ဒါကာ၊ အောက်တိုဘာ ၁၉
ရိုဟင်ဂျာများကို ဘာရှန်ချားကျွန်းပေါ်သို့ရွှေ့ပြောင်းနေရာချထားရေးကိစ္စအပေါ် ရိုဟင်ဂျာတချို့က သူတို့ အတွက် ဆောက်လုပ်ပေးထားသောနေရာများဆီ ပျော်ရွှင်စွာသွားရောက်ရန် ရှိသော် လည်း ကုလသမဂ္ဂ ဒုက္ခ သည်များအေဂျင်စီ(UNHCR)အပါအဝင် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်း (အိုင်အန်ဂျီအို)များထံမှ ဖိအားများရင် ဆိုင်နေရကြောင်း ဘင်္ဂါလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ္ဗဒူ မိုမန်က တနင်္ဂနွေနေ့ တွင် ပြောသည်။
လူသူကင်းမဲ့ပြီး မုန်တိုင်းများနှင့် မကြာခဏရင်ဆိုင်ရလေ့ရှိသောဘာရှန်ချားကျွန်းသည် အလွန်လှပသောနေ ရာ ဖြစ်ပြီး အပန်းဖြေစခန်းတခုဖြစ်လာသင့်ကြောင်းလည်း မိုမန်ကပြောသည်။
ကော့က်စ်ဘဇားခရိုင်မှ ဘင်္ဂါလီစခန်းများတွင် မြေပြိုမှုများကြောင့် သေဆုံးမှုအန္တရာ ယ်များရှော င်ရှားရန် ရိုဟင်ဂျာ ၁ သိန်းခန့်ကို ယခုနှစ်တွင်စပြီး ဘာရှန်ချားကျွန်းသို့ပြောင်းရွှေ့ရန် ဘင်္ဂလားဒေ့ရှ် အစိုးရက ဆုံးဖြတ် ထား ကြောင်းလည်းပြောသည်။
မြန်မာနိုင်ငံတွင် သူတို့လုပ်ခဲ့သကဲ့သို့ စီးပွားရေးလုပ်ငန်းများလည်း ထိုကျွန်းပေါ်တွင် ရိုဟင်ဂျာ များပြန်လုပ်နိုင် ရန် အခွင့်အရေးများလည်းစီမံပေးထားသည်။
ဘာရှန်ချားကျွန်းပေါ်တွင် လက်ရှိရိုဟင်ဂျာ ၃၀၀ ကျော်ပြောင်းရွှေ့နေရာချထားသည်ဟု ဘင်္ဂ လားဒေ့ရှ် ဘက်ကေ ပြာသည်။
ကျွန်းပေါ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘင်္ဂါလီအမျိုးသမီးများကို အဓမ္မမှုကျူးလွန်ခြင်းများ ရှိနေသည်ဟု တိုင်ကြားမှုများရှိနေသည်။
Ref : FM Momen: Govt under pressure over plan to relocate Rohingyas to Bhashan Char
Link : Here

No comments:
Post a Comment