" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, November 13, 2023

မင်းပြားမှာ လက်နက်ကြီးကြောင့် ဒေသခံတစ်ဦး သေဆုံး

RFA
RFA Burmese
2023.11.13

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တစ်နေရာကို တွေ့ရစဉ်။ Mapio.net

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ဖားပြို (ချင်း) အုပ်စု ဖေသာပြင်ရွာမှာ နိုဝင်ဘာ ၁၃ ရက် ဒီနေ့မနက် ပိုင်း က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် စပါးရိတ်သိမ်းနေတဲ့ ဒေသခံ ချင်း လူမျိုး တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေသာပြင်ရွာခံ အသက် (၅၄) နှစ်အရွယ် ဦးကျော်သိန်းဖြူဟာရွာနဲ့နှစ်မိုင်ခန့်အကွာမှာစပါးရိတ်သိမ်း နေချိန် အနီးအနားကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကျောကုန်းကို ထိမှန်ဒဏ် ရာရခဲ့တာဖြစ်ပြီး မင်းပြားဆေးရုံကို ပို့ဆောင်ကုသခဲ့ပေမယ့် သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“လယ်ကွင်းမှာ စပါးရိတ်သိမ်းနေတဲ့အချိန်မှာ အနားကို လက်နက်ကြီးကျည်စ ထိမှန်ပြီးတော့ ဒဏ်ရာရ သွားတာ။ ဖြစ်တဲ့အချိန်က ၇ နာရီ မိနစ် ၄၀ လောက်မှာပါ။ ဘယ်လိုဖြစ်တာလဲဆိုရင် ကားနှစ်စီးသွား တယ်လို့ ပြောတယ်။ အဲကားနှစ်စီး သွားတဲ့အချိန်မှာတစ်စီးက လှမ်းပစ်တယ်လို့ အဲလိုပုံစံကြားတယ်”

မင်းပြားမြို့ ကျိန်းတောင်ဘုရားပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးနဲ့ မကြာ ခ ဏ ပစ်နေတာကြောင့် ဖားပြို (ချင်း) ရွာ၊ ဖေသာပြင်နဲ့ ကြက်ယက် စတဲ့သုံးရွာက ဒေသခံတွေ စပါး ရိတ်လို့ မရတော့ဘဲ နေထိုင်စားသောက်ရေး အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ ဆိုပါတယ်။

မင်းပြားနယ်မှာရှိတဲ့ စစ်ကောင်စီတပ် စစ်သင်တန်းကျောင်း တိုင်းဗဟို (၉) ဘက်ကနေ ရိက္ခာနဲ့ လူအင် အားတင်ပြီး ပြန်ထွက်လာတဲ့ စစ်ကောင်စီတပ်ကားနှစ်စီးကိုလည်း ဖားပြို (ချင်း)ရွာအနီးမှာရက္ခိုင့်တပ် တော် (AA) က မိုင်းဆွဲတိုက်ခိုက်တာကြောင့် ကားတစ်စီး မီးလောင်သွားတယ်လို့ မေလွန်းရွာခံတစ်ဦး က ပြောပါတယ်။

“တိုင်းဗဟို (၉) ဘက်က ကားနှစ်စီး မင်းပြားဘက်ကိုလာတယ်။ ပြီးတော့ မင်းပြားဘက်က ကားနှစ် စီး က တိုင်းဗဟို (၉) ဘက်ကိုလာတယ်။ တိုင်းဗဟို (၉) က ကားနှစ်စီးလို့ထင်တယ်၊ အဲဒီကား နှစ်စီး က ပြန်လို့လာတယ်။ ပြန်လာတော့ လမ်းခုလတ် ဖားပြိုရွာနားမှာ တိုက်ခိုက်ခံရတယ်။ အဲဒီအနားမှာ စပါးရိတ်နေသူတွေ ပြောတာကတော့ တစ်စီးမီးလောင်နေတယ်တဲ့။ နောက်တစ်စီးကတော့ မမြင် ခဲ့ရဘူးတဲ့ သူတို့လည်း ထွက်ပြေးလာကြတာလေ”

ကားတစ်စီးမှာ ရိက္ခာနဲ့လူအင်အား နှစ်ဆယ်ခန့်စီပါလာပြီး မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေ ဆုံးမှု ကိုတော့ တိတိကျကျ မသိရဘူးလို့ ဆိုပါတယ်။

ဒီပြောဆိုမှုတွေနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ ရခိုင် ပြည် နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် လက်ခံ ဖြေဆိုခြင်း မရှိပါဘူး။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */