" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, March 6, 2020

ရိုဟင်ဂျာ ၁၆ ယောက် မင်းလှမှာ ထောင်ဒဏ် နှစ်နှစ်စီချ မှတ်ခံရ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ 
2020.03.06
မင်းလှမြို့နယ်မှာ ဖမ်းမိတဲ့ရိုဟင်ဂျာတွေကို ၂၀၂၀ မတ်လ ၆ ရက်နေ့ တရားရုံးက စီရင်ချက်ချအပြီးတွေ့ရစဉ်
Photo: Zaw Two/RFA

မကွေးတိုင်း မင်းလှမြို့နယ်မှာ ဖမ်းမိတဲ့ ရိုဟင်ဂျာ ၁၆ ယောက်ကို ခရီးသွားအထောက်အထား မပြနိုင်လို့ ဆိုပြီး ဒီနေ့ မတ် ၆ ရက်နေ့မှာ မြို့နယ်တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်လိုက်ပါတယ်။

အသက် ၆ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အပါအဝင် အမျိုးသမီး ရှစ်ယောက်နဲ့ အမျိုးသား ရှစ်ယောက် ဟာ ခရီးသွားလာရာမှာ လက်မှတ်အထောက်အထားမပြနိုင်လို့ နိုင်ငံသားအက်ဥပဒေပုဒ်မ ၆၃ နဲ့ ထောင် ဒဏ် ချမှတ် ခံရတာပါ။ သူတို့ဟာ ဖေဖော်ဝါရီ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေက မင်းလှမြို့နယ်ထဲမှာ ထိန်းသိမ်း ခံခဲ့ရပြီး မြို့နယ်လဝကဒုဦးစီးမှူး ဦးအောင်ပြည်စိုးက တရားလိုလုပ်ပြီး တရားစွဲဆိုခဲ့တာပါ။

သုံးနှစ်အတွင်း မင်းလှမြို့နယ်မှာ အလားတူ အရေးယူခံရတဲ့ ရိုဟင်ဂျာအရေအတွက် ၂ဝဝ ကျော်ရှိနေပြီလို့ မြို့နယ်လဝကဒုဦးစီးမှူး ဦးအောင်ပြည်စိုးက ပြောပါတယ်။

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာလည်း ပြီးခဲ့တဲ့လအတွင်း ဖမ်းမိခဲ့တဲ့ ကလေး ၄၀ ကျော်အပါအဝင် ရိုဟင် ဂျာ အယောက် ၇၀ ကို မြို့နယ်တရားရုံးမှာ ဒီနေ့ ရုံးထုတ်ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */