" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, January 22, 2020

ရိုဟင်ဂျာကလေးပညာရေး ကူညီဖို့ ဘင်္ဂလားဒေ့ရှ်ကို AI တိုက်တွန်း

VOA
ဗွီအိုအေ( မြန်မာပိုင်း)
22 ဇန္နဝါရီ၊ 2020
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည် ကလေးတွေကို ပညာရေးအကူအညီပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ Amnesty International က တိုက်တွန်းလိုက်ပါတယ်။
ရိုဟင်ဂျာ ကလေးတွေ ပညာသင်ကြားခွင့်ရရေး ဘင်္ဂလားဒေ့ရှ် အစိုးရကို တိုက်တွန်းတဲ့ လှုပ်ရှားမှုကိုလည်းစတင် ခဲ့တာပါ။ ထောင်သောင်းချီတဲ့ ရိုဟင်ဂျာကလေးတွေဟာ မြန်မာနိုင်ငံမှာ သာမက ဒုက္ခသည်အဖြစ် ခိုလှုံနေတဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာလည်း ပညာမသင်နိုင်ပဲ ဖြစ်နေရကြောင်းလည်း ပြောဆိုထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar က ဒုက္ခသည်စခန်းတွေမှာ သန်းဝက်လောက်ရှိတဲ့ ရိုဟင်ဂျာ ကလေးတွေဟာ ပညာမတတ်တဲ့ မျိုးဆက်တခု ဖြစ်လာနိုင်မယ့် အန္တရာယ်နဲ့ ရင်ဆိုင် နေရတယ်လို့လည်း ပြောဆိုခဲ့တာပါ။ ပညာမတတ်ပဲ ကြီးပြင်းလာတဲ့ ကလေးတွေ အနေနဲ့ မူးယစ်ဆေးဝါး မှောင်ခိုမှု၊ လူမှောင်ခိုမှု၊ လက်နက်ကိုင် အဖွဲ့တွေက စည်းရုံးသိမ်းသွင်းမှု အပါအဝင် ကြီးလေးတဲ့ ရာဇဝတ်မှုမကင်းတဲ့ လုပ်ရပ်တွေမှာ အသုံးချခံရနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

သင့်တော်တဲ့ ဘာသာစကားနဲ့ သင်ရိုးညွှန်းတမ်း အထောက်အကူတွေနဲ့ ပညာသင်ကြား ပေးနိုင်မယ်ဆိုရင် ရိုဟင်ဂျာ ကလေးတွေ အနေနဲ့ သူတို့ရပိုင်ခွင့် အခွင့်အရေးတွေ ရရှိခံစားနိုင်သလို၊ သူတို့နေထိုင်ရာ လူမှုအသိုင်းအဝန်းနဲ့ စီးပွားရေးမှာလည်း အထောက်အကူ ဖြစ်လာနိုင်ကြောင်း ပြောဆိုထားတာပါ။

ရိုဟင်ဂျာ ကလေးတွေ ပညာသင်ကြားခွင့်ရရေး ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina ကို Amnesty International က ဝဘ်ဆိုဒ်စာမျက်နှာကနေ စာရေးသား တိုက်တွန်းဖို့လည်း စီစဉ်ထားပါတယ်။

ရိုဟင်ဂျာ ကလေးတွေကို ပညာသင်ကြားခွင့်ပေးတာဟာ နေရပ်ပြန်ရေး လုပ်ငန်းစဉ်တွေမှာ အဟန့်အတားမဖြစ် နိုင်ကြောင်းလည်း ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် လက်ခံမထားပေမဲ့ ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လည်လက်ခံမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */