ်ကွေးရောဂါပိုး ကူးစက်ခံရပြီး သေဆုံးခဲ့တယ်လို့ စက်တင်ဘာ ၂၀ ရက်နေ့မှာ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ထုတ်ပြန်ပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေထဲမှာ သွေးလွန်တုပ်ကွေးရောဂါပိုး ကူးစက်ခံရသူ တစ်သောင်းတစ်ထောင် ကျော် (၁၁၁၁၆ ဦး) ရှိပြီး နှစ်ရာသုံးဆယ့်ခုနစ်ဦးကိုတော့ ကော့ဘဇားဆေးရုံကို တင်ပို့ကုသခဲ့ရတယ် လို့ ဆိုပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့အထိ သွေးလွန်တုပ်ကွေး ကူးစက်ခံရသူတွေထဲက ၁၁ ဦး သေဆုံးခဲ့တာပါ။

ကူးစက်ခံရသူအရေအတွက်ဟာ ဘင်္ဂလားဒေ့ရှ် အစိုးရဆေးရုံတွေမှာ တက်ရောက်ကုသမှု ခံယူရသူ တွေရဲ့ စာရင်းဖြစ်ပြီး လက်တွေ့မှာ ဒီထက်ပိုများနိုင်တယ်လို့ UNICEF က ဆိုပါတယ်။

ရိုဟင်ဂျာတွေအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တစ်ထောင့်ရှစ်ရာကျော်လည်း သွေးလွန်တုပ်ကွေးကူး စက် ခံရပြီး အဲဒီထဲက ရှစ်ရာကျော်ဟာလည်း ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ရတယ်လို့ ဆိုပါတယ်။

ကော့ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်း ၁၇ ခုမှာ သွေးလွန်တုပ်ကွေး မပြန့်ပွားအောင် အသိပညာပေး အစီအစဉ်တွေ ဆောင်ရွက်နေတယ်လို့လည်း UNICEF က ပြောပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */