Monday, September 7, 2020

Bhashan Char ကျွန်းရောက် ရိုဟင်ဂျာများနေထိုင်ရေး ခက်ခဲ

VOA 
ဗွီအိုအေ (မြန်မာဌာန)
07 စက်တင်ဘာ၊ 2020
မဆုမွန်
 Bhashan Char ကျွန်းကို လာရောက်လေ့လာတဲ့ ရိုဟင်ဂျာခေါင်းဆောင်တွေကို ကျွန်းနေ ဒုက္ခသည်တွေ လာတွေ့တဲ့ မြင်ကွင်း။ (စက်တင်ဘာ ၆၊ ၂၀၂၀။ ဓာတ်ပုံ - Refugees from Rohingya Camps)
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Bhashan Char ကျွန်းပေါ် ရောက်နှင့်ပြီးသား ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ နေထိုင်ရေးအခက် အခဲရှိပြီး ကျွန်းပေါ်မှာ မနေလိုကြဘူးလို့ အဲဒီကျွန်းကို ကိုယ်တိုင်သွားရောက်လေ့လာခွင့်ရခဲ့တဲ့ ရိုဟင်ဂျာခေါင်း ဆောင်တွေက ဗွီအိုအေကို ပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က စုံစမ်းမေးမြန်းထားတာ တင်ဆက်ပေးပါမယ်။

မြန်မာနိုင်ငံကနေ တိမ်းရှောင်ပြေးလာကြတဲ့ သိန်းချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက အခုဆို ဘင်္ဂလားဒေ့ရှ် စခန်းတွေထဲ လူဦးရေထူထပ် များပြားလွန်းလာတာကြောင့် နေထိုင်ရေး အဆင်ပြေအောင် ဒုက္ခသည်တချို့ ကို နေရာခွဲပြီးရွှေ့ ပြောင်းနေရာချထားဖို့ စီစဉ်ထားတဲ့ ပင်လယ်ထဲက ကျွန်း- ဒီ Bhashan Char ကျွန်းဆီ ကို ရိုဟင်ဂျာဒုက္ခသည်စခန်း အသီးသီးက ဘာသာရေးခေါင်းဆောင်တွေ၊ စခန်းတာဝန်ခံတွေ သွားလေ့လာ နေကြတာ ဒီနေ့ဆို သုံးရက်မြောက်နေ့ဖြစ်ပါပြီ။ ဒီကနေ့မှာတော့ စိုက်ပျိုးခင်းတွေ၊ စာသင်ကျောင်းတွေကို အဓိကလေ့လာခဲ့ကြပါတယ်လို့ ခရီးစဉ်မှာလိုက်ပါခဲ့တဲ့ ဘာသာရေးခေါင်းဆောင်ကတဦးက ပြောပြပါတယ်။

"ကျနော်တို့ မနက်စောကြီးက မနက်စာစားပြီးတော့ ဟိုမှာ စိုက်ထားတဲ့ စိုက်ခင်းတွေဆီ သွားပါတယ်။ နောက် စာသင်ကျောင်းဆောက် ထားတယ်ပြောတယ်။ မူကြို မူလတန်းကျောင်း အလယ်တန်းကျောင်း ကျောင်းတွေကိုကိုလိုက်ပြတယ်။ ပြန်ဖို့ကတော့ မနက်ဖြန် မနက်စောစော ငါးနာရီခွဲလောက်မှာ ပြန်ကြ မယ်လို့သတင်းရပါတယ်။"

မဆုမွန်။ ။ ဟုတ်ကဲ့။ အခုက ဘာသာရေးခေါင်းဆောင်တွေရော ကမ့်မှာရှိတဲ့ခေါင်းဆောင်တွေရောလာလေ့ လာကြတာ စနေကစရောက်တယ် တနင်္ဂနွေနေ့မှာ လေ့လာတယ်။ ဒီနေ့ တနင်္လာနေ့ဆိုလည်း စာသင် ကျောင်း တွေ သွားလေ့လာတယ်။ နောက်ပြီး တော့ ဒီမှာနေတဲ့သူတွေနဲ့လည်း တွေ့ရတယ်ဆိုတော့။ အဲ့ဒီ ကျွန်းရဲ့အခြေအနေကို ဘယ်လိုမြင်မိလဲရှင့်။ လူတွေနေဖို့သင့်တော်တယ်လို့ ထင်လား။ သူတို့အတွက် တ ခြား ဘာတွေလုပ်ပေးဖို့ ရော လိုအပ်မယ်လို့ထင်ပါသလဲ။

"အခုက ကျနော်တို့ လောလောဆယ် ပြောလို့မရသေးဘူး။ တခုကတော့ မသင့်တော်ဘူးဆိုတာတော့ ကျနော် ပြောနိုင်တယ်။ ဟိုနေ့ကလည်းပြောပြီးသားပဲ တိုတိုပြောရရင်တော့ မသင့်တော်ဘူးလို့ပဲ ကျနော် မြင်ပါတယ်။"



SEE ALSO:
လှေစီးပြေးရိုဟင်ဂျာ ၃၀၀ နီးပါး အင်ဒိုနီးရှားကမ်းခြေရောက်ရှိ


  ကျွန်းကို သူတို့သွားလေ့လာချိန် အဲ့ဒီကျွန်းထဲမှာပဲ ဘင်္ဂလားဒေ့ရှ်အစိုးရ ပို့ ဆောင်ထားတဲ့ မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့ လှေစီးပြေးဒုက္ခသည် ၃၀၀ ကျော်နဲ့တွေ့ဆုံခွင့်ရခဲ့ချိန်မှာတော့-ဒုက္ခသည်တွေက ရိုဟင် ဂျာခေါင်းဆောင်တွေကို သူတို့ကို ဒီကျွန်းမှာ မထားခဲ့ပဲ စခန်းတွေဆီကိုပဲခေါ်ဆောင်သွားဖို့ ဝိုင်းဝန်းတောင်း ဆိုခဲ့ကြပါတယ်။ Bhashan Char ခရီးစဉ်မှာ လိုက်ပါသွားတဲ့ မော်လဝီဘာသာရေးခေါင်းဆောင်တဦးက- လှေစီးပြေးဒုက္ခသည်တွေရဲ့တောင်းဆိုချက်ပြောပြပါတယ်။

"သူတို့ကို ငိုကြပြီးတော့ သူတို့ကိုပါ တခါတည်းခေါ်သွားပါ။ ကျနော်တို့ ဒီမှာ မနေချင်ဘူး။ကျနော်တို့ ဟိုမှာ ပဲနေချင်တယ်။ ကျနော်တို့ ညီအကိုမောင်နှမတွေ ရှိသေးတယ်။ ဒီမှာ မိန်းကလေးတွေရော၊ ယောက်ကျား လေးတွေရော ဒီမှာ လုံးဝမနေချင်ဘူး။ တခါတည်း ကျနော်တို့ကို ယူသွားပါလို့ ငိုပြီးပြောကြတယ်။ ကျနော် တို့ကတော့ ခဏ သည်းခံလိုက်ပါ။ကျနော်တို့ ခင်ဗျားတို့အတွက် အစီအစဉ်တွေကို အစိုးရနဲ့ တိုင်ပင်ပြီး တော့ ဆွေးနွေးမယ်။ သူတို့အစီအစဉ်တွေ ဘယ်လိုရှိတယ်ဆိုတာ ကျနော်တို့ကြည့်လိုက်မယ်။ အဲ့တာ ကြောင့် ခဏလေး သည်းခံပြီးနေကြပါလို့ သူတို့ကို မှာထားပါတယ်။"

ကျွန်းထဲမှာ ခေတ္တခိုလှုံနေရတဲ့ ဒုက္ခသည်တွေအရေးက လက်ရှိမှာ COVID -19 ကပ်ရောဂါကာလကြီး လည်း ဖြစ်တာကြောင့် စီစဉ်ဖို့ အခက်အခဲတွေ ရှိနေတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်ရေတပ်နဲ့ ကျွန်းတာဝန် ရှိသူ တွေ ကရှင်းပြတယ်လို့ ခရီးစဉ်မှာ လိုက်ပါသွားတဲ့ ဘာလုခါလီစခန်းရဲ့ခေါင်းဆောင် -အရင် မောင် တောမြို့နယ် တောင်ပြိုလက်ဝဲက အထက်တန်းပြဆရာ ဆရာနုရ်မာမတ်ကပြောပြပါတယ်။

"သူတို့က ဒီမှာ ထောင်ကျတဲ့ ပုံစံနဲ့နေနေရတယ်လို့ပြောပါတယ်။ အဲ့တာကြောင့် ကျနော်တို့က ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေနဲ့ ပွင့်ပွင့်လင်းလင်းပဲပြောခဲ့တယ်။ ပြောတော့ သူတို့ကပြောတာက အထက်က အဖွဲ့အစည်းတွေကို ပြောတယ် သူတို့ဒီမှာ နေနိုင်မှာမဟုတ်ဘူးဆိုတာ။ သူတို့မှာ မိဘတွေရှိသေးတယ်၊ ညီအကိုမောင်နှမတွေ ရှိသေးတယ်။ သူတို့တယောက်တည်းဒီမှာ မနေချင်ကြဘူး သူတို့မိသားစုဆီ ပို့ပေး မယ်။ မကြာခင်ပို့ပေးမယ်။ အခုကို ကိုရိုနာဗိုင်းရပ်စ်တွေဖြစ်နေလို့ နည်းနည်းလေးပဲကြာမယ် ပြောပါတယ်။"


Bhasan Char ကျွန်းကို သွားရောက်လေ့လာမယ့် ရိုဟင်ဂျာ ခေါင်းဆောင်များ။ (စက်တင်ဘာ ၆၊ ၂၀၂၀။ ဓာတ်ပုံ - Refugees from Rohingya Camps) 
 
အဲ့ဒီကျွန်းကိုရောက်နေတဲ့ ရိုဟင်ဂျာ ၃၀၆ ယောက်ဟာ ပြီးခဲ့တဲ့ ဧပြီလက မလေးရှားနိုင်ငံကို မှောင်ခိုစက်လှေ ၂ စင်းနဲ့ သွား ဖို့ကြိုးစားရင်း ပင်လယ်ထဲမှာ သီတင်းပတ်နဲ့ချီ မျောပါပြီး ဒုက္ခ ရောက်နေကြရတဲ့ လှေစီးပြေးတွေ ဖြစ်ပါတယ်။ သူတို့ကို COVID-19 ရောဂါ ကူးစက် ပျံ့နှံ့မှာ စိုးတဲ့အတွက် သူတို့ကို အဲဒီ ကျွန်းပေါ်မှာ ထားထားတယ်။ မြန်မာပြည်ကိုပြန်မယ်လို့ သေ ဘာ မတူရင် ဒီကျွန်းက ထွက်ခွင့်မပြုဘူးလို့ ဘင်္ဂလားဒေ့ရှ် အာ ဏာ ပိုင်တွေကပြောဆိုထားတာပါ။ ဒါပေမဲ့ ဒီကျွန်းမှာနေရင် အန္တ ရာယ်ရှိတာကြောင့် ဘာဆန်ချာကျွန်းမှာ ရှိနေ တဲ့ ရိုဟင်ဂျာ အယောက် ၃၀၀ ကျော်ကို အဲဒီကျွန်းကနေ အမြန်ဆုံးရွှေ့ပေးဖို့ကိုလည်း လူ့အခွင့်အေ ရးစောင့် ကြည့်ရေးအဖွဲ့ (HRW)က တောင်းဆိုထားပါတယ်။ မြန်မာအစိုးရဘက်က ရိုဟင်ဂျာဆိုတဲ့ အသုံး အနှုန်းကို လက်မခံပေမဲ့ ဒုက္ခသည်တွေကို စိစစ်လက်ခံ သွားမယ်လို့တော့ ပြောထားပါတယ်။ 

 
link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */