" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, January 27, 2020

စခန်းတွင်း ရိုဟင်ဂျာခရစ်ယာန်တွေ အကြမ်းဖက်တိုက်ခိုက် ခံရ

VOA
ဗွီအိုအေ (မြန်မာဌာန)
ကိုမိုးဇော်
27 ဇန်နဝါရီ၊ 2020
 Kutupalong ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာများ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Kutupalong ဒုက္ခသည်စခန်းမှာ တနင်္ဂနွေနေ့ညက ခရစ်ယာန်ဘာသာဝင်တွေက အ ကြမ်း ဖက် အတိုက်ခိုက် ခံရတာ ကြောင့် လူ ၁၂ယောက် ဆေးရုံတက်နေရကြောင်း ရိုဟင်ဂျာ ခရစ်ယာန် ဒုက္ခသည်များဆိုင်ရာ ကော်မတီအဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။ ဒီတိုက်ခိုက်မှုမှာ နေအိမ်တွေနဲ့ ဘုရား ကျောင်းကိုလည်း ဖျက်ဆီးခံရတယ်လို့ ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်း ထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazaar ခရိုင်မှာ တည်ရှိတဲ့ Kutupalong စခန်းဟာ မြန်မာနိုင်ငံ ရခိုင်ပြည်မြောက် ပိုင်းကတိမ်းရှောင်သွားတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေထိုင်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ည ၁၂လောက်မှာတော့ ဒုကသည်စခန်းအတွင်းက ခရစ်ယာန်လူနည်းစုတွေတိုက်ခိုက်ခံ ရ ကြောင်းဒီစခန်းနဲ့ အဆက်အသွယ်ရှိတဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ အခြေစိုက် ရိုဟင်ဂျာ ခရစ်ယာန် ဒုက္ခသည်များဆိုင်ရာ ကော်မတီရဲ့ တာဝန်ခံ ဆိုနာမီယာက ပြောပါတယ်။

“ ဒီရိုဟင်ဂျာခရစ်ယာန်တွေက သူတို့ ARSA အကြမ်းဖက်သမားတွေက ညမှာ ညသန်းခေါင်မှာလာပြီးသူတို့ အိမ်တွေ မီးရှို့တယ်၊ နောက်ပြီးမှ ခရစ်ယာန်ရဲ့ဘုရားကျောင်းတစ်ခုက ဖျက်ပစ်လိုက်တယ်။ ဓါးနဲ့ ခုတ်လိုက် တာ ပေါ့နော်။ နောက် သေနတ်နဲ့ ၉ချက် သူတို့က သေနတ်နဲ့ပစ်လိုက်တယ်။ အဲဒီမှာ လူတော်တော်များများ ဒဏ်ရဖြစ်သွားတယ်။ ဘင်္ဂလားဒေ့ရှ်မှာ Hospital မှာ လူ၁၂ယောက်လောက် ဆေးကုသနေတယ်။ ၁၂ ယောက်က သေမလား ရှင်မလား ပြောလို့ မရဘူး အခုထက်ထိ ဆေးကုသနေတုန်းပဲ။ ကျနော်မှာဓါတ်ပုံတွေ ဘာတွေ အားလုံးရှိတယ်။ video တွေလည်း ရှိတယ်။ ”

Cox’s Bazar ခရိုင်က အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်ကတော့ မနေ့ညက တိုက်ခိုက်မှုကို ARSA အဖွဲ့တွေက ဆောင်ရွက်တာဖြစ်ကြောင်း၊ လောလောဆည် လူ၈ယောက် ဆေးရုံတက်နေရကြောင်းနဲ့ ခရစ် ယာန်ဘာသာဝင်တွေပိုင်ဆိုင်တဲ့ အဖိုးတန်ပစ္စည်းတွေနဲ ကွန်ပြူတာတွေကိုလည်း လုယက်သွားကြောင်း ပြောပါတယ်။

Kutupalong ဒုက္ခသည်စခန်းမှာနေထိုင်နေသူ တစ်ဦးကို ဆက်သွယ်မေးမြန်းရာမှာတော့ ဒီသတင်းကို သူ မကြားသိရကြောင်းနဲ့ စခန်းမှာ ခရစ်ယာန်တွေ မရှိကြောင်း အခုလို ပြောပါတယ်။

“ကျနော်ကတော့ အခုထိ သတင်းတော့ မရသေးဘူး အကိုကြီး။ ဒုက္ခသည် မွတ်ဆလင်လက်ထဲမှာ ခရစ် ယာန်မရှိဘူး အကိုကြီး။ ”

မနေ့ညက ဖြစ်ပွားတဲ့ တိုက်ခိုက်မှုဟာ ARSA အဖွဲ့တွေက တိုက်ခိုက်တာဖြစ်ကြောင်းကိုတော့ သီးခြား အတည် ပြုချက် မရသေးပါဘူး။ ဒါကာမြို့က ဘင်္ဂလားဒေ့ရ်ှနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ဆက် သွယ်မေးမြန်း ရာမှာလည်း ဖုန်းလက်ခံဖြေဆိုတာ မရှိခဲ့ပါဘူး။

ကုသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ ဟာ Kutupalong ဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပြီးတဲ့ နောက် ဒီလ ၂၃ ရက် နေ့ ဒါကာ မြို့မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တော့ စခန်းမှာ ရှိတဲ့ ခရစ်ယာန်လူနည်းစုတွေဟာ အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ ပြောဆိုထားပါတယ်။

“ ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာခရစ်ယာန်တွေကိုလည်း ကျမ တွေ့ခဲ့ပါတယ်။ သူတို့ရဲ့ အနေအထားက အခက်ခဲဆုံးအခြေအနေမှာရှိပါတယ်။ ရခိုင်မှာတုန်းက မြန်မာအစိုးရရဲ့ ဘာသာရေးဖိနှိမ်မှုကို ခံကြရသလို အခုအခါမှာတော့ စခန်းတွင်းမှာ အတူနေသူတွေရဲ့ အကြမ်းဖက်မှုကို ခံနေရတယ်လို့ သူတို့က ပြောပါတယ်။ ”

ရိုဟင်ဂျာ ခရစ်ယာန် ဒုက္ခသည်များဆိုင်ရာ ကော်မတီက အဲဒီနေ့မှာ ထုတ်ပြန်ချက်မှာတော့ မစ္စယန်ဟီးလီနဲ့အဖွဲ့ က သူတို့တွေကို လာရောက်တွေ့ဆုံပြီး သူတို့အခက်အခဲတွေကို နားလည်တဲ့အတွက် ကျေးဇူးတင် ရှိကြောင်း ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ၂၀၁၇ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ARSAအဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို အစိုးရတပ်မတော်က နှိပ်နင်း ခဲ့တဲ့နောက် ရိုဟင်ဂျာဒုက္ခသည် ၇သိန်းလောက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့ပါတယ်။ သူတို့တွေကို ပြန်လည်လက်ခံဖို့ နိုင်ငံတကာက တိုက်တွန်းခဲ့ချိန်မှာ မြန်မာအစိုးရက စိစစ်လက်ခံမှာဖြစ် ကြောင်း တုံ့ပြန်ခဲ့ပေမဲ့ ရိုဟင်ဂျာဆိုတဲ့အမည်ကိုတော့ အသိအမှတ် မပြုပါဘူး။

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */