" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, November 18, 2023

အရပ်သားသေဆုံးမှုအတွက် လက်တုံ့ပြန်မယ်လို့ အေအေ ပြော

BBC
၁၇ နိုဝင်ဘာ ၂၀၂၃

အရပ်သားသေဆုံးမှုအတွက် လက်တုံ့ပြန်တိုက်ခိုက်မယ်လို့ အေအေ ပြော

ပေါက်တောမြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာပြီး အရပ်သားသတ်ဖြတ်မှုဟာ စစ် ရာဇဝတ်မှုကျူးလွန်တာလို့ အေအေ က နိုဝင်ဘာ ၁၆ ရက် ညတွင်းချင်းမှာပဲ သတင်းထုတ်ပြန် လာ ပါတယ်။

အခုလိုသေဆုံးခဲ့ရတဲ့ ပေါက်တောမြို့က အရပ်သားပြည်သူတွေအတွက်ဝမ်းနည်းရပြီး အခုလိုဖြစ်ရပ် အတွက် ကျူးလွန်သူတွေကို လက်တုံ့ပြန်တိုက်ခိုက်မယ်လို့ အေအေ က ပြောပါတယ်။

စစ်ကောင်စီကတော့ ပေါက်တောမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းသာ ဖော်ပြခဲ့ပြီး အခုလို အရပ်သားပစ်ခတ်သတ်ဖြတ်မှုတွေနဲ့ပတ်သက်လို့တော့ တစုံတရာထည့်သွင်းပြောကြား တာ‌မတွေ့ရ ပါဘူး။

ဒါပေမဲ့ ပေါက်တောမြို့ပေါ်ကို စစ်တပ်၊ ရဲတပ်ဖွဲ့ဝင်တွေ နိုဝင်ဘာ ၁၆ ရက်နေ့လယ်ပိုင်းကတည်းက ရောက်ရှိခဲ့တယ်ဆိုတာကိုတော့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ဖော်ပြထားပါတယ်။

ပေါက်တောမြို့ခံတွေအခြေအနေကို ဘီဘီစီက ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့ ရဲစခန်းအသိမ်း ခံရပြီး နောက်ပိုင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဆက်မနေရဲ ကြတော့ဘဲ မြို့ကိုစွန့်ခွာထွက်ပြေးခဲ့ကြပြီလို့ သိရပါတယ်။

“ပြေးတာကလည်းရွာတွေဘက်ကိုပါ ပြေးနိုင်ပါတယ်။ ပုဏ္ဏားကျွန်းဘက်တံတားကလည်းသွားမရ၊ မင်းပြားဘက်လည်း သွားမရဘူး။ သူတို့စစ်သင်္ဘောတွေရှိနေတော့ စက်လှေတွေလည်းဘယ်သူမှထွက် မရဲ ဘူး” လို့ ပေါက်တောမြို့ပေါ်ကနေ တိမ်းရှောင်ခဲ့ရတဲ့ ဆရာတော် က မြို့အခြေအနေကို ပြောပြ ပါ တယ်။

ရာသီဥတုကလည်း မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ဗုံးခိုကျင်းတွေပါ ရေဝင်ရောက်နေပြီး ခိုလှုံဖို့ အခက်အခဲဖြစ်နေ

ဒါအပြင် ရာသီဥတုကလည်း မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ဗုံးခိုကျင်းတွေပါ ရေဝင်ရောက် နေပြီး ခိုလှုံဖို့ အခက်အခဲဖြစ်နေကြောင်း ‌ဒေသခံအချို့ကလူမှုကွန်ရက်ပေါ် ဓာတ်ပုံနဲ့တကွ ရေးသား ဖော်ပြကြပါ တယ်။

ပေါက်တောမှာ နိုဝင်ဘာ ၁၇ ရက်မနက်ပိုင်းအထိလည်း မိုးသည်းထန်နေတာကြောင့်မိုးရွာ‌သွန်းမှုကြား ထွက်ပြေးနေရသူတွေနဲ့ အဆက်အသွယ်ပြတ်တောက်နေသလို ဖုန်းလိုင်းတွေလည်း မမိတော့တာ ကြောင့် ဒေသခံတွေကြား စိုးရိမ်မှုတွေမြင့်တက်နေတယ်လို့ ဘီဘီစီက မေးမြန်းတဲ့ ဒေသခံအချို့က ပြောကြပါတယ်။

ရခိုင်မှာ နိုဝင်ဘာ ၁၃ ရက်နေ့ကစလို့ တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာဖြစ်ပြီး ပေါက် တောမြို့မရဲစခန်းကို သိမ်းတဲ့ တရက်တည်းမှာပဲ မောင်တောမြို့နယ်ထဲက ဒုံးညိုစခန်း အပြင် တရွန် အိုင်ဗျူဟာ၊ နှုံးဘူးဗျူဟာတို့မှာပါ တိုက်ပွဲဖြစ်ခဲ့ကြောင်း အေအေ ရော စစ်ကောင်စီဘက်ကပါ သတင်း ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ပေါက်တောမြို့အပါအဝင် မောင်တော၊ ရသေ့တောင်၊ မင်းပြား နဲ့ မြောက်ဦး တို့က ဒေသခံ အများစုနီးစပ်ရာကို ရှောင်တိမ်းနေရပြီး စစ်ကောင်စီကလည်း ရေကြောင်း၊ ကုန်းကြောင်းသွားလာခွင့် တွေကို တိုက်ပွဲစဖြစ်တဲ့ရက်ကတည်းက ပိတ်ဆို့ခဲ့ပါတယ်။ 
 
Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */