" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, November 18, 2023

ပေါက်တောမြို့မှာစစ်ရှောင်ပြည်သူတွေ ပစ်ခတ်ခံရလို့ သေ ဆုံး

BBC
၁၇ နိုဝင်ဘာ ၂၀၂၃

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ပေါက်တောမြို့မရဲစခန်းကိုနိုဝင်ဘာ၁၆ရက်မနက်အစောပိုင်းမှာရက္ခိုင့် တပ်တော် အေအေ က တိုက်ခိုက်သိမ်းပိုက်ပြီးနောက်ပိုင်း စစ်ကောင်စီက အင်အားပြန်လည် ဖြည့် တင်းခဲ့သလို ပေါက်တောမြို့ပေါ်ကို လေကြောင်းရော ရေကြောင်းကနေပါ ပစ်ခတ်တိုက်ခိုက်ခဲ့ပါ တယ်။

အေအေ ရဲ့ ထုတ်ပြန်ချက်အရ ရဲစခန်းကနေ စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်း၊ငွေကြေးအ ချို့ နဲ့ စစ်ဘက်ရဲဘက်ဆိုင်ရာ စာရွက်စာတမ်းတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။

ဒီလို အသိမ်းခံရပြီးနောက် ပေါက်တောမြို့ရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ လောကထိပ်ပန်ဘုရား တောင်ကုန်းပေါ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲခဲ့ကြပြီး စစ်ရှောင်ပြည်သူတွေကို ပစ်ခတ်ခဲ့တာ ကြောင့် လူဆယ်နဲ့ချီ သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောသလို ဒေသတွင်းမီဒီယာတွေမှာပါ ဖော်ပြ ထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်မစွဲခင်က ဘုရားကုန်းပေါ်က ဓမ္မာရုံ၊ ဘုန်းကြီးကျောင်းတွေမှာစစ်ရှောင် ပြည်သူတွေ ခိုလှုံနေခဲ့တာလို့ နီးစပ်သူတွေဆီက သိရပါတယ်။

“ဓမ္မာရုံထဲမှာ မိသားစုလိုက်ခိုကြတာပေါ့လေ။ ဦးဇင်းတို့ကျောင်းကလည်း ဘုရားကုန်းနဲ့နီးတယ်။ဦးဇင်း တို့ကတော့ ဗုံးခိုကျင်းထဲ ခိုကြတယ်” လို့ နိုဝင်ဘာ ၁၆ ရက် ပေါက်တောမြို့စစ်ရှောင်အခြေအ နေ ကို ဆရာတော်တစ်ပါးက မိန့်ကြားပါတယ်။

စစ်ကောင်စီက ပေါက်တောမြို့ပေါ်ကို လေကြောင်းရော ရေကြောင်းကနေပါ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဒါပေမယ့် နိုဝင်ဘာ ၁၆ ရက်နေ့လယ်ပိုင်း စစ်ကောင်စီတပ်တွေ ဘုရားကုန်းပေါ်ရောက်လာချိန်မှာ တော့ ရှောင်တိမ်းနေတဲ့အရပ်သားတွေကို တွေ့ရှိခဲ့ပြီး ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ရတာလို့ ခြုံထဲ ပုန်းအောင်း နေခဲ့သူတစ်ဦးက သူ့ရဲ့ကိုယ်တိုင်မြင်တွေ့ချက်တွေကို ဘီဘီစီကို ပြောပြပါတယ်။

“မနေ့က နေ့လယ် ၂ နာရီလောက်မှာ လေယာဉ်နဲ့လည်းပစ်နေတယ်။ ရေတပ်လည်းမြစ်ထဲရောက်လာ ကြ ပြီး စစ်သားတွေနဲ့ရဲတွေ ကမ်းပေါ်တက်လာကြတယ်။ လောကထိပ်ပန်ဘုရားမှာ ပုန်းနေသူတွေကို တွေ့တော့ အမျိုးသမီးငယ်တွေအပါအဝင် တချို့ကိုပစ်သတ်လိုက်တယ်။ ဘုရားအောက်က တောစပ် တွေ မှာလည်း ပစ်သတ်ထားတဲ့သူတွေရှိကြပါတယ်”လို့ မျက်မြင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒီလောကထိပ်ပန်ဘုရားကုန်းမှာ စစ်တိမ်းရှောင်ဖို့ကျန်ရစ်ခဲ့သူတွေထဲ ကလေးသူငယ်တွေလည်းပါဝင် တယ်လို့ သိရပြီး ဒေသတွင်းမီဒီယာတစ်ခုဖြစ်တဲ့ Western News ရဲ့ ဖော်ပြချက်အရတော့ စစ်ရှောင် ပြည်သူ အယောက် ၂၀ အသတ်ခံလိုက်ရကြောင်း စုံစမ်းရရှိထားတယ်လို့ ပြောပါတယ်။

“ဦးဇင်းတို့လည်း အယောက် ၂၀ လောက်သေကြတယ်လို့ သတင်းကြားတယ်။ အလောင်းတော့ ကိုယ် တိုင် မတွေ့ခဲ့ရပါဘူး”

“ဒါပေမဲ့ စစ်ကောင်စီတပ်တွေရောက်လာတော့ အကုန်ထွက်ပြေးချိန် ဦးဇင်းရဲ့ မယ်တော်လည်း ပြေး တဲ့ထဲ ပါတာပေါ့လေ။ မယ်တော်က သီလရှင်ကြီးပါလို့ပြန်အော်တော့မှ သေနတ်ပစ်တာရပ်သွားတယ်၊ ဒါတောင် နှစ်ချက်ပစ်ပြီးပြီ မထိလို့ပေါ့" လို့ ဆရာတော်တစ်ပါးက ကိုယ်တွေ့ဖြစ်ရပ်ကို အခုလိုမိန့်ကြား ပါတယ်။

အခုလို လောကထိပ်ပန်ဘုရားကုန်းပေါ်က အရပ်သားသေဆုံးမှုအရေအတွက်အတိအကျကို ဘီဘီစီ အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */