" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, May 20, 2023

မုန်တိုင်းကြောင့် ဘာဆာရာရိုဟင်ဂျာရွာသား ၁၅ ဦးသေဆုံး ပြီး ရွာလုံးကျွတ်ပျက်စီး

RFA
RFA Burmese
2023.05.19
မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘာဆာရာ ရိုဟင်ဂျာရွာမှ ပျက်စီးသွားသည့်နေအိမ်များကို ၂၀၂၃ ခုနှစ်၊ မေလ ၁၈ ရက်နေ့က တွေ့ရစဉ်။ Photo: RFA

အားပြင်း မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပင်လယ်ကမ်းစပ်အနီးက ဘာဆာရာ ရိုဟင်ဂျာရွာမှာ ၁၅ ဦး သေဆုံးပြီး ရွာလုံးကျွတ် ထိခိုက်ပျက်စီးသွားပါတယ်။

သေဆုံးသူ ၁၅ ယောက်လုံးဟာ အတူနေကြတဲ့မိသားစုနှစ်စုက ဆွေမျိုးသားချင်း အရင်းအချာတွေလို့ ကျန်ရစ် သူ တွေက ပြောပါတယ်။ သူတို့ဟာ မုန်တိုင်းလာမယ်ဆိုတာ သိခဲ့ပေမယ့် ဘေးလွတ်ရာ မရှောင်ဖြစ်ခဲ့ကြဘူးလို့ သိရ ပါတယ်။

မုန်တိုင်းမဝင်ခင်က အဲဒီရွာလေးမှာ တန်းလျားအိပ်ခန်း ၃၈၆ ခန်းနဲ့ ရိုဟင်ဂျာ ၁၈၀၀ ကျော် နေကြတာပါ။မုန်တိုင်း အပြီးမှာတော့ နေစရာတဲအိမ်ခန်းတစ်ခုမှ မကျန်တော့ပါဘူး။

အရင်က အမိုး၊ အကာ ဖြစ်ခဲ့ပုံရတဲ့ ပြိုကျပိပြားနေတဲ့အမှိုက်သရိုက်တွေ၊ လဲကျနေတဲ့ သစ်ပင်၊ အုန်းပင်တွေကြား တစ်စုံတစ်ရာ ပြန်ရလိုပြန်ရငြား ရှာဖွေနေသူတချို့ကိုသာ မြင်တွေ့ရပါတယ်။

အဲဒီအထဲက မိသားစုဝင် ရှစ်ဦး သေဆုံးသွားတဲ့ အသက် ၂၅ နှစ်အရွယ် မဆေနုဝါရ်ဘေဂေါမ်က သူ့မိသားစုက နေ အသက် ၁၁ နှစ်အရွယ် သမီးတစ်ဦး၊ မိခင်နဲ့ ညီမ နှစ်ဦး၊ အစ်မဖြစ်သူရဲ့ ကလေး လေးဦး၊ စုစုပေါင်း ရှစ်ဦး သေဆုံးသွားခဲ့တာပါ။

မုန်တိုင်းနဲ့အတူ ဒီရေတွေတက်လာတဲ့အခါမှာ ဘေးလွတ်ရာကိုထွက်ပြေးခဲ့ကြပေမယ့် ပြေးမလွတ်တော့ဘဲ မိသား စု ဝင် ရှစ်ယောက်လုံး သေဆုံးသွားခဲ့တာလို့ မဆေနုဝါရ်ဘေဂေါမ်က စကားပြန်က တစ်ဆင့် ပြောပြပါတယ်။

"သူ့မှာ အမေရယ်၊ အစ်မ တစ်ယောက်၊ ညီမ နှစ်ယောက်၊ ပြီးတော့ အစ်မမှာ ကလေးသုံးယောက်၊ သူ့မှာ ကလေး တစ်ယောက် သေသွားတယ်။ ယောကျာ်း အလုပ်သွားတဲ့အချိန်မှာ ဝုန်းခနဲ ရေတက်လာတာနဲ့ သူ့အမေရယ်၊ သူ့ သမီးရယ်၊ အစ်မနဲ့ သူ့ကလေး သုံးယောက်ပါ ရေတက်လာတဲ့အချိန်မှာ အသက်ရှင်ဖို့အတွက် ပြေးနေတာ။ ပြေး တဲ့အချိန်မှာ လမ်းတစ်ဝက်ကို ရောက်တာနဲ့ ရေအများကြီး တက်လာတယ်။ သူက ရေကူးတတ်တယ်။ အမေက ရေကူးမတတ်ဘူး။ အစ်မလည်း ရေမကူးတတ်ဘူး။ ကလေးတွေလည်း ရေမကူးတတ်ဘူး။ ညီမ နှစ်ယောက်လည်း ရေမကူးတတ်ဘူး။ ကျွန်မက ရေကူးတတ်လို့ အသက်ရှင်တာပါ။ အခု သူတို့မရှိတော့လို့ ဝမ်းနည်းတာပေ့ါ။ စိတ်ညစ်ပြီးတော့ ထိုင်နေတာပါ"

မိသားစုတစ်စုလုံးမှာ သူနဲ့ သူ့ရဲ့ ခင်ပွန်းသာ အသက်ရှင်ကျန်ရစ်ပါတယ်။

အဲဒီရွာက ရိုဟင်ဂျာအများစုက မုန်တိုင်းမလာခင်ကတည်းက ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြပါတယ်။ အခု သေ ဆုံးသူ ၁၅ ဦးရဲ့ မိသားစုတွေကတော့ မုန်တိုင်းကြီး ဒီလောက်ပြင်းထန်မယ်ဆိုတာကို မသိခဲ့လို့ ရွာမှာပဲ ဆက်လက် နေထိုင်ရင်း အသက်ဆုံးခဲ့ကြတာလို့ ကျန်ရစ်သူတွေက ပြောပါတယ်။
"အိမ်ကလည်းမြင့်တော့ ရေက ဒီလောက်ထိ ဖြစ်မယ်မထင်ဘူး လေ။ ရေက အများကြီးဖြစ်လာ တော့ သူတို့ ဘယ်မှသွားလို့မ ရောက် တော့ဘူး။ အဲဒီမှာ ရေမြုပ်သေသွားတာ"

မုန်တိုင်းနဲ့အတူ ဒီရေတွေအမြင့်ကြီး ရုတ်တရက်တက်လာချိန်ကျမှ ဘေးလွတ်ရာကို ထွက်ပြေးရင်း ညီအရင်းနဲ့ အစ်ကိုမိသားစုတစ်စုလုံး အသက်ဆုံးခဲ့ရတယ်လို့ ဦးဟူဆောန်အာမောက်က ပြောပါတယ်။
"ရေက တက်လာတယ်။ ရေတက်လာတုန်း ကျွန်တော်တို့ အိမ်မှာပဲ ရှိသေးတယ်။ ရေကများလာ တော့ ကျွန်တော်တို့ အထက်ပြေးတယ်။ ကျွန်တော့ ညီ၊ အစ်ကို မိသားစု၊ အိမ်ရှင်မတွေ၊ သားတွေ၊ သမီးတွေ အိမ်အမြင့်တစ်ခုမှာ ကျန်ခဲ့တယ်။ အဲဒီအိမ်ပေါ်မှာပဲ သူတို့ နေခဲ့ကြတာ။ သူတို့က ရေက ဒီလောက်ဖြစ်မယ်မထင်လို့ မပြေးကြတာပါ။ အိမ်ကလည်းမြင့်တော့ ရေက ဒီလောက်ထိ ဖြစ်မယ် မ ထင်ဘူးလေ။ ရေက အများကြီးဖြစ်လာတော့ သူတို့ ဘယ်မှသွားလို့မရောက်တော့ဘူး။ အဲဒီမှာ ရေမြုပ်သေသွားတာ"

မုန်တိုင်းအပြီးမှာ နေစရာအိမ်လည်း မရှိတော့သလို မိသားစုဝင်တွေလည်း သေဆုံးသွားတာကြောင့် ဒီနေရာမှာ ဆက်မနေချင်တော့ဘူးလို့ ဒေါ်နုရ်ဘာရ်က ပြောပါတယ်

"ဒီလောက်ဖြစ်မယ်လို့ သူတို့က မသိဘူး။ ရေတွေ အများကြီးတက်လာမှာမဟုတ်ဘူးလို့ ထင်နေ တာ။ ပြေးမယ့်အချိန်မှာ ရေတွေအများကြီး ဖြစ်သွားတော့ ပြေးမတတ်တော့ဘူး။ မိသားစု ခြောက်ယောက်မှာ လေးယောက် သေသွားတယ်။ နှစ်ယောက် ကျန်သေးတယ်။ သူ့မှာ အမေရော၊ အဖေရော၊အမတွေရော သေသွားတာ။ ကျွန်မတို့ မိသားစုဝင်တွေ အကုန်လုံး သေသွားကြပြီ။ ကျွန်မတို့ ဘယ်လို ဆက်နေမလဲ၊ စဉ်းစားမရ ဖြစ်နေပါတယ်"

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘာဆာရာ ရိုဟင်ဂျာရွာမှာ နေထိုင်သူတချို့အား ၂၀၂၃ ခုနှစ်၊ မေလ ၁၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

စစ်ကောင်စီရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာတော့ ရိုဟင်ဂျာ ၄၀၀ ကျော် သေဆုံးတယ်ဆိုတာ မမှန်ကန်တဲ့အကြောင်းနဲ့ မမှန်တဲ့သတင်းထုတ်လွှင့်ဖော်ပြတဲ့ မီဒီယာစာမျက်နှာတချို့ကို တည်ဆဲဥပဒေအရ အရေးယူမယ်လို့ ခြိမ်းခြောက် ထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */