" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, May 8, 2020

ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွား နိုင်ခြေများနေ

လွတ်လပ်တဲ့အာရှအသံ( RFA )
မြန်မာဌာန | သတင်းများ
2020-05-07
ကိုရိုနာဗိုင်းရပ်စ် ရောဂါ ဖြစ်ပွားနေတဲ့အချိန်အတောအတွင်း ထိခိုက်အလွယ်ဆုံး လူနည်းစုတွေကို ဘယ်လို အကာအကွယ်ပေးသင့်သလဲ ဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောပွဲတခုကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီ စီမြို့တော်မှာ မနေ့က အင်တာနက်တာနက်ကတဆင့်ကျင်းပခဲ့ပြီး အဲဒီမှာ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေက ဆွေးနွေးသုံးသပ်ခဲ့ကြပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေကို လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ Refugee International အဖွဲ့အကြီးတန်းအရာရှိ Dan Sullivan က ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရိုဟင်ဂျာဒုက္ခ သည် စခန်းတွေရှိတဲ့ ကော့ဆက်ဘဇားခရိုင်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားသူတွေ ရှိနေပြီဖြစ်တဲ့အ တွက် ၊ ဒုက္ခသည်စခန်းတွေထဲမှာ ရောဂါကူးစက်မှုတွေ ဖြစ်လာဖို့ အလားအလာ ပိုများနေပြီလို့ ပြောပါ တယ်။

“ပြီးခဲ့တဲ့ အပတ်က အထိတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့ဆက်ဘဇားခရိုင်ထဲမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ် ပွားသူ ၂၀ လောက် ရှိသွားပါပြီ။ ဒီ ကော့ဆက်ဘဇား ခရိုင်ထဲမှာ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေနဲ့ ဒုက္ခသည် တွေ သန်းနဲ့ချီပြီး ရှိနေတာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲမှာလဲ ရောဂါဖြစ်ပွားတဲ့ အရေ အတွက်က အ လျင်အမြန် တိုးလာနေပါတယ်။ လက်ရှိအချိန်အထိတော့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းထဲမှာ ရောဂါဖြစ်ပွားတာ မတွေ့ရသေးပေမယ့် ရောဂါဖြစ်ပွားမှုတွေ ရှိလာဖို့ အချိန်တစ်ခုပဲ ကြာတော့မှာပါ။ ဒုက္ခသည်စခန်းတွေမှာ ရောဂါဖြစ်လာရင် ကာကွယ်ဖို့နဲ့ ကုသဖို့ လုံးဝ အသင့်မဖြစ်သေးပါဘူး။ ကုလသ မဂ္ဂ နဲ့ နိုင်ငံတကာ အဖွဲ့အ စည်းတွေက ရောဂါဖြစ်လာရင် သီးခြားထားဖို့ နေရာတွေ ပြင်ဆင်နေပါတယ်။ လူ ၂၀၀၀ လောက်ကို ဒုက္ခ သည် စခန်းတွေထဲ လွှတ်ပြီး၊ ဒုက္ခသည်တွေအကြား မှာ ရောဂါအကြောင်း ပညာပေးဖို့လည်း လုပ်နေပါ တယ်။ ဒါပေမယ့် စုစုပေါင်း ဒုက္ခသည် ကိုးသိန်းလောက် ရှိနေတဲ့အတွက် ထိ ထိရောက်ရောက် လုပ်ဖို့မလွယ် ပါ ဘူး။ ဒါကြောင့်မို့ ရှိပြီးသား အခက်အခဲတွေအပြင် ထပ်ပြီး အခက် အ ခဲတွေ့အောင် မလုပ်ကြဖို့ မေတ္တာရပ် ခံလိုပါတယ်။”

ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုဖြစ်လာမှာကို စိုးရိမ်ပူပန်မှုတွေကြောင့် ရိုဟင်ဂျာ တွေအပေါ် ပိုပြီးကန့်သတ်မှုတွေ လုပ်လာနေပါတယ်။ မကြာသေးခင်က ရိုဟင်ဂျာ ဒုက္ခသည်တွေ အပြည်တင် ဆောင်ထားတဲ့ လှေ အနည်းဆုံး သုံးစီးလောက် ဘင်္ဂလားပင်လယ်ထဲမှာ လနဲ့ချီ မျောနေခဲ့ပြီး၊ ပြန်လည်ကယ် တင်နိုင်ခဲ့တဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ် အစိုးရက ဒုက္ခသည်စခန်းတွေဆီကို ပြန်မပို့တော့ပဲ လူမနေတဲ့ ကျွန်းတစ်ခုကို ပို့လိုက်ပါတယ်။ အလားတူ ဒုက္ခသည်စခန်းတွေကနေ ထွက်ပြေးပြီး ပြန်ရောက်လာ သူတွေကိုလည်း လက်မခံတော့ဘဲ ဒီကျွန်းကိုပဲ ပို့မယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ကြေညာထားပါတယ်။

မြန်မာနိုင်ငံဘက်မှာတော့ အခုနှစ်အတွင်းမှာ ရခိုင်ပြည်နယ်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို ဖမ်းဆီးပြီး ထောင်ဒဏ်ချမှတ်ခဲ့တဲ့ ဖြစ်ရပ်တွေ တိုးလာပါတယ်။ ပြီးခဲ့တဲ့လက မြန်မာနှစ်သစ်ကူးရက်မှာ အကျဉ်းသား ၂၅၀၀၀ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တဲ့ အထဲမှာ ရိုဟင်ဂျာ အကျဉ်းသား ၈၀၀ လောက် ပါဝင်နေပါတယ်။ ပြန်လွှတ်ပေးလိုက်တဲ့ ရိုဟင်ဂျာတွေကို ကိုရိုနာ ရောဂါ ရှိမရှိ စစ်ဆေးစမ်းသပ်ပြီးတဲ့နောက် ရေတပ် သင်္ဘောနဲ့ စစ်တွေမြို့နဲ့ ဘူးသီးတောင် မောင်တောမြို့တွေ ဆီကို ပြန်လည်ပို့ဆောင်လိုက်ပါတယ်။

မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ အကျဉ်းသားတွေ များပြားပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံ ရနိုင်တဲ့ အခြေအနေတွေကြောင့် အကျဉ်းသား အမြောက်အမြားကို ပြန်လွှတ်ပေးလိုက်ပေမယ့်၊ ရိုဟင်ဂျာ အကျဉ်း သားတွေအတွက်ကတော့ အလားတူ ရောဂါ ကူးစက်ခံရနိုင်ခြေရှိတဲ့ ဒုက္ခသည် စခန်းတွေဆီကို ပြန် ပို့ လိုက်တဲ့အတွက်လည်း လူ့အခွင့်ရေးစောင့်ကြည့်ရေး အဖွဲ့တွေက ဝေဖန်ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေရှိနေပေမယ့်၊ နိုင်ငံတကာ အကူညီပေး ရေး အဖွဲ့တွေ အနေနဲ့ ထိထိရောက်ရောက် အကူအညီပေးနိုင်တဲ့ အခြေအနေမရှိဘူးလို့ Refugee International အဖွဲ့က Dan Sullivan က ပြောပါတယ်။

“ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေကို လူသားချင်း စာနာမှု အကူအညီတွေ မပေးနိုင်အောင် အကန့် အသတ်တွေ ချမှတ်ထားတာ ကြာလှပါပြီ။ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာ အင်တာနက် ဖြတ်တောက်ထားတာကလည်း အဲဒီဒေသကို နိုင်ငံတကာက အကူအညီတွေ ရောက်လာဖို့ ပိုပြီး ခက်ခဲစေပါ တယ်။ ”

မနေ့က ဝါရှင်တန်ဒီစီမှာ အင်တာနက်ကတဆင့် ကျင်းပတဲ့ဟောပြောပွဲကို Heritage Foundation က ဦးစီး ကျင်း ပပေးခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေအကြောင်း အပြင် တရုတ်နိုင်ငံက ဝီဂါမူဆ လင်တွေရဲ့ အခက်အခဲတွေအကြောင်းနဲ့ မြောက်ကိုရီးယားနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေအကြောင်း ကိုလည်း လေ့လာသူတွေက ဟောပြောဆွေးနွေးခဲ့ကြပါတယ်။
 
 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */