" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရိုဟင္ဂ်ာ. Show all posts
Showing posts with label ရိုဟင္ဂ်ာ. Show all posts

Tuesday, October 20, 2020

ရခိုင်ပဋိပက္ခ ရိုဟင်ဂျာတွေ လူသားဒိုင်းသဖွယ် အသုံးချခံ နေရလို့ ရိုဟင်ဂျာအဖွဲ့ စွပ်စွဲ

20 အောက်တိုဘာ၊ 2020

ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခ တွေကြောင့် ထွက်ပြေးနေရတဲ့ ရိုဟင်ဂျာစခန်းတခု


ရခိုင်ပြည်မှာ ပဋိပက္ခတွေ ဆက်လက်ပြင်းထန်နေတာနဲ့ အမျှ ရခိုင်မှာ ကျန်ရှိနေတဲ့ ရိုဟင်ဂျာတွေကို လူသား ဒိုင်း အဖြစ် အသုံးချဖို့ မြန်မာစစ်တပ်ရဲ့ ပစ်မှတ်ဖြစ်လာနေတယ်လို့ အမေရိကန် အခြေစိုက် Arakan Rohingya Union က အောက်တိုဘာလ (၁၉)ရက် တနင်္လာနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာလ (၅)ရက်နေ့က ဘူးသီးတောင်ဒေသမှာ ဖြစ်ခဲ့တဲ့ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက် ကိုင် အဖွဲ့ ကြား တိုက်ပွဲအတွင်း လယ်ယာစိုက်ခင်းမှာ အလုပ်လုပ်နေတဲ့ ရိုဟင်ဂျာ ကလေးနှစ်ဦးအပါအဝင် လူကြီး စုစုပေါင်း ၁၅ ဦးကို မြန်မာစစ်တပ်က အတင်းအဓမ္မ ပေါ်တာဆွဲပြီး တိုက်ပွဲအတွင်း လူသားဒိုင်းသဖွယ် အသုံး ပြုခဲ့တယ်လို့ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

Monday, October 19, 2020

ဘာချန်ချာကျွန်းပေါ်သို့ ရိုဟင်ဂျာများပြောင်း ရွှေ့နေရာချ ထားရေး နိုင်ငံတကာက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖိအား ပေး နေဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးပြော

People Media
ဒါကာ၊
အောက်တိုဘာ ၁၉

ရိုဟင်ဂျာများကို ဘာရှန်ချားကျွန်းပေါ်သို့ရွှေ့ပြောင်းနေရာချထားရေးကိစ္စအပေါ် ရိုဟင်ဂျာတချို့က သူတို့  အတွက်ဆောက်လုပ်ပေးထားသောနေရာများဆီ ပျော်ရွှင်စွာသွားရောက်ရန် ရှိသော် လည်း ကုလသမဂ္ဂ ဒုက္ခ သည်များအေဂျင်စီ(UNHCR)အပါအ၀င် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်း (အိုင်အန်ဂျီအို)များထံမှ ဖိအားများရင်ဆိုင်နေရကြောင်း ဘင်္ဂါလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ္ဗဒူ မိုမန်က တနင်္ဂနွေနေ့ တွင် ပြောသည်။

Friday, October 16, 2020

ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာ လူဦးရေစာရင်းသည် တိကျမှန် ကန် သည်ဟု အစိုးရအရာရှိများပြောဆို

H20U
ဘာသာပြန်သတင်း
၂၀၂၀ ခု မောက်တိုဘာလ ၉ ရက် 

ကော့ခ်ဘဇားရောက် ဒုက္ခသည်အရေအတွက်မှာ ၈၆၀,၆၉၇ -ဦးရှိဟု ဘင်္ဂလားဒေ့ရှ် အစိုးရကော်မရှင်နာ မင်း ကြီးပြောဆို။ ၂-နှစ်ခန့်အတွင်း ကလေးပေါင်း ၇၅,၀၀၀ ခန့် မွေးဖွားခဲ့ပြီး ကိန်းဂဏန်းများ ရှေ့နောက်မညီ ဖြစ် ခဲ့၊ ရခိုင်ပြည်နယ်အခြေအနေသည် နိုင်ငံသားဖြစ်ခွင့်ငြင်းပယ်ခံထားရသော ဒုက္ခသည်များအတွက် အန္တရာယ် ရှိ နေဆဲဖြစ်ဟု နိုင်ငံတကာ ပြောဆို 

ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံလျှက်သော ဒုက္ခသည် ရိုဟင်ဂျာ တို့၏ ယခုနောက်ဆုံး ခန့်မှန်းဦးရေမှာ တိတိကျကျ ဆိုရလျှင် ၈၅၀,၀၀၀ ခန့် ဖြစ်သည်။ လွန်ခဲ့သော ၂ နှစ်က ၉၅,၀၀၀ နီးပါးဟု ထုတ်ပြန်ခဲ့သည့် ကိန်းဂဏန်းမှာ မူ ကနဦးတွက်ချက်ထားခြင်း မရှိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ဒုက္ခသည်များ၊ အကူအညီပေးရေးနှင့် နေ ရပ်ပြန်ရေးဆိုင်ရာ ( RRRC ) တွဲဘက်ကော်မရှင်နာမင်းကြီး မိုဟာမက်ရှာမ်ဆူဒူဇာက ပြောကြားသည်ဟု bdnews24 ဒစ်ဂျစ်တယ်မီဒီယာက ( Oct.09, 2020 ) ရေးသားသည်။

Wednesday, October 14, 2020

မြန်မာနိုင်ငံသို့ ရိုဟင်ဂျာများနေရပ်ပြန်ရေးကြန့်ကြာမှုအပေါ် တရုတ်နိုင်ငံစိုးရိမ်နေ

OCTOBER 12, 2020
ဒါကာ၊ အောက်တိုဘာ ၁၂

ရိုဟင်ဂျာများ ရခိုင်ပြည်နယ်မှနေရပ်သို့ပြန်မည့်လုပ်ငန်းစဉ်များ အထမမြောက် သေးသည့်အတွက် စိုးရိမ် ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး လီဂျင်မင်းက တနင်္ဂနွေနေ့ တွင်ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ္ဗဒူ မိုမန်နှင့် တွေ့ဆုံရာတွင်ပြောခြင်းဖြစ်သည်။

မြန်မာနိုင်ငံသို့ ရိုဟင်ဂျာများ မြန်ဆန်၊ ရေရှည်တည်တံ့သည့်နေရပ်ပြန်မှုဖြစ်နိုင်စေရန် တရုတအစိုးရထောက်ပံ့ ပေးရေး မိုမန်ကတောင်းဆိုသည်။

Sunday, October 11, 2020

ရိုဟင်ဂျာအရေး လူ့အခွင့်အရေးအဖွဲ့ Fortify Rights နဲ့ ဆက်သွယ်မေးမြန်းချက်

လွတ်လပ်တဲ့အာရှအသံ ( RFA )

မြန်မာဌာန | သတင်းများ
2020-10-10

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အထက်အမိန့်အရ ရိုဟင်ဂျာတွေကို ရာနဲ့ချီပြီး သတ်ဖြတ်ခဲ့ရတယ်လို့ ဝန်ခံထားတဲ့ မြန်မာတပ်သားနှစ်ယောက် ပေါ်ထွက်လာတာကြောင့်၊ လူမျိုးတုံးသတ်ဖြတ်မှု မရှိကြောင်း မြန်မာဘက်က ICJ နိုင်ငံတကာ တရားရုံးမှာ လျှောက်လဲခဲ့တာဟာ မမှန်ကန်ကြောင်း ပြရာရောက်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှား မှုအဖွဲ့ Fortify Rights က ပြောပါတယ်။

ဒီ မြန်မာတပ်သားနှစ်ယောက်ရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေတဲ့ Fortify Rights အဖွဲ့ ရဲ့ တည် ထောင်သူ Matthew Smith ကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က ဆက်သွယ်မေးမြန်းထားပါတယ်။  

လင့်၊https://www.rfa.org/burmese/interview/matthew-smith-interview-10102020223621.html?searchterm:utf8:ustring=%20Fortify%20Rights

Saturday, October 10, 2020

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ ထိန်းသိမ်းရေးစခန်းများ ဖျက် သိမ်းရန် HRW တောင်းဆို

မဇ္ဈိမ
Friday, October 09, 2020

ရခိုင်ပြည်နယ် ကျောက်ဖြူရှိ ကျောက်တစ်လုံးစခန်းတွင် မွတ်ဆလင်အမျိုးသမီးတစ်ဦး သူ၏တဲတွင် ထမင်းချက်နေသည်ကို အောက်တိုဘာ ၃ ရက်၊ ၂၀၁၉ ခုနှစ်က ရိုက်ကူးထားခဲ့သော ဓါတ်ပုံဖြစ်သည်။ (ဓါတ်ပုံ- အေအက်ဖ်ပီ)

ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ ၁၃၀,၀၀၀ ခန့်ကို ထိန်းသိမ်းထားရှိသည့် နေချင်စဖွယ်မကောင်းသော ခိုလှုံရေး စခန်းများကို ရုတ်သိမ်းသင့်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က တောင်းဆို လိုက် သည်။

ရခိုင်ပြည်နယ်တွင် နယ်မြေရှင်းလင်းရေးများကြောင့် ၂၀၁၂ ခုနှစ်ကစပြီး နေရပ်စွန့်ခွာကာ ထိန်းသိမ်းရေး စ ခန်း တွင် ပိတ်မိနေသည့် ရိုဟင်ဂျာ နှင့် ကမန်မွတ်စလင် ထောင်ပေါင်းများစွာရှိနေသည်ဟု HRW ၏ အောက်တိုဘာလ ၇ ရက်နေ့က ထုတ်ပြန်သည့် စာမျက်နှာ ၁၆၉ မျက်နှာပါ အစီရင်ခံစာတွင် ဖော်ပြထား သည်။

Thursday, October 8, 2020

ရိုဟင်ဂျာတွေ ဒုက္ခသည်စခန်းမှာ နေထိုင်ရတဲ့အပေါ် မြန်မာအစိုးရကို HRW ဝေဖန်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
08 အောက်တိုဘာ၊ 2020  
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ တွေ့ရတဲ့ မြင်ကွင်း။ (ဇူလိုင် ၀၂၊ ၂၀၁၆) 
 

နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တစ်ခုက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ ၁၀၀,၀၀၀ ကျော်ကို စခန်းတွေထဲ ဆက် ထိန်းသိမ်းထားတဲ့အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

HRW လို့အတိုခေါက်ခေါ်တဲ့ Human Rights Watch လူ့အခွင့်အရေးစောင်ကြည့်ရေးအဖွဲ့က မြန်မာအစိုးရ အနေနဲ့ ဒီရိုဟင်ဂျာ ၁၃၀,၀၀၀ ကို နေချင်စရာမရှိတဲ့ ရခိုင်ပြည်နယ်က စခန်းတွေထဲ ဆက်ထိန်းထားတာက လူမျိုးရေးအရ ခွဲခြားဆက်ဆံတာဖြစ်တယ်လို့ ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

ရခိုင်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေ ပိတ်သိမ်းပေးဖို့ HRW တောင်းဆို

လွတ်လပ်တဲ့အာရှအသံ ( RFA )

မြန်မာဌာန | သတင်းများ
နေမျိုးထွန်း
2020-10-08

ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ရိုဟင်ဂျာ မွတ်စလင် ၁၃၀၀၀၀ ကျော်ကို အကျယ်ချုပ်ချသလို ကန့်သတ်မှုတွေလုပ်ထားတာ ရှစ်နှစ်ကြာပြီဖြစ်တာကြောင့် ဒီအခြေအနေကို အမြန်ဆုံး အဆုံးသတ်ပေးဖို့ နယူးယောက် အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ဒီကနေ့ အစီရင်ခံစာထုတ်ပြန်ပြီး အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ကိုဗစ်တိုက်ဖျက်ရေး ရိုဟင်ဂျာ ဒုက္ခသည်တွေ ဦးဆောင်

B B C 

ဘီဘီစီ မြန်မာပိုင်း
၇ အောက်တိုဘာ ၂၀၂၀


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇက်ဘဇားမြို့မှာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဆိုးဆိုးဝါးဝါး ဖြစ်ပွားမှာကို စိုးရိမ် နေ ကြပါတယ်။

ကမ္ဘာ့အကြီးဆုံး ဒုက္ခသည် စခန်းရှိရာ ကော့ဇက်ဘဇားမြို့မှာ ရိုဟင်ဂျာ ဒုက္ခသည် ၁ သန်းလောက် ပြိတ်သိပ် ပြီး နေနေကြရပါတယ်။

Wednesday, October 7, 2020

မင်းပြားမှာ ရိုဟင်ဂျာသုံးဦး တပ်က ပစ်ခတ်လို့ သေဆုံး

လွတ်လပ်တဲ့အာရှအသံ ( RFA )

2020.10.07                                                                                           

 မင်းပြားမြို့မှာ မနေ့ည ၁ဝ နာရီကျော်လောက်က ကင်းလှည့်နေတဲ့ လုံခြုံရေးအဖွဲ့က ပစ်လို့ ရိုဟင်ဂျာ မွတ် ဆ လင် သုံးဦး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သေဆုံးသွားသူတွေဟာ မင်းပြားမြို့နယ် လက်မရွာက အသက် ၄ဝ အရွယ် ဦးနူမာမောက်၊ အသက် ၅ဝ အ ရွယ် ဦးနိုရူဆလင်နဲ့ အသက် ၄၅ နှစ်အရွယ် ဦးမာဒေါ်လာ တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

 

Thursday, October 1, 2020

mVoter2020 ထဲက လူမျိုး၊ ဘာသာ အမုန်းပွားစေမယ့် အချက်တွေ ဖျက်ပေးဖို့ တောင်းဆို

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
ဖြူဖြူခိုင်
2020-10-01 



လာမယ့် နိုဝင်ဘာလမှာကျင်းပမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ် စားလှယ် လောင်းတွေရဲ့ လူမျိုးနဲ့ ကိုးကွယ်မှုဆိုင်ရာတွေနဲ့ ပတ်သက်ပြီး mVoter 2020 မိုဘိုင်း အက်ပလီ ကေးရှင်းမှာ ဖော်ပြ ထားတဲ့ အချက်အလက်အားလုံးကို ချက်ချင်းပယ်ဖျက်ပေးဖို့ Justice For Myanmarအဖွဲ့ က တောင်းဆိုလိုက် ပါတယ်။

Wednesday, September 30, 2020

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး မြန်မာကို ဘင်္ဂလားဒေ့ရှ် ဖိအားပေးလို့မရ (အတိုင်ပင်ခံရုံးဝန်ကြီး)

VOA
ဗွီအိုအေ (မြန်မာဌာန)
30 စက်တင်ဘာ၊ 2020
အင်ကြင်းနိုင်
 
နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ (UNTV)


ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးကိစ္စ ဘင်္ဂလားဒေ့ရှ်အနေနဲ့ မြန်မာကို ဖိအားပေးလို့ မရဘူးလို့ နိုင်ငံ တော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ကုလသမဂ္ဂမှာ အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။ ဒါအပြင် အာဆာနဲ့ အေအေ ရခိုင်လက်နက်ကိုင်အဖွဲ့တွေဟာ ဘင်္ဂလားဒေ့ရှ်ပိုင်နက်ကို နှစ်ပေါင်းများစွာကတည်းက ခြေကုပ်ယူအသုံးချနေတယ်လို့လည်း စွပ်စွဲသွားပါတယ်။

Monday, September 21, 2020

ရိုဟင်ဂျာအလိုမရှိ ပြောဆိုမဲဆွယ်မှု အငြင်းပွားဖွယ်ဖြစ်လာ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
နေမျိုးထွန်း
2020-09-21
ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်က တစ်သီးပုဂ္ဂလ အမတ်လောင်း ဦးကျော်စိုးထွဋ်ရဲ့ “ရိုဟင်ဂျာ မရှိ No Rohingya” မူဝါဒချမှတ်ရေး မဲဆွယ်ဆိုင်းဘုတ်ကို ၂၀၂၀ စက်တင်ဘာ ၂၁ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်က တစ်သီးပုဂ္ဂလ အမတ်လောင်း ဦးကျော်စိုးထွဋ်ရဲ့ အငြင်းပွားဖွယ် မဲဆွယ်ဆိုင်းဘုတ်တစ်ခုဟာ ဥပဒေနဲ့ ငြိစွန်းမှု ရှိ၊ မရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်ပြထား ပါတယ်။ သူ့ရဲ့ မဲဆွယ်ဆိုင်းဘုတ်ပါ စာသားတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီတွေ၊ လူ့အခွင့်အရေး လှုပ်ရှား သူ တချို့အကြား အမြင်မတူတာတွေလည်း ရှိနေပါတယ်။

Saturday, September 19, 2020

“ရိုဟင်ဂျာမရှိ”စာသားဖြင့် မဲဆွယ်ဆိုင်းဘုတ်ထောင်သည့် ကိစ္စ မသိဟု ကော်မရှင်ပြော

DVB
By DVB
18 September 2020


“ရိုဟင်ဂျာမရှိ” ဆိုတဲ့ စာသားနဲ့ ရန်ကုန်တိုင်း လသာမြို့နယ်မှာ  မဲဆွယ်ဆိုင်းဘုတ်ထောင်တဲ့ ကိစ္စ မသိရှိ ဘူးလို့ ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

လသာမြို့နယ်ကနေ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ဦးကျော် စိုးထွဋ်က “ရိုဟင်ဂျာမရှိ”ဆိုတဲ့စာသားနဲ့ မဲဆွယ်ဆိုင်းဘုတ် ထောင်ထား တာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ မဲဆွယ်ဆိုင်းဘုတ်ထောင်တာဟာ စည်ပင်ခွင့်ပြုချက်နဲ့ ထောင်ရတာဖြစ်တဲ့ အတွက်  စည် ပင် နဲ့ပဲသက်ဆိုင်တယ်လို့ ရန်ကုန် အနောက်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ  ဦးခင်မောင် ဝင်း က ပြောပါတယ်။

Tuesday, September 15, 2020

ရိုဟင်ဂျာတွေအပေါ် ပြစ်မှုကျူးလွန်ကြောင်း သက်သေခိုင် လုံသူတွေကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ်ရုံး ဆောင် ရွက်မည်

VOA
ဗွီအိုအေ (မြန်မာဌာန)
15 စက်တင်ဘာ၊ 2020
အင်ကြင်းနိုင်
ICC တရားရုံး

မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးအတွင်း ရိုဟင်ဂျာတွေအပေါ် နှိပ်စက်ညှဉ်းပန်းမှုတွေမှာ ပြစ်မှုကျူး လွန်ကြောင်း သက်သေအခိုင်အလုံတင်ပြနိုင်မယ်ဆိုရင်၊ ကျူးလွန်သူတွေကို နောက်ပိုင်းမှာ ဖမ်းဝရမ်း  ထုတ် ပြန် မှာဖြစ်ကြောင်း ICC ရှေ့နေချုပ်ရုံးက ဗွီအိုအေကို တနင်္လာနေ့က တုံ့ပြန်တဲ့ အီးမေးလ်မှာ ဖေါ်ပြ ထားပါ တယ်။

Sunday, September 13, 2020

ရွေးကောက်ပွဲတွင် ရိုဟင်ဂျာများ ပါဝင်ခွင့်ရစေရန် ကုလ တောင်းဆို

MIZZIMA
By ဘုန်းမြင့်ဦး 
စက်တင်ဘာ ၁၃၊ ၂၀၂၀
Rohingya Muslim children and elders gather at the Thet Kel Pyin camp in Rakhine state. Photo: Phyo Hein Kyaw/AFP


မြန်မာနိုင်ငံတွင် ကျင်းပမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ၌ ရိုဟင်ဂျာများ (မူရင်း) ပါဝင်ခွင့်ရစေရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ရှစ်နိုင်ငံက တောင်းဆိုလိုက်သည်။

တံခါးပိတ် ဗီဒီယို ဆွေးနွေးပွဲအပြီးတွင် ယခုကဲ့သို့ တောင်းဆိုကြောင်း စက်တင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ခြင်းဖြစ်ပြီး ဘယ်လ်ဂျီယံ၊ ဒိုမီနီကန် သမ္မတနိုင်ငံ၊ အက်စတိုးနီးယား၊ ပြင်သစ်၊ ဂျာမနီ၊ တူနီးရှား၊ ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စုတို့က ပါဝင် လက်မှတ်ရေးထိုးထားသည်။

Tuesday, September 8, 2020

ရိုဟင်ဂျာမှုမှာ ပတ်သက်သူ မြန်မာစစ်သား ၂ ဦး ICC စစ် ဆေးဖို့ Fortify Rights တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
ကျော်ကျော်သိန်း
08 စက်တင်ဘာ၊ 2020

ရခိုင်ပြည်နယ် မောင်တောမြို့မှာ တပ်စွဲထားတဲ့ မြန်မာ့စစ်တပ် တပ်ဖွဲ့ဝင်များ။ (သြဂုတ် ၃၁၊ ၂၀၁၇)

ရခိုင်ပြည်နယ် စစ်ဆင်ရေးတွေအတွင်း ရိုဟင်ဂျာတွေကို အစုအဝေးလိုက် သတ်ဖြတ်မှုနဲ့ တခြားရာဇဝတ် မှုတွေမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ စစ်သားနှစ်ဦးရဲ့ ထွက်ဆိုချက်တွေဟာ ယုံကြည်နိုင်လောက်တဲ့ ထွက်ဆို ချက် တွေဖြစ်တယ်လို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့ရဲ့ အမှုဆောင်အရာရှိချုပ် Matthew Smith က ဗွီ အိုအေကိုပြောပါတယ်။

Monday, September 7, 2020

Bhashan Char ကျွန်းရောက် ရိုဟင်ဂျာများနေထိုင်ရေး ခက်ခဲ

VOA
ဗွီအိုအေ (မြန်မာဌာန)
07 စက်တင်ဘာ၊ 2020
မဆုမွန်
Bhashan Char ကျွန်းကို လာရောက်လေ့လာတဲ့ ရိုဟင်ဂျာခေါင်းဆောင်တွေကို ကျွန်းနေ ဒုက္ခသည်တွေ လာတွေ့တဲ့ မြင်ကွင်း။ (စက်တင်ဘာ ၆၊ ၂၀၂၀။ ဓာတ်ပုံ - Refugees from Rohingya Camps)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Bhashan Char ကျွန်းပေါ် ရောက်နှင့်ပြီးသား ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ နေထိုင်ရေး အခက်အခဲရှိပြီး ကျွန်းပေါ်မှာ မနေလိုကြဘူးလို့ အဲဒီကျွန်းကို ကိုယ်တိုင်သွားရောက်လေ့လာခွင့်ရခဲ့တဲ့ ရိုဟင်ဂျာခေါင်းဆောင်တွေက ဗွီအိုအေကို ပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က စုံစမ်းမေးမြန်းထားတာ တင်ဆက်ပေးပါမယ်။

Monday, August 31, 2020

ရိုဟင်ဂျာအပေါ် လူမျိုးတုံးသတ်ဖြတ်မှု အဖြစ် သတ်မှတ်ဖို့ အမေရိကန်ကို တောင်းဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
မသိင်္ဂီထိုက်
31 သြဂုတ်၊ 2020

ရိုဟင်ဂျာတွေ အပေါ် ရက်စက် ဖိနှိပ်မှုတွေကို လူမျိုးတုန်း သတ်ဖြတ်မှု အဖြစ် အမေရိကန်ဘက်က သတ် မှတ်ပေးဖို့ တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုနေကြပြီး အမေရိကန်ကသာ ဦးဆောင်ရင် တခြားနိုင်ငံ တွေလည်း ပါဝင်လာမှာ လို့ ပြောဆိုကြပါတယ်။ Cindy Saine ရဲ့ သတင်းဆောင်းပါးကို ပြောပြပါမယ်။ ကျမ သိင်္ဂီထိုက်ပါ။

လင့်၊https://burmese.voanews.com/a/rohingya-uscirf/5563994.html?fbclid=IwAR07p8gxSEotxTmDCQui9wVgz4hIUZMS3-W0Y-Ny8GrvAvghDfAPt6XmBQI

Saturday, August 29, 2020

ဘိုကလေးနဲ့ မော်လမြိုင်ကျွန်းမြို့နယ် ဧရာဝတီမြစ်ထဲမှာ ရိုဟင်ဂျာ ၄၂ ဦးကို ဖမ်းမိ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020-08-29

ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းနဲ့ ဘိုကလေးမြို့နယ်အစပ် ဧရာဝတီမြစ်ထဲမှာ လှေနဲ့အတူ ဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာတွေကို ၂၀၂၀ သြဂုတ် ၂၇ ရက်နေ့က တွေ့ရစဉ်
Photo: Aung Phay Tun

ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းနဲ့ ဘိုကလေးမြို့နယ်အစပ် ဧရာဝတီမြစ်ထဲမှာ လှေနဲ့အတူ ဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာ ၄၂ ဦးကို လက်ရှိအချိန်ထိ စစ်ဆေးနေပြီး သူတို့ကိုခေါ်လာတဲ့ လှေသမား ငါးဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၇ နဲ့ အမှုဖွင့်ထားတယ်လို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့က RFA ကို ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */