" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, January 27, 2020

လူသားဆန်မှုအတွက် ကဗျာရွတ်ပွဲ ရိုဟင်ဂျာ ကဗျာဆရာ တွေ ပါဝင်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
27 ဇန္နဝါရီ၊ 2020 
ကော့ဇ်ဘဇား ဒုက္ခသည်စခန်းတွင်းမှ ရိုဟင်ဂျာဒုက္ခသည်အချို့။ (သြဂုတ် ၂၂၊ ၂၀၁၉)
 
“လူသားဆန်မှုအတွက် ကဗျာ” လို့ နာမည်ပေးထားတဲ့ ကဗျာရွတ်ပွဲနဲ့ ဆွေးနွေးပွဲတွေကို ရန်ကုန်မှာ သုံး ရက်ကြာ ပြုလုပ်ခဲ့ပြီး တတိယမြောက်နေ့ဖြစ်တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့ တနင်္ဂနွေနေ့ကတော့ ရိုဟင်ဂျာ ကဗျာဆရာတွေလည်း ဗွီဒီယိုကနေ ပါဝင်ခဲ့ပါတယ်။

ဘင်္ဂလားဒေရှ့်နိုင်ငံ ကော့ဇ်ဘဇား ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ ကဗျာဆရာတွေလည်း Skype ကနေတဆင့် ပါဝင်ရွတ်ဆိုခဲ့ကြတာပါ။


ကဗျာဆရာ မောင်ဆောင်းခကတော့ ဒီကဗျာရွတ်ပွဲလုပ်ရတဲ့ အကြောင်းရင်းကို အခုလို ပြောပါတယ်။

“ပခုံးနှစ်ဖက်ကြားကနေ ခေါင်းပေါက်ပြီး လူရယ်လို့ ဖြစ်လာကတည်းက လူတိုင်း တန်းတူညီမျှသော အခွင့် အရေးနဲ့ လူသားတယောက်လို ဆက်ဆံရမယ်ဆိုတဲ့ အခြေအနေပေါ်မှာ လူတွေရသွားချင်တဲ့ ရည်ရွယ်ချက် နဲ့ပဲ ကျနော် ဒီဟာလုပ်တာ ဖြစ်ပါတယ်။”

ကော့ဇ်ဘဇား ဒုက္ခသည်စခန်းက မေယုအလီရဲ့ My Words ဆိုတဲ့ ကဗျာထဲမှာတော့ သူ့ရဲ့စကားလုံးတွေ ဟာ အစိုးရကို ကြောက်ရွံ့ရတာထက် ပိုပြီး အင်အားကြီးတယ်လို့ ရွတ်ဆိုသွားပါတယ်။

အသက် ၂၇ နှစ်အရွယ် အလီက သူဟာ မြန်မာပြည်ကိုချစ်ကြောင်း၊ ရိုဟင်ဂျာတွေဟာလည်း မြန်မာပြည်ကဖြစ် ကြာင်း မြန်မာပြည်မှာ နေသူတွေကို ပြသလိုတယ်လို့ AFP သတင်းအေဂျင်စီကို ပြောဆိုခဲ့ပါတယ်။

အစိုးရကတော့ ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးရသူတွေကို စိစစ်ပြီး ပြန်လည် လက်ခံမယ်လို့ ပြောထားပေမယ့် ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။

မြန်မာနိုင်ငံတွင်းမှာတော့ ဒီလူတွေဟာ ဘင်္ဂလားဒေရှ့်ကနေ တရားမဝင် ဝင်ရောက်လာတဲ့သူတွေလို့ ရည် ညွှန်းချက်နဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂါလီတွေလို့ သုံးနှုန်း ပြောဆိုမှုတွေလည်း ရှိပါတယ်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */