" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, May 30, 2023

မုန်တိုင်းဒဏ်ကြောင့် စစ်တွေမြို့နယ်ရှိ ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာ ၄၀၀ ကျော် သေဆုံးဟု ကူညီ​ပေး​နေသူ​ပြော

လူထုနွေဦး
မေ 16, 2023

အာဏာသိမ်းစစ်​ခေါင်း​ဆောင်က ​မေ ၁၅ ရက်တွင် စစ်​တွေမြို့သို့သွားပြီး မိုခါဆိူင်ကလုန်းမုန်တိုင်းတွင်စစ်ကောင်စီ က ထိခိုက်​သေဆုံးပျက်စီးမှုနည်းပါး​အောင်လုပ်နိုင်ခဲ့​ကြောင်း​ပြောခဲ့သည်။ မုန်တိုင်း​ကြောင့် ၃ ဦး​သေပြီး ၁၃ဦးဒဏ် ရာရခဲ့သည်ဟုထုတ်ပြန်ထားသည်။ 

(​မုန်တိုင်း​ကြောင့်သေဆုံးခဲ့​သူများရုပ်အ​လောင်းများကို သဂြိုဟ်ရန် သယ်ယူ​နေကြစဥ်။ဓါတ်ပုံ-Getty images)
 

ရခိုင်ပြည်နယ်သို့ မိုခါမုန်တိုင်းဝင်ရောက်ခဲ့ရာတွင် စစ်တွေမြို့နယ်အတွင်းရှိ ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာမွတ် ဆလင် ၄၀၀ ကျော် ရေနစ်သေဆုံးခဲ့ကြောင့် အဆိုပါစခန်းများသို့ကူညီရန်ရောက်ရှိနေသူတစ်ဦးက People’s Spring သတင်းဌာနသို့ အတည်ပြုပြောသည်။

မုန်တိုင်းဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့သူများတွင် ပင်လာ်ကမ်းရိုးတန်းအနီးကျေးရွာများဖြစ်သော စံပြမှ ၅၀ ဦးခန့်၊ ဒါးပိုင်မှ ၂၀၀ နီးပါး၊ ဗေဒမှ ၁၁၀ ခန့်၊ဘောဒူဖ (အောင်ပင်လယ်) ၅၀ ကျော်နှင့် အခြားနေ ရာများမှ ၅၀ နီးပါး အ သီးသီးရှိနေ​သည်ဟု ၎င်းကရှင်ပြသည်။

“အခုလက်ရှိ ကျွန်တော်တို့ လူသေအလောင်းတွေကို မြှပ်ဖို့လုပ်နေရတုန်း။ အခု ကျွန်တော်မြေပြင်မှာ ရောက်နေပါ တယ်။ သေဆုံးတဲ့သူက (၄၀၀)အထက် ကျော်ပါတယ်”ဟု မုန်တိုင်းဒဏ်ခံ ဒုက္ခသည်စခန်းများသို့ စာရင်းပြုစုရန် ရောက်နေသူတစ်ဦးက People’s Spring သို့ ပြောသည်။

(​မုန်တိုင်း​ကြောင့်သေဆုံးခဲ့​သူများရုပ်အ​လောင်းများကို သဂြိုဟ်ရန် သယ်ယူ​နေကြစဥ်။ဓါတ်ပုံ-Getty images)

လက်ရှိအခြေအနေတွင် အထက်ပါကျေးရွာများနှင့် စခန်းများသို့ ကယ်ဆယ်ရေး ရောက်လာခြင်း မရှိသေးသလို ယင်းနေရာများသို့သွားရောက်နိုင်သည့် သဲချောင်း၊ ဒါးပိုင် ရော်ဘာခြံနှင့် မင်းဂံသွားလမ်း တံတားများ ပျက်စီးနေ ခြင်းကြောင်း စုံစမ်းသိရသည်။

ရခိုင်ပြည်နယ်တွင် စစ်အစိုးရလက်ထက် ၂၀၁၂ ခုနှစ်ဇွန်လ၌ ​ကျောက်နီ​မော်တွင် မသီတာ​​ထွေး အဓ္ဓကျူးလွန်ခံရ သည်ဆိုကာ ဘာသာ​ရေး ၊လူမျိုး​ရေး ​သွေးထိုးမှုများမှတစ်ဆင့်လူမျိုး​ရေးဘာသာ​ရေးအဓိကရုန်းဖြစ်ပွားခဲ့သည်။အဓိကရုန်းများ​ကြောင့် စစ်အစိုးရ၏ စီမံခန့်ခွဲမှု အားနည်းချက်နှင့် ဘာသာ​ရေး၊ လူမျိုး​ရေးအစွန်း​ရောက်များလက် ချက်ဖြင့်အစ္စလာမ်ဘာသာဝင် ဆယ်နှင့်ချီအသတ်ခံရသည်။ထို​ကြောင့် စစ်​တွေမြို့ရှိ ရိုဟင်ဂျာ များအပါအဝင် အစ္စ လာမ်ဘာသာဝင်များစွာမှာ သက္ကပြင်အပါအဝင် ဒုက္ခသည်စခန်းများ၌ ၂၀၁၂ ခုနှစ်ကတည်းက​နေထိုင်ခဲ့ကြရခြင်း ဖြစ်သည်။

စစ်တွေမြို့နယ်အတွင်း မွတ်ဆလင် ဒုက္ခသည်စခန်းပေါင်း ၁၀ ခု​ကျော်ရှိ ပြီး သက္ကပြင် ၊သဲချောင်း၊ ဓါးပိုင်၊မော်သိ ညှာ၊ ခေါင်းဒုက္ကာ ၁-၂ ၊ဘောဒူဘ ၁-၂၊ အုန်းတောကြီး တောင်၊ အုန်းတောကြီး မြောက်၊ ဆေးသမား စ​သောစခန်း များတွင်ဒုက္ခသည် တစ်သိန်းခွဲ ဝန်းကျင်​နေထိုင်​နေကြပြီး စခန်းအတွင်မှာ ဒုက္ခသည်များမှာစခန်းပြင်ဘက်သို့လွတ် လပ်စွာသွားလာခွင့်မရှိကြ​ပေ။

အာဏာသိမ်းစစ်​ခေါင်း​ဆောင်က ​မေ ၁၅ ရက်တွင် စစ်​တွေမြို့သို့သွားပြီး မိုခါဆိူင်ကလုန်းမုန်တိုင်းတွင်စစ်ကောင်စီ က ထိခိုက်​သေဆုံးပျက်စီးမှုနည်းပါး​အောင်လုပ်နိုင်ခဲ့​ကြောင်း​ပြောခဲ့သည်။ မုန်တိုင်း​ကြောင့် ၃ ဦး​သေပြီး ၁၃ဦးဒဏ် ရာရခဲ့သည်ဟုထုတ်ပြန်ထားသည်။

သို့သော် မုန်တိုင်းဒဏ်ခံအဆိုးဆုံးခံရ​​​သော​ဒေသအများစုမှာအဆက်အသွယ်များပြတ်​တောက်​နေပြီး ​သေဆုံးမှုစာ ရင်းနှင့်ပျက်စီးဆုံးရှုံးမှုစာရင်းများမှာ ဆက်တိုက်တိုး​နေဆဲဖြစ်သည်။

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */