" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, June 6, 2020

ရိုဟင်ဂျာဒုက္ခသည်စခန်းအနီး ကော့ဘဇားဒေသကို ကိုရိုနာ ဗိုင်းရပ်စ် အနီရောင်ဇုန်အဖြစ် ကြေညာ

မဇ္ဈိမ
ဇွန် ၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒေသမှ အာဏာပိုင်များသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု ဘေးများ ကြောင့် ဒေသရှိ အချို့နေရာများကို အနီရောင်ဇုန်အဖြစ် သတ်မှတ်ကြေညာပြီး ကော့ဘဇား အုပ်ချုပ်ရေး နယ် မြေကို လော့ဒေါင်းချလိုက်ပြီ ဖြစ်သည်။

အစိုးရက တစ်နိုင်ငံလုံး လော့ဒေါင်းချထားသည်ကို ရုပ်သိမ်းလိုက်အပြီး သီတင်းတစ်ပတ်မှာပင် ကမ္ဘာ့အကြီး ဆုံး ဒုက္ခသည်စခန်းရှိရာ ကော့ဘဇားတွင် COVID-19 ကူးစက်ဖြစ်ပွားမှုနှုန်း ရုတ်ခြည်းတိုးမြင့်လာခြင်းဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်ရေးဆိုင်ရာ ဌာနေကော်မတီက သောကြာနေ့ အစည်းအဝေးတွင်ကော့ဘဇားအုပ်ချုပ်ရေးနယ်မြေအား လော့ဒေါင်းချရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း နယ်မြေအုပ်ချုပ်ရေးမှူး ကာမယ်ဟိုစိန်က ပြောသည်။ ယနေ့ စနေနေ့မှသည် ဇွန် ၂၀ ရက်အထိ လော့ဒေါင်း အသက်ဝင်မည် ဖြစ်သည်။

နယ်မြေအတွင်း COVID-19 လူနာသည် လက်ရှိအထိ ၈၇၇ ဦး ရှိနေပြီး ကော့ဘဇားဆာဒါအူပါဇီလာ အရပ် သည် ကူးစက်ဖြစ်ပွားမှု အမြင့်ဆုံးဖြစ်ကာ ၃၆၄ ဦး ရှိသည်။

ရိုဟင်ဂျာဒုက္ခသည်စခန်းများအတွင်း ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်တွေ့ရှိသူ ဒုက္ခသည် ၃၅ ဦး ရှိသည်။

လော့ဒေါင်းအမိန့်အရ သီးခြားအုပ်စုများ၊ မိသားစုများ၊ လူမှုရေးအဖွဲ့များနှင့် နိုင်ငံရေးစုရုံးမှုများကို အာဏာ ပိုင် များက တားမြစ်ပိတ်ပင်သွားမည်ဖြစ်သည်။

လူတိုင်းအားလုံး အိမ်ထဲမှာပင် နေကြရမည်ဖြစ်ပြီး အစိုးရနှင့် ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးယာဉ်များ ရပ် နားထားရမည် ဖြစ်သည်။

မရှိမဖြစ် ကုန်စည်များ သယ်ဆောင်သော ယာဉ်များကိုသာ နံနက် ၈ နာရီမှ ည ၈ နာရီအထိ ခွင့်ပြုပေးထား မည်ဖြစ်ကြောင်း သိရသည်။

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */