" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရိုဟင်ဂျာ. Show all posts
Showing posts with label ရိုဟင်ဂျာ. Show all posts

Saturday, June 6, 2020

ရိုဟင်ဂျာဒုက္ခသည်စခန်းအနီး ကော့ဘဇားဒေသကို ကိုရိုနာ ဗိုင်းရပ်စ် အနီရောင်ဇုန်အဖြစ် ကြေညာ

မဇ္ဈိမ
ဇွန် ၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒေသမှ အာဏာပိုင်များသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု ဘေးများ ကြောင့် ဒေသရှိ အချို့နေရာများကို အနီရောင်ဇုန်အဖြစ် သတ်မှတ်ကြေညာပြီး ကော့ဘဇား အုပ်ချုပ်ရေး နယ် မြေကို လော့ဒေါင်းချလိုက်ပြီ ဖြစ်သည်။

Tuesday, June 2, 2020

အာဂျင်တီးနားမှာ မြန်မာခေါင်းဆောင်တွေကို တရားစွဲထား တဲ့အမှု သုံးသပ်တော့မည်

RFA
လွတ်လပ်တဲ့အာရှအသံ
မြန်မာဌာန | သတင်းများ
Jun 1, 2020


■ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် သမ္မတဟောင်း ဦးသိန်းစိန်၊ ဦးထင်ကျော်တို့ကို ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပြီးခဲ့တဲ့နှစ် ၂၀၁၉ နိုဝင်ဘာလက အာဂျင်တီးနားမှာ တရားစွဲထားတဲ့ အမှုကို တရားရုံးက ပြန် လည်သုံးသပ်တော့မှာဖြစ်ပါတယ်။

အပြည့်အစုံကို RFA အဖွဲ့သူ မခင်ခင်အိက တင်ပြထားပါတယ်။

 

Link : Here

Saturday, May 30, 2020

ICJ အမှု လုံခြုံရေးကောင်စီက အရေးယူဖို့ ရိုဟင်ဂျာတွေ ကြိုးပမ်း

RFA
လွတ်လပ်တဲ့အာရှအသံ
မြန်မာဌာန | သတင်းများခင်မောင်စိုး
2020-05-28

နယ်သာလန်နိုင်ငံ သဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ကို မေလ ၂၂ ရက်နေ့က မြန်မာအစိုးရ တင်ပြခဲ့တဲ့ အစီရင်ခံစာမှာ ပါဝင်တဲ့အချက်တွေကို တရားဝင်မသိရပေမယ့် နိုင်ငံတော်သမ္မတ ရုံးက ဧပြီလ ၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် ၂ ခုမှာ ဖော်ပြထားတဲ့အချက်တွေလည်း ပါဝင်မယ်လို့ ယူဆရ ပါတယ်။ ပထမ ကြေ ညာ ချက်က လူမျိုးပြုန်းစေမှုကို တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး နိုင်ငံတကာသေ ဘာ တူစာချုပ် Genocide Convention ကို လိုက်နာဆောင်ရွက်ရန်ညွန်ကြားချက်ဖြစ်ပါတယ်။ အဲဒီ ကြေညာ ချက်မှာ လူမျိုးပြုန်းသတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန် ကြံစည်မှုတွေကို သိရှိရင် မည်သူမဆို နိုင်ငံတော် သမ္မတရုံးကို တင်ပြရမယ်လို့ ဖော်ပြထားပါတယ်။

Thursday, May 28, 2020

ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး အခက်ကြုံနေ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
ခင်မောင်စိုး
2020-05-27


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားဒေသက ကုတုပလောင် ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ကိုရိုနာဗိုင်း ရပ်စ် ပိုးကူးစက်နေသူ ၂၉ ဦးကို တွေ့ရှိခဲ့ရပြီးနောက် အဲဒီလူတွေကို သီးသန့်ထားကုသပေးနေပြီး သူတို့မိသားစု ဝင်တွေအပါအဝင် တခြား ဒုက္ခသည် ၁၅ဝဝဝ ခန့်ကို စခန်းထဲက တခြားသူတွေနဲ့ ထိတွေ့ဆက်ဆံမှုမရှိ အောင် သီးခြားထားစောင့်ကြည့်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဌာန အရာရှိတွေက ပြီးခဲ့တဲ့ရက်ပိုင်း အတွင်း ပြောကြားခဲ့ပါတယ်။

Sunday, May 17, 2020

ရိုဟင်ဂျာသိန်းချီ ထွက်ပြေးရတဲ့ ရခိုင်မြောက်ပိုင်း ရာဇဝတ် မှုတွေ အရေးယူနိုင်ရေး အမှုဖွင့်

VOA
ဗွီအိုအေ (မြန်မာဌာန)
17 မေ၊ 2020
မဆုမွန်
နယ်စပ်ဖြတ်ကျော်ပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ။ (နိုဝင်ဘာလ ၂၊ ၂၀၁၇)
 
ရခိုင်အရေး လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာပါ ရာဇဝတ်မှုတွေကို စုံစမ်းဖော် ထုတ် အရေးယူနေပါတယ်ဆိုတဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ ထုတ်ပြန်ချက်အပေါ် တုံ့ပြန်ချက်တချို့ကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

Friday, May 8, 2020

ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွား နိုင်ခြေများနေ

လွတ်လပ်တဲ့အာရှအသံ( RFA )
မြန်မာဌာန | သတင်းများ
2020-05-07
ကိုရိုနာဗိုင်းရပ်စ် ရောဂါ ဖြစ်ပွားနေတဲ့အချိန်အတောအတွင်း ထိခိုက်အလွယ်ဆုံး လူနည်းစုတွေကို ဘယ်လို အကာအကွယ်ပေးသင့်သလဲ ဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောပွဲတခုကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီ စီမြို့တော်မှာ မနေ့က အင်တာနက်တာနက်ကတဆင့်ကျင်းပခဲ့ပြီး အဲဒီမှာ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေက ဆွေးနွေးသုံးသပ်ခဲ့ကြပါတယ်။

Tuesday, March 31, 2020

ဒုက္ခသည်စခန်းတွေမှာ COVID-19 အန္တရာယ်ကာကွယ် ရေး ကုလပြင်ဆင်

VOA
 ဗွီအိုအေ (မြန်မာပိုင်း)
31 မတ်၊ 2020
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Kutupalong ဒုက္ခသည်စခန်းရှိ ဈေးတခုတွင် စုဝေးနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (မတ် ၂၄၊ ၂၀၂၀)
ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး UNHCR က အကူအညီပေးနေတဲ့ နိုင်ငံတကာက ဒုက္ခ သည်စခန်းတွေထဲမှာ COVID-19 ရောဂါ တားဆီးကာကွယ်ရေး လုပ်ဆောင်ချက်တွေကို ဒီကနေ့ ချမှတ် လိုက်ပြီး အဲဒီထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေလည်း ပါဝင်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည် ၈၀၀,၀၀၀ ခွဲလောက် ပြည့်ကျပ်နေထိုင်နေရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စခန်းတွေထဲက ကျန်းမာ ရေးဌာနတွေမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေအတွက် COVID-19 ဆိုင်ရာသင်တန်းတွေ စပေးနေ ပြီလို့ UNHCR ရဲ့ ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

☛ COVID-19 ကာကွယ်ရေး ရိုဟင်ဂျာစခန်းတွေ ပြင်ဆင်တဲ့ အကြောင်းလည်း ဖတ်နိုင်ပါပြီ။

ရောဂါပိုး တားဆီးကာကွယ်ရေး အရေးကြီးတဲ့ လုပ်ငန်းတွေအတွက် ကျန်းမာရေးလုပ်အားပေး ဒုက္ခသည် ၂,၀၀၀ ကျော်ဟာ လူမှုအဝန်းအဝိုင်းခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ လက်တွဲလုပ် ဆောင်နေကြတယ်လို့ UNHCR က ပြောပါတယ်။ ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး အသိပညာပေးတာတွေကို ရိုဟင်ဂျာ၊ ဗမာ၊ ဘင်္ဂါလီ ဘာ သာစကားသုံးမျိုးနဲ့ ရေဒီယိုကနေ ထုတ်လွှင့်တာ၊ ဗွီဒီယိုနဲ့ပြသတာ၊ ပိုစတာနဲ့ လက်ကမ်းစာစောင် ဖြန့်ဝေတာတွေ လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် အားလုံးအတွက် ဆပ်ပြာနဲ့ ရေ အလုံအလောက်ရစေဖို့နဲ့ လက်ဆေးလို့ရတဲ့နေရာတွေ ပိုပြီးချ ထား ပေးဖို့ လုပ်နေပြီလို့လည်း UNHCR ကပြောပါတယ်။ ဒုက္ခသည်တွေနဲ့ စခန်းအနီးအနားက ဒေသခံ လူထုအတွက် သီး ခြားခွဲထားရေးနဲ့ ကုသရေး ဌာနတွေဖွင့်လှစ်ဖို့ အစီအစဉ်တွေလည်း လုပ်ဆောင်နေပါတယ်။

  ဒုက္ခသည်တွေကြားမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့ကူးစက်မှုအရေအတွက် အများကြီး ရှိမနေပေမဲ့လည်း ဒုက္ခသည်တွေနဲ့ သူတို့ကို လက်ခံထားတဲ့ ဒေ သခံတွေကြားမှာ ဗိုင်းရပ်စ်ပိုးရဲ့ သက်ရောက်မှုဒဏ်ကို ခံစားရမယ့် အရေး သိပ်ကိုစိုးရိမ်မိတယ်လို့ UNHCR အကြီးအကဲ Filippo Grandi ကပြောပါတယ်။
ရိုဟင်ဂျာလို့ခေါ်ဆိုတာကို မြန်မာအစိုးရဘက်က အသိအမှတ်မပြုဘဲ ဒုက္ခ သည်တွေ ပြန်လည်လက်ခံရေး အစီအစဉ်တွေ ချမှတ်ထားပေမဲ့ အခု COVID-19 ကပ်ရောဂါဘေး ရင်ဆိုင်နေရချိန်မှာ ဒီအစီအစဉ်တွေအားလုံး ရပ်တန့်နေပါတယ်။
 
Link : Here

Friday, March 6, 2020

ရိုဟင်ဂျာ ၁၆ ယောက် မင်းလှမှာ ထောင်ဒဏ် နှစ်နှစ်စီချ မှတ်ခံရ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ 
2020.03.06
မင်းလှမြို့နယ်မှာ ဖမ်းမိတဲ့ရိုဟင်ဂျာတွေကို ၂၀၂၀ မတ်လ ၆ ရက်နေ့ တရားရုံးက စီရင်ချက်ချအပြီးတွေ့ရစဉ်
Photo: Zaw Two/RFA

မကွေးတိုင်း မင်းလှမြို့နယ်မှာ ဖမ်းမိတဲ့ ရိုဟင်ဂျာ ၁၆ ယောက်ကို ခရီးသွားအထောက်အထား မပြနိုင်လို့ ဆိုပြီး ဒီနေ့ မတ် ၆ ရက်နေ့မှာ မြို့နယ်တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်လိုက်ပါတယ်။

Thursday, February 13, 2020

ကြားဖြတ်အစီအမံ လိုက်နာ၊ မလိုက်နာ

7DAY DAILY
အယ်ဒီတာ့အာဘော်
Saturday, February 8, 2020 -

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ အဆင့်အမြင့်ဆုံးတရားရုံးဖြစ်သော အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)ကမြန်မာအပေါ် ကြားဖြတ်အစီအ မံလေးချက်လိုက်နာရန် နှစ်ပတ်ကျော်ရှိပြီဖြစ်သော်လည်း မြန်မာက လိုက်နာမည်၊ မလိုက်နာ မည်ကို ယနေ့အထိ တရားဝင်ဖြေကြားခြင်းမရှိ သေးပေ။

Monday, January 27, 2020

စခန်းတွင်း ရိုဟင်ဂျာခရစ်ယာန်တွေ အကြမ်းဖက်တိုက်ခိုက် ခံရ

VOA
ဗွီအိုအေ (မြန်မာဌာန)
ကိုမိုးဇော်
27 ဇန်နဝါရီ၊ 2020
 Kutupalong ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာများ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Kutupalong ဒုက္ခသည်စခန်းမှာ တနင်္ဂနွေနေ့ညက ခရစ်ယာန်ဘာသာဝင်တွေက အ ကြမ်း ဖက် အတိုက်ခိုက် ခံရတာ ကြောင့် လူ ၁၂ယောက် ဆေးရုံတက်နေရကြောင်း ရိုဟင်ဂျာ ခရစ်ယာန် ဒုက္ခသည်များဆိုင်ရာ ကော်မတီအဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။ ဒီတိုက်ခိုက်မှုမှာ နေအိမ်တွေနဲ့ ဘုရား ကျောင်းကိုလည်း ဖျက်ဆီးခံရတယ်လို့ ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်း ထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

လူသားဆန်မှုအတွက် ကဗျာရွတ်ပွဲ ရိုဟင်ဂျာ ကဗျာဆရာ တွေ ပါဝင်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
27 ဇန္နဝါရီ၊ 2020 
ကော့ဇ်ဘဇား ဒုက္ခသည်စခန်းတွင်းမှ ရိုဟင်ဂျာဒုက္ခသည်အချို့။ (သြဂုတ် ၂၂၊ ၂၀၁၉)
 
“လူသားဆန်မှုအတွက် ကဗျာ” လို့ နာမည်ပေးထားတဲ့ ကဗျာရွတ်ပွဲနဲ့ ဆွေးနွေးပွဲတွေကို ရန်ကုန်မှာ သုံး ရက်ကြာ ပြုလုပ်ခဲ့ပြီး တတိယမြောက်နေ့ဖြစ်တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့ တနင်္ဂနွေနေ့ကတော့ ရိုဟင်ဂျာ ကဗျာဆရာတွေလည်း ဗွီဒီယိုကနေ ပါဝင်ခဲ့ပါတယ်။

ဘင်္ဂလားဒေရှ့်နိုင်ငံ ကော့ဇ်ဘဇား ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ကဗျာဆရာတွေလည်း Skype ကနေတဆင့် ပါဝင်ရွတ်ဆိုခဲ့ကြတာပါ။

Saturday, January 25, 2020

ဘူးသီးတောင် မွတ်ဆလင်ရွာကို လက်နက်ကြီးကျ ၂ ဦးသေ၊ ၇ ဦး ဒဏ်ရာရ

ဧရာဝတီ 
By မင်းအောင်ခိုင်
25 January 2020
 လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ထိခိုက် ဒဏ်ရာ ရရှိသည့် ကင်းတောင်ရွာမှ မွတ်ဆလင် အမျိုးသမီး ၁ ဦး / ဘူးသီးတောင်သတင်းဌာန / Facebook

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကင်းတောင် မွတ်ဆလင်ရွာထဲသို့ ဇန်နဝါရီလ ၂၄ ရက်နေ့ ညအချိန် က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသည့်အတွက် မွတ်ဆလင် အမျိုးသမီး ၂ ဦး သေဆုံးကာ ၇ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။

Friday, January 24, 2020

ထွက်ပေါက်မရှိ(ဝါ) ထွက်ပြေးရိုဟင်ဂျာများ အစုလိုက်အပြုံ လိုက် ထောင်ချခံရ

Frontier
MYANMAR
Friday, January 24, 2020 
လွတ်လပ်စွာသွားလာခွင့်မရှိဘဲ မျှော်လင့်ချက်ကင်းမဲ့နေသော ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ်မှ ထွက် ပြေးရန် မှောင်ခိုလူကုန်ကူးသူများကိုသာ အားကိုးနေကြရာ လမ်းခရီးတွင် အဖမ်းခံကြရပြီး ထောင်ချခံနေ ကြရသည်။

ရဲမွန်၊ အိမ့်သက်ဆုနှင့် ဘန်ဒူးနန့်တို့ ရေးသားသည်။
“ကျွန်တော်တို့ အဖမ်းခံရပေမဲ့ မလေးရှားကိုသွားဖို့ ကြိုးစားချင်သေးတယ်” ဟု ကိုတူးအောင်ကပြောသည်။ သူ သည် ရခိုင်ပြည်နယ်မှ ထွက်ပြေးရန်ကြိုးစားသဖြင့် ၂၀၁၇ တွင် အဖမ်းခံရသော ရိုဟင်ဂျာဖြစ်သည်။ရခိုင်ပြည် နယ်တောင်ပိုင်း၊ အမ်းမြို့စစ်ဆေးရေးစခန်းတွင် အဖမ်းခံရသောရိုဟင်ဂျာ ခြောက်ဦးတွင် အသက် ၂၄ နှစ်အရွယ် ကိုတူးအောင်သည် တစ်ဦးအပါအဝင်ဖြစ်သည်။ သူတို့တွင် မည်သည့်အထောက် အထားမှ လည်းမရှိ နိုင်ငံသား လည်းမဟုတ်သဖြင့် ၁၉၄၉ ခု မြန်မာနိုင်ငံသားများ မှတ်ပုံတင်ဥပဒေအရ ထောင်ဒဏ် နှစ်နှစ်စီ အချခံကြရသည်။

Thursday, January 23, 2020

ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ နိုင်ငံတကာခုံရုံးဆုံး ဖြတ်

VOA 

ဗွီအိုအေ (မြန်မာဌာန)
သားညွန့်ဦး
23 ဇန်နဝါရီ၊ 2020
မြန်မာနိုင်ငံတွင်း ကျန်နေတဲ့ ရိုဟင်ဂျာတွေကို ကာကွယ်ပေးရေး ကိစ္စတွေကို ချက်ချင်းဆောင်ရွက်ဖို့ လို တယ် လို့ ယူဆတဲ့အကြောင်းနဲ့၊ ဒီအတွက် ဂျီနိုဆိုဒ် လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်မဖြစ် ဆိုတာ ငြင်းဖို့ တရား ရုံးက အဖြေထုတ်တဲ့အထိ စောင့်နေစရာ မလိုဘူးလို့လည်း ICJ တရားရုံးက သုံးသပ်ပါတယ်။

ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု သက်သေအထောက်အထားမတွေ့ကြောင်း မြန်မာအစိုးရ ကဖွဲ့စည်းတဲ့ ကော်မရှင် အစီရင်ခံစာမှာဖော်ပြ

NHK WORLD JAPAN
အင်္ဂါ ဇန်နဝါရီလ 21
ရိုဟင်ဂျာမွတ်ဆလင်လူနည်းစုတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတဲ့ သက်သေအထောက် အထား ကို မြန်မာအစိုးရက ဖွဲ့စည်းလိုက်တဲ့ ကော်မရှင်ဟာ မတွေ့ခဲ့ပါဘူး။

ရိုဟင်ဂျာတွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့က သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက် ပြီး ၂၀၁၈ခုနှစ်မှာ လွတ်လပ်တဲ့ စစ်ဆေးရေးကော်မရှင်တစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်။အဲဒီကော် မရှင်မှာ အဖွဲ့ဝင် ၄ဦးပါဝင်ပြီး သူတို့ထဲက ၂ဦးဟာ နိုင်ငံခြားသား ဖြစ်ပါတယ်။ အဲဒီထဲက တစ်ဦးဟာ ကုလသမဂ္ဂ ဆိုင်ရာ ဂျပန်သံ အမတ်ဟောင်း ခန်းဇို အိုရှီးမ (Kenzo Oshima) ဖြစ်ပါတယ်။

Wednesday, January 22, 2020

ရိုဟင်ဂျာကလေးပညာရေး ကူညီဖို့ ဘင်္ဂလားဒေ့ရှ်ကို AI တိုက်တွန်း

VOA
ဗွီအိုအေ( မြန်မာပိုင်း)
22 ဇန္နဝါရီ၊ 2020
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည် ကလေးတွေကို ပညာရေးအကူအညီပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ Amnesty International က တိုက်တွန်းလိုက်ပါတယ်။

Tuesday, January 21, 2020

ဘူးသီးတောင်၊ ဆင်သေပြင်ရွာမှ ရိုဟင်ဂျာမိန်းကလေးငယ် တစ်ဦး ကျည်ဆံထိမှန်

Rohingya Today
ကျော်စိုး
Jan 20, 2020

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း အခြေစိုက် မြန်မာစစ်တပ်စခန်း မှပစ် ခတ်မှုကြောင့် ဆင်သေပြင်ရွာမှ ရိုဟင်ဂျာမိန်းကလေးငယ်တစ်ဦး ကျည်ဆံထိမှန်သွားသည်။

Tuesday, January 14, 2020

မြန်မာ- ရိုဟင်ဂျာများအတွက် အပြည်ပြည်ဆိုင်ရာ တရားစီ ရင်မှု တောင်းခံခြင်း

HUMAN
RIGHTS
WATCH
 


ဇန္နဝါရီလ 14, 2020

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုအပေါ် ဖြိုခွင်းမှု တင်းကျပ်လာခြင်း

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ ကောက်စစ်ဘဇား၌ ဒုက္ခသည်စခန်းရှိ စားသောက် ဆိုင် တစ်ခုတွင် ရိုဟင်ဂျာဒုက္ခသည်များ ICJ တရားစွဲဆိုခြင်းကို ကြည့်နေကြသည်။ © 2019 Allison Joyce/Getty Images
 
(၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်၊ ဘန်ကောက်မြို့) - မြန်မာ အစိုးရအနေဖြင့် ရိုဟင်ဂျာများနှင့် အခြားတိုင်းရင်း သား လူနည်းစုများအပေါ် ၎င်း၏လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် အပြည်ပြည်ဆိုင်ရာ တရား စီရင်မှုအ တွက် ၂၀၁၉ ခုနှစ်အတွင်း ဖိအားတိုး၍ရင်ဆိုင်ခဲ့ရကြောင်း (လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့) Human Rights Watch က ၎င်း၏ ၂၀၂၀ ခုနှစ် ကမ္ဘာ့အစီရင်ခံစာ တွင် ယနေ့ ပြောဆိုခဲ့ပါသည်။ထိုနှစ်အတွင်းအာဏာပိုင် များက ဖိနှိပ်ချုပ် ချယ်သည့် ပြစ်မှုဥပဒေများကို တိုးမြှင့်၍အသုံးပြုခဲ့သည့်အတွက် လွတ်လပ်စွာ ထုတ်ဖော် ပြော ဆိုခွင့်နှင့် လွတ်လပ်စွာ စည်းရုံးခွင့်တို့သည်လည်း သိသာစွာ ချဆင်းခဲ့ပါသည်။

Sunday, January 5, 2020

Episode 108: မြန်မာနိုင်ငံအပြင်ဘက် ထွက်ပြေးနိုင်ဖို့ စွန့်စားနေတဲ့ရိုဟင်ဂျာများ

Frontier
MYANMAR
January,2 2020
ရခိုင်ပြည်နယ်မှာ ကြုံတွေ့နေရတဲ့အခက်အခဲမျိုးစုံက ရိုဟင်ဂျာတွေကို တခြားအရပ်ဒေသတွေမှာ ပိုမို ကောင်း မွန်တဲ့ဘဝကို ရှာဖွေနိုင်ဖို့အတွက် တွန်းအားဖြစ်စေပါတယ်။ ဒါပေမဲ့ လဝကဥပဒေများ၊ အလိမ်အ ညာပွဲစားများနဲ့ ထောင်ကျနိုင်တဲ့ အန္တရာယ်တွေလည်း ရှိနေပါတယ်။ ဒီတစ်ပတ်မှာတော့ မိတ်ဖက်မီဒီယာ ဖြစ်တဲ့ Frontier Myanmar English Magazine နဲ့ ဒို့အသံတို့ဟာ မြန်မာနိုင်ငံရဲ့ အပြင်ဘက်မှာ ပိုမိုကောင်းမွန် တဲ့ ဘဝတွေကို ရရှိဖို့အတွက် စွန့်စားထွက်ပြေးနေတဲ့ ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။ ဒီဆောင်းပါးအပြည့်အစုံကိုနားဆင်နိုင်ပါပြီ။

Thursday, January 2, 2020

Episode 108: မြန်မာနိုင်ငံအပြင်ဘက် ထွက်ပြေးနိုင်ဖို့ စွန့်စားနေတဲ့ရိုဟင်ဂျာများ

Frontier
MYANMAR
Thursday, January 02, 2020
ရခိုင်ပြည်နယ်မှာ ကြုံတွေ့နေရတဲ့အခက်အခဲမျိုးစုံက ရိုဟင်ဂျာတွေကို တခြားအရပ်ဒေသတွေမှာ ပိုမို ကောင်း မွန်တဲ့ဘဝကို ရှာဖွေနိုင်ဖို့အတွက် တွန်းအားဖြစ်စေပါတယ်။ ဒါပေမဲ့ လဝကဥပဒေများ၊ အလိမ်အညာ ပွဲစားများ နဲ့ ထောင်ကျနိုင်တဲ့ အန္တရာယ်တွေလည်း ရှိနေပါတယ်။ ဒီတစ်ပတ်မှာတော့ မိတ်ဖက်မီဒီ ယာ ဖြစ် တဲ့ Frontier Myanmar English Magazine နဲ့ ဒို့အသံတို့ဟာ မြန်မာနိုင်ငံရဲ့အပြင်ဘက်မှာ ပိုမိုကောင်းမွန်တဲ့ ဘဝတွေကို ရရှိ ဖို့အတွက် စွန့်စားထွက်ပြေးနေတဲ့ ရိုဟင်ဂျာတွေနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။ ဒီ ဆောင်း ပါးအပြည့်အစုံကို နားဆင် နိုင်ပါပြီ။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */