" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, January 23, 2020

ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု သက်သေအထောက်အထားမတွေ့ကြောင်း မြန်မာအစိုးရ ကဖွဲ့စည်းတဲ့ ကော်မရှင် အစီရင်ခံစာမှာဖော်ပြ

NHK WORLD JAPAN
အင်္ဂါ ဇန်နဝါရီလ 21
ရိုဟင်ဂျာမွတ်ဆလင်လူနည်းစုတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်တယ်ဆိုတဲ့ သက်သေအထောက် အထား ကို မြန်မာအစိုးရက ဖွဲ့စည်းလိုက်တဲ့ ကော်မရှင်ဟာ မတွေ့ခဲ့ပါဘူး။

ရိုဟင်ဂျာတွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့က သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက် ပြီး ၂၀၁၈ခုနှစ်မှာ လွတ်လပ်တဲ့ စစ်ဆေးရေးကော်မရှင်တစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်။အဲဒီကော် မရှင်မှာ အဖွဲ့ဝင် ၄ဦးပါဝင်ပြီး သူတို့ထဲက ၂ဦးဟာ နိုင်ငံခြားသား ဖြစ်ပါတယ်။ အဲဒီထဲက တစ်ဦးဟာ ကုလသမဂ္ဂ ဆိုင်ရာ ဂျပန်သံ အမတ်ဟောင်း ခန်းဇို အိုရှီးမ (Kenzo Oshima) ဖြစ်ပါတယ်။

အဲဒီကော်မရှင်ရဲ့ နောက်ဆုံးအစီရင်ခံစာကို မြန်မာနိုင်ငံ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည် တို့ဆီ တနင်္လာနေ့က နေပြည်တော်မှာ တင်ပြခဲ့ပါတယ်။

စာမျက်နှာ ၄၆၁ မျက်နှာရှိတဲ့ အဲဒီအစီရင်ခံစာထဲက အကြောင်းအရာတွေကိုထုတ်ဖော်ကြေညာခြင်းမရှိသေး ပါ ဘူး။

ဒါပေမဲ့ အကျဉ်းချုပ်ကိုတော့ အဲဒီကော်မရှင်က ထုတ်ပြန်ပြီး ဖြစ်ပါတယ်။

၂၀၁၇ခုနှစ်က ရိုဟင်ဂျာလက်နက်ကိုင်တွေအပေါ် တိုက်ခိုက်ခဲ့ချိန်က မြန်မာ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ စစ်ရာ ဇဝတ်မှုနဲ့ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်မှုရှိခဲ့တယ်လို့ ယုံကြည်နိုင်တဲ့ ကျိုး ကြောင်းခိုင်လုံတဲ့ သတင်းအရင်းအမြစ်တွေရှိကြောင်း အဲဒီကော်မရှင်က ဆိုပါတယ်။

အဲဒီရာဇဝတ်မှုတွေထဲမှာ အပြစ်ကင်းမဲ့တဲ့ ရွာသားတွေကို သတ်ဖြတ်တာနဲ့၊ သူတို့ရဲ့နေအိမ်တွေကို ဖျက်ဆီး တာ တွေ ပါဝင်ကြောင်း အဲဒီအကျဉ်းချုပ်ထဲမှာ ဖော်ပြထားပါတယ်။ အဲဒီရာဇဝတ်မှုနဲ့ ပတ်သက်နေတဲ့လူ တွေ အပေါ် ဆက်လက်စစ်ဆေးမှုတွေ ပြုလုပ်ဖို့ အဲဒီအစီရင်ခံစာထဲမှာ တောင်းဆိုထားပါတယ်။

ဒါပေမဲ့ လူမျိုးရေး၊ တိုင်းရင်းသားအရေး၊ ဘာသာရေးဆိုင်ရာ အုပ်စုတစ်ခုကို ဖျက်ဆီးဖို့ ရည်ရွယ်ပြီး အဲဒီရာဇဝတ် မှုတွေကို ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲနိုင်လောက်အောင် လုံလောက်တဲ့ သက်သေအထောက်အထားမရှိ ဘူး လို့ အဲ ဒီအစီရင်ခံစာက ဆိုပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */