Sunday, September 13, 2020

ရွေးကောက်ပွဲတွင် ရိုဟင်ဂျာများ ပါဝင်ခွင့်ရစေရန် ကုလ တောင်းဆို

MIZZIMA
 By ဘုန်းမြင့်ဦး 
စက်တင်ဘာ ၁၃၊ ၂၀၂၀ 
Rohingya Muslim children and elders gather at the Thet Kel Pyin camp in Rakhine state. Photo: Phyo Hein Kyaw/AFP
မြန်မာနိုင်ငံတွင် ကျင်းပမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ၌ ရိုဟင်ဂျာများ (မူရင်း) ပါဝင်ခွင့်ရစေရန် ကုလသ မဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ရှစ်နိုင်ငံက တောင်းဆိုလိုက်သည်။
တံခါးပိတ် ဗီဒီယို ဆွေးနွေးပွဲအပြီးတွင် ယခုကဲ့သို့ တောင်းဆိုကြောင်း စက်တင်ဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ခြင်းဖြစ်ပြီး ဘယ်လ်ဂျီယံ၊ ဒိုမီနီကန် သမ္မတနိုင်ငံ၊ အက်စတိုးနီးယား၊ ပြင်သစ်၊ ဂျာမနီ၊ တူနီးရှား၊ ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စုတို့က ပါဝင် လက်မှတ်ရေးထိုးထားသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီကူးပြောင်းရေး အစိုးရ၏ အားထုတ်မှုကို အသိအမှတ်ပြုကြောင်း၊ နိုင်ငံတကာ အသိုင်း အဝိုင်းက ရံပုံငွေနှင့် နည်းပညာ ကျွမ်းကျင်သူများ အထောက်အကူပေးနေသည့် မြန်မာနိုင်ငံ အ သွင်ကူး  ပြောင်းရေးအတွက် လာမည့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲသည် မှတ်တိုင်ဖြစ်ကြောင်း ထုတ် ပြန် ချက်တွင် ဖော်ပြထားသည်။

ယုံကြည်ရပြီး အားလုံးပါဝင်သည့် ရွေးကောက်ပွဲဖြစ်စေရန် ရိုဟင်ဂျာများ (မူရင်း) အပါအဝင် တစ်ဦးချင်းစီ သည် လုံခြုံစွာ၊ အပြည့်အဝနှင့် တန်းတူညီမျှ ပူးပေါင်းပါဝင်ခွင့်ရရေး ထုတ်ပြန်ချက်တွင် အထူးတိုက်တွန်း ထား သည်။ ထို့အပြင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် ဆက်လက်ဖြစ်ပွားနေသည့် တိုက်ပွဲများ အမြန် ဆုံး ရပ်ဆိုင်းရန်လည်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် ကာလရှည်ကြာဖြစ်ပွားနေသည့် အကျပ်အတည်းအတွက် ဖြေရှင်းရေး ပိုမို အားထုတ် ရန်နှင့် မွတ်စလင် ဒုက္ခသည်များ လုံခြုံစွာ၊ ဆန္ဒအလျောက်၊ စဉ်ဆက်မပြတ်နှင့် ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန် နိုင်ရေး အပြုသဘောဆောင် အခြေအနေ ဖန်တီးပေးရန်၊ ပဋိပက္ခတွင် တာဝန်ရှိသူများ တာဝန်ခံမှုရှိရေး လုပ်ဆောင်ရန်လည်း မြန်မာအစိုးရကို တိုက်တွန်းထားသည်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */