VOA
ဗွီအိုအေ (မြန်မာဌာန)
17 မေ၊ 2020
မဆုမွန်
17 မေ၊ 2020
မဆုမွန်
နယ်စပ်ဖြတ်ကျော်ပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်များ။ (နိုဝင်ဘာလ ၂၊ ၂၀၁၇)
ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော် မရှင် (ICOE) ရဲ့ အကြံပြုချက်တွေအတိုင်း ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေး တရားစွဲဆိုမှုတွေ လုပ်ဆောင် နေပါတယ်လို့ မေလ ၁၅ ရက်နေ့ နေ့စွဲနဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးကနေ ပထမဆုံးအကြိမ် ထုတ်ပြန်ကြေ ညာတာပါ။ နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းပေးခဲ့တဲ့ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနဲ့ တရားစွဲဆိုခြင်း များ ဆောင်ရွက်ရေးအဖွဲ့မှာပါတဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကနေ နိုင်ငံတကာ ရာဇ ဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
SEE ALSO:
အထူးသဖြင့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်က နေရာ ၁၃ ခုမှာ ဖြစ်ပွားခဲ့တဲ့ ရာဇဝတ်မှုတွေထဲကနေ အခုချိန်အထိ အမှုဖွင့် အရေးယူဆောင်ရွက်နေတာဟာ အမှု ပေါင်း ၉၁ မှုအထိ ရှိနေပါကြောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံးက မေလ ၁၅ ရက်နေ့က ကြေညာတာပါ။
အခုလို ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ ထုတ်ပြန်ချက်ထဲပါတဲ့ တရားစီရင်မှု စုံစမ်းစစ်ဆေးမှုတွေဟာ အထူး သဖြင့် ရခိုင်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကြုံနေရတယ်လို့ စိုးရိမ်နေတဲ့ နိုင်ငံတကာရဲ့ ယုံကြည်မှုရအောင် ခိုင်မာတဲ့ အရေးယူဆောင်ရွက်မှုတွေနဲ့ သက်သေပြဖို့ လိုတယ်လို့ လူ့အခွင့်အရေး လှုပ် ရှားသူ ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက အကြံပြုပါတယ်။
“မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးအပိုင်းနဲ့ ပတ်သက်လို့ကတော့ နိုင်ငံတကာမှာရော ပြည်တွင်းမှာရှိတဲ့ ပြည်သူတွေရော တော်တော်များများက သံသယရှိတယ်။ တကယ့်ကို သက်သေအထောက်အထား အခိုင်အ လုံရှိတဲ့ သာမန် အရပ်သားအမှုတွေတောင် ပျောက်သွားတာရှိတယ်။ အခုလိုမျိုး လူ့အခွင့်အရေး ချိုးဖောက် မှုတွေဖြစ်တယ်၊ နောက်တခုက ကျူးလွန်တဲ့သူတွေက အစိုးရနဲ့ သက်ဆိုင်တဲ့အဖွဲ့တွေ နောက် အာဏာ ရရှိထားတဲ့ အဖွဲ့တွေက ကျုးလွန်တဲ့အမှုမျိုး ဆိုလို့ရှိရင် ပြည်တွင်းမှာရှိတဲ့ တရားစီရင်ရေးက အကောင်အ ထည် ဖော်နိုင်မလားဆိုတာ အမြဲတမ်း သံသယရှိသလို မေးခွန်းလည်း ထုတ်ခံထိပါတယ်။ ဒါကို နိုင်ငံတကာ ကလည်း အဓိက ထောက်ပြတယ်။
“ဒီလို ပြည်တွင်းတရားစီရင်ရေးမဏ္ဍိုင် အားမကောင်းတဲ့အတွက် နိုင်ငံတကာ တရားစီရင်မှုကိုပဲ သွားပါဆို တဲ့ တိုက်တွန်းမှုတွေ ရှိလာတယ်။ ဒါကြောင့် အခုစုံစမ်းတယ်လို့ ကျနော်တို့သိတယ်။ ဟုတ်ကဲ့ ကောင်းပါ တယ်။ စုံစမ်းပြီးတော့ ထိရောက်သော အရေးယူမှု ရလား မရလား အရင်တုန်းကလို ရခိုင်ဒေသမှာပဲ အပြစ် မဲ့ပြည်သူကို သတ်ဖြတ်ပါတယ်ဆိုတဲ့ တပ်မတော်သားတွေကို အရေးယူတာ ကျနော်တို့သိတယ်။ နောက် ပိုင်းမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လပိုင်းလောက်ပဲ နေပြီးတော့ ပြန်လွတ်သွားတယ်ဆိုတဲ့ ကိစ္စက ဂုဏ်တက် မယ့်အစား ပိုပြီးတော့ နာမည်ပျက်စရာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်လို့ ရှေ့နေချုပ်ရုံးက လုပ် ဆောင်တာ ကောင်းပါတယ်။ အမှန်အတိုင်း သွားနေပါတယ်ဆိုတဲ့ လမ်းကြောင်းဆိုတာကို ပြောနိုင်ပေမယ့် ယုံကြည်မှုရဖို့ကတော့ တော်တော်အားနည်းနေတုန်း ဖြစ်မှာပါ။”
ရခိုင်ပြည်နယ်အရေး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေးကော်မရှင်အဖွဲ့ ဝင်လည်းဖြစ် ဘာသာပေါင်းစုံ ချစ်ကြည်ငြိမ်းချမ်းရေး ဦးဆောင်လှုပ်ရှားသူလည်းဖြစ်တဲ့ ဟာဂျီဦးအေးလွင် က တော့ အခုလို ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ ရခိုင်အရေး စုံစမ်းစစ်ဆေး ဖော်ထုတ်အရေးယူမှုတွေကို ထုတ်ပြန်ကြေညာချက်အပေါ် ကြိုဆိုထောက်ခံပြီး တကယ်ပဲ လူ့အခွင့်အရေး ချိုးဖောက်မှုကို ကျူးလွန် သူ တွေကို အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဖို့လိုတယ်လို့ အကြံပေးပါတယ်။
“တစ်အချက်ကတော့ အခုကျူးလွန်ခဲ့တယ်ဆိုတဲ့ ဟာတွေကို အသိအမှတ်ပြုပြီလေ။ ဒါကတော့ ကောင်း တဲ့ခြေလှမ်းတခုပေါ့နော်။ အဲ့တော့ တကယ်ကျူးလွန်ခံရလို့ ဒုက္ခရောက်သွားတဲ့ သူတွေကတော့ နစ်နာသူ VICTIMS တွေကတော့ သူတို့ကြုံရတဲ့ ဒုက္ခတွေကတော့ ပြန်ကုစားဖို့ လွယ်တော့မှာမဟုတ်ဘူး။ သို့သော် ပြစ်မှုကျူးလွန်ခဲ့တဲ့သူတွေကို ပြစ်မှုနဲ့ပြစ်ဒဏ် မျှအောင် အရေးယူဆောင်ရွက်ဖို့တော့ လိုတယ်။ မဟုတ်လို့ ရှိရင် ပြစ်မှုကို ကာကွယ်ပေးတဲ့ Impunity ဆိုတဲ့ ကာလထဲကို ဝင်သွားလိမ့်မယ်။ အဲ့ဒါကြောင့် တကယ် ပြစ် မှုကျုးလွန်တယ် ဆိုတဲ့သူတွေကို စုံစမ်းစစ်ဆေးတဲ့နေရာမှာ နောက်နောင် ဒီလိုကိစ္စရပ်တွေ မဖြစ်ရလေ အောင် အဟန့်အတား ဖြစ်သွားစေပါတယ်။ အဲ့ဒါကြောင့် တိတိကျကျ တရားခံများကို ဖော်ထုတ်ဖို့ရယ် အ ထောက်အထားတွေကို ခိုင်မာအောင် တည်ဆောက်ဖို့ လိုတယ်လို့ ပြောချင်ပါတယ်။
“အပြစ်ပေးသလို ဒီလိုအဖြစ်ဆိုးတွေ ထပ်မဖြစ်အောင် လူမှုအသိုင်းအဝိုင်းကြား သဟဇာတဖြစ်အောင် ဘာ သာပေါင်းစုံတွေကလည်း ဝိုင်းကြိုးစားနေကြပါတယ်။ နောက် နှစ်နိုင်ငံချင်းရော UNHCR, UNDP စတဲ့ ကု လ နဲ့ရော သဘောတူညီချက်တွေ လက်မှတ်ထပ်ထိုးနေတာတွေရှိတယ်။ အဲ့တော့ နစ်နာသူ ထွက်ပြေးရ သူ တွေဟာ အခုဆိုရင် သူတို့ရဲ့ နေရင်းမှာပဲ ပြန်အခြေချနေချင်ကြတယ်။ နောက် သူတို့ပိုင်ဆိုင်တဲ့ အိုးအိမ် လယ်ယာ ကျွဲနွားတွေ ပြန်မရနိုင်တောင် လျော်ကြေးပေးရမယ်။ သူတို့ အသက်မွေးဝမ်းကြောင်းမှု လူတွေ ပြန်ရောက်လာရင်လည်း လုပ်ဖို့လိုအပ်တယ်။ အဲ့ဒါလေးတွေလည်း အဓိကဦးစားပေး လုပ်ဖို့လိုတယ်လို့ ကျနော်က ထင်ပါတယ်ခင်ဗျာ။”
SEE ALSO:
စစ်ရေးပဋိပက္ခတွေအတွက် တပ်မတော် တာဝန်ယူမှုရှိဖို့လို
လူ့အခွင့်အရေးလှုပ်ရှားသူ ဦးအောင်မျိုးမင်းကတော့ ဒီစီရင်မှုတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရှိနဲ့ အများပြည်သူ ကြားနာနိုင်တဲ့ ခုံရုံးတွေဖွင့်ပြီး အသိပေးသင့်တယ်လို့ ဆိုပါတယ်။
“ဒါမျိုးကိစ္စတွေ စွပ်စွဲခံထိတဲ့သူတွေကို ဘယ်လိုမျိုး အရေးယူလဲ၊ ဘယ်လိုအချက်တွေနဲ့ ဘယ်လောက်အထိ အရေးယူသလဲဆိုတာ ပွင့်လင်းမြင်သာသော တရားစီရင်မှု အမိန့်ချမှတ်မှုတွေကို ပြည်သူလူထုသိအောင် လုပ် ဆောင်စေချင်ပါတယ်။ ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ လူအများကြားနာနိုင်တဲ့ တရားရုံးနဲ့ ကြားနာရမယ်ဆိုတဲ့ အချက်ပါတယ်။ ဘယ်လိုအရေးယူပြီးတော့ ဘယ်လောက်ထိ လုပ်ဆောင်ထားသလဲဆို တာကို ရီပို့ထဲမှာတင်မကဘဲ ပြည်သူတွေကြားထဲမှာလည်း ပွင့်ပွင့်လင်းလင်း လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။
“နောက်တခုက ရီပို့တင်ခါနီးမှ ဒီလိုအမှုတွေကို ဖြေရှင်းတာမျိုး မဟုတ်ဘဲနဲ့ ရခိုင်ပြည်နယ်မှာ တလျှောက် လုံးဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုင်ရှင်မဲ့ဆိုပြီး ပျောက်သွားတဲ့ အမှုတွေကလည်း အများကြီး ပဲ။ ဒီအမှုတွေကို စဉ်ဆက်မပြတ် စုံစမ်းစစ်ဆေးမှုတွေနဲ့ ထိရောက်သော အရေးယူသော တရားဥပဒေစိုးမိုး မှုနဲ့ တရား စီရင်မှု အားကောင်းဖို့ဆိုတဲ့ စနစ်ကြီးကို ထူထောင်နိုင်မှဖြစ်မှာပါ။ ရီပို့တင်ခါနီးမှ အမှုတွေ တင်ပြ တာမျိုး ဆိုရင်တော့ ဟန်ပြသဘောမျိုးပဲ မြင်ကြမှာ သေချာပါတယ်။”
ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်လို့ စုံစမ်းခဲ့တဲ့ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် Independent Commission Of Enquiry (ICOE) ရဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲကပဲ ထုတ်ပြန်ခဲ့တဲ့ အပြီးသတ် အစီရင်ခံ စာ ထဲမှာ ရခိုင်ပြည်နယ် မင်းကြီးရွာ၊ ချွတ်ပြင်ရွာ၊ မောင်နုရွာနဲ့ ဂူတာပြင်ကျေးရွာတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လက် ချက်နဲ့ အစုလိုက် အပြုံလိုက် သတ်ခံခဲ့ရတယ်ဆိုတာ ထည့်သွင်းဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်တွင်း လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ နိုင်ငံတကာတရားခုံရုံး (ICJ) မှာ တရားစွဲဆိုခံထားရပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် သွားရောက်ဖြေရှင်းခဲ့ရတာပါ။ ရ ခိုင်ပြည်အရေးမှာ ရာဇဝတ်ပြစ်မှု ကျုးလွန်သူတွေကို တရားရုံးတင် စုံစမ်းစစ်ဆေးမှုတွေ ဖော်ထုတ်အရေး ယူ မှုတွေဟာ နိုင်ငံတကာကိုရော ပြည်သူလူထုကိုပါ ပွင့်လင်းမြင်သာစွာနဲ့ အများပြည်သူ တက်ရောက်နိုင် တဲ့ တရားခွင်တွေ ဖွင့်လှစ်ပြီး ထုတ်ဖော်ပြသင့်တယ်လို့ လူ့အခွင့်အရေး ဆောင်ရွက်နေသူတွေက ထောက်ပြ ပြောဆိုနေကြတာ ဖြစ်ပါတယ်။

Link : Here
No comments:
Post a Comment