" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, November 18, 2023

တောင်ငူမှာ တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးကြောင့် ကိုယ်ဝန်သည်အပါအဝင် သုံးဦးသေဆုံး

RFA
RFA Burmese
2023.11.18
 

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ တောင်ငူလေတပ်စခန်းဌာနချုပ်အား တွေ့ရစဉ်။Citizen Journalist 
 

ပဲခူးတိုင်း၊ တောင်ငူမြို့နဲ့ လေးမိုင်အကွာက စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း (ခလရ - ၃၉) ကို နိုဝင်ဘာ ၁၇ ရက် ညနေပိုင်း တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ခိုက်ရာကတိုက်ပွဲပြင်းထန်ခဲ့ပြီးတိုက်ပွဲအတွင်းလက် နက်ကြီးကြောင့် ညောင်ပင်လှက ကိုယ်ဝန်သည်အပါအဝင် သုံးဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခြေလျင်တပ်ရင်း (ခလရ - ၃၉) အနားမှာရှိတဲ့ ညောင်ပင်လှရွာထဲကို လက်နက်ကြီးကျည် ကျရောက် ပေါက် ကွဲခဲ့တာကြောင့် ကိုယ်ဝန်သည်တစ်ဦး၊ ကလေးတစ်ဦးနဲ့ ဒေသခံတစ်ဦး စုစုပေါင်း သုံးဦးသေ ဆုံးခဲ့တာလို့ တောင်ငူမြို့ခံတွေက ဆိုပါတယ်။

လက်ရှိ နေ့လယ်ပိုင်းအထိ တိုက်ပွဲဖြစ်နေတာကြောင့် သေဆုံးသူ အသက်၊ နာမည်တွေတော့မသိရ သေး သလို မြေပြင်မှာ သေဆုံးထိခိုက်မှု အခုထက်ပိုနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တောင်ငူဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီနေ့မနက်ကို အစောကြီးကတည်းကကို ပစ်နေတာ။ ရွာတွေဘက်ထဲကိုလှမ်းပစ်တာကိုယ်ဝန်သည် နဲ့ ကလေး လေးတွေ သုံးယောက်သေတာရှိတယ်။ ရွာသားတွေပေါ့။ အဲဒီရွာက ညောင်ပင်လှ။ ၃၉ စစ်တပ်နဲ့ ဘေးနားလေးက ရွာတွေ။ အခုလည်း မနက်ခင်းကတည်းကနေပြီးတော့ စစ်တောင်းတံ တား၊ လေးမိုင်ဂိတ်၊ ရဲတပ်ရင်း (၁၁) ရှေ့က ဂိတ်တွေအကုန်လုံး အသွားအလာပိတ်ထားတယ်။ စစ် တောင်း တံတားကို အခု ဖွင့်လိုက်တာ ၅ မိနစ်ပဲရှိသေး တယ်။ ပြန်ပိတ်သွားပြီ။ အခုလည်းလေယာဉ် ပျံနှစ်စင်း က ဝဲနေတယ်။ အဲစစ်တပ်က တောင်ငူ - သံတောင်လမ်း ပေါ့ တောင်ငူနဲ့ လေးမိုင်ကွာ တယ်”

ဒီနေ့ နေ့လယ်ပိုင်းမှာလည်း အလယ်(မြောင်) နဲ့ ဆိတ်ဖူးတောင်ရွာဘက်ကို စစ်ကောင်စီတပ်က လက် နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ညောင်ပင်လှ၊ အလယ်(မြောင်)၊ ဆိတ်ဖူးတောင်ရွာအပါအဝင် အနီးအနားရွာတွေက ဒေသခံ တစ်သောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြော ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းရော လက်နက်ကြီးနဲ့ပါ ပစ်ခတ်မှုကြောင့် ဒေသ ခံတွေ သေဆုံးတာလို့ ပြောဆိုမှုအပေါ် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးကတော့ တိုက်ပွဲဖြစ်တာမရှိ ဘဲ သတင်းအမှားတွေဖြစ်တယ်လို့ RFA ကို တုံ့ပြန်ပါတယ်။

“လူမှုကွန်ရက်တွေက မဟုတ်မမှန်တွေနဲ့ လိမ်ညာပြီးတော့ တင်တဲ့သတင်းတွေ ဖြစ်ပါတယ်။ သတင်း မှန်ကိုကတော့ သတင်းမှန်ထုတ်ပြန်ရေးကော်မတီ အဖွဲ့ကနေပြီးတော့ ထုတ်ပြန်တဲ့သတင်းကိုသာ အတည်ယူပေးပါ။ တိုက်ပွဲမဖြစ်ပါဘူးခင်ဗျာ”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ သေဆုံးခဲ့ရသူ စုစုပေါင်း ၄၁၉၀ ကျော်ရှိ ခဲ့ပြီ ဖြစ်ပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */