" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, May 30, 2020

ICJ အမှု လုံခြုံရေးကောင်စီက အရေးယူဖို့ ရိုဟင်ဂျာတွေ ကြိုးပမ်း

RFA
လွတ်လပ်တဲ့အာရှအသံ
မြန်မာဌာန | သတင်းများခင်မောင်စိုး
2020-05-28

နယ်သာလန်နိုင်ငံ သဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ကို မေလ ၂၂ ရက်နေ့က မြန်မာအစိုးရ တင်ပြခဲ့တဲ့ အစီရင်ခံစာမှာ ပါဝင်တဲ့အချက်တွေကို တရားဝင်မသိရပေမယ့် နိုင်ငံတော်သမ္မတ ရုံးက ဧပြီလ ၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် ၂ ခုမှာ ဖော်ပြထားတဲ့အချက်တွေလည်း ပါဝင်မယ်လို့ ယူဆရ ပါတယ်။ ပထမ ကြေ ညာ ချက်က လူမျိုးပြုန်းစေမှုကို တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး နိုင်ငံတကာသေ ဘာ တူစာချုပ် Genocide Convention ကို လိုက်နာဆောင်ရွက်ရန်ညွန်ကြားချက်ဖြစ်ပါတယ်။ အဲဒီ ကြေညာ ချက်မှာ လူမျိုးပြုန်းသတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန် ကြံစည်မှုတွေကို သိရှိရင် မည်သူမဆို နိုင်ငံတော် သမ္မတရုံးကို တင်ပြရမယ်လို့ ဖော်ပြထားပါတယ်။

ဒုတိယကြေညာချက်မှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ သက်သေအထောက်အထားနဲ့ ပစ္စည်းများကို ထိန်းသိမ်းထားရန် ညွန်ကြားထားပါတယ်။ အစိုးရဖွဲ့စည်းခဲ့တဲ့ လွတ်လပ်သောစုံစမ်းစစ်ဆေး ရေးကော်မ ရှင်က ဇန်နဝါရီလ ၂ဝ ရက်နေ့မှာ နိုင်ငံတော်သမ္မတကို တင်ပြခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားတဲ့ ဖြစ်ရပ် တွေနဲ့ ပတ်သက်တဲ့ သက်သေအထောက်အထားတွေကို ဖယ်ရှားဖျက်ဆီးခြင်းမပြုလုပ်ဖို့ ညွန်ကြားထား တာပါ။

နော်ဝေနိုင်ငံမှာရှိတဲ့ လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက….

“လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်က စုံစမ်းစစ်ဆေးတဲ့အချက်တွေ တော်တော်များများပါဝင်မယ်။ နောက်ပြီး စစ်ခုံရုံးကနေ အမိန့်ချလိုက်တဲ့ ပြစ်ဒဏ်ပေးတဲ့ကိစ္စတွေ ဖော်ပြမယ်လို့ထင်တယ်။ နောက်ပြီး မြန်မာနိုင်ငံအနှံ့အ ပြားက ဖမ်းမိတဲ့ ရိုဟင်ဂျာတွေကို တရားရုံးမတင်ဘဲ ပြန်လွှတ်ပေးလိုက်တဲ့ကိစ္စတွေ လည်း အပြုသဘောဆောင်တဲ့ ကိစ္စရပ်တွေအဖြစ်ပါဝင်မယ်လို့ ထင်တယ်။ နောက်ဆုံးအနေနဲ့ ဒုက္ခသည်စခန်းတွေ ဖျက်သိမ်းပြီး စခန်းထဲကလူတွေ နေရပ်ပြန်တဲ့သူ ပြန်နိုင်အောင် ဒါမှမဟုတ် စခန်းသစ်တခု နေရာသစ်မှာ သူတို့ရွာတည်ပြီးတော့စခန်းချနိုင်အောင် ဆောင်ရွက်တဲ့ကိစ္စတွေပါလိမ့်မယ်လို့ ကျနော်ထင်ပါတယ် ”

လန်ဒန်မြို့အခြေစိုက် မြန်မာရိုဟင်ဂျာအသင်းဥက္ကဌ ဦးထွန်းခင်က မြန်မာအစိုးရအနေနဲ့ သူတို့တင်ပြခဲ့ တဲ့ အစီရင် ခံစာကို လူသိရှင်ကြားထုတ်ပြန်ခြင်းမပြုတာဟာ ICJ က ချမှတ်ခဲ့တဲ့ ကြားဖြတ်စီမံဆောင်ရွက် ချက် တွေကို အ ကောင်အထည်မဖော်နိုင်လို့ဘဲလို့ ပြောပါတယ်။ မြန်မာအစိုးရရဲ့ အဲဒီ အားနည်းချက်တွေကို နိုင်ငံ တကာအကူ အညီနဲ့ဖော်ထုတ်ပြီး လုံခြုံရေးကောင်စီကတဆင့် အရေးယူနိုင်အောင် လုပ်ဆောင်နေတယ် လို့လဲ သူကပြောဆိုပါတယ်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင်က ဂမ်ဘီယာနိုင်ငံအနေနဲ့ မူလအစီ အစဉ်အရ လာမဲ့ဇူလိုင်လမှာ တင်ပြဖို့ရှိတဲ့ အစီရင်ခံစာကို အောက်တိုဘာလအထိ ၃ လ နောက် ဆုတ်ပေးဖို့ တင်ပြခဲ့တာဟာ သက်သေတွေကို ICJ မှာ လူကိုယ်တိုင်လာရောက်ထွက်ဆိုဖို့ စီစဉ်နေဟန် တူတယ်လို့ ပြောပါတယ်။

ရှေ့နေဦးမင်းလွင်ဦးကတော့ မြန်မာအစိုးရတင်သွင်းတဲ့အစီရင်ခံစာတွေ ခိုင်မာမှုရှိပြီး ဂမ်ဘီယာနိုင်ငံဘက် က လည်း အလုံအလောက်ခုခံချေပနိုင်ခြင်း မရှိဘူးဆိုရင် မြန်မာအစိုးရကို တရားစွဲဆို အပြစ်ပေးနိုင်တဲ့အ လား အလာ မရှိပါဘူးလို့ သုံးသပ်ပြောကြားပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */