Saturday, September 19, 2020

“ရိုဟင်ဂျာမရှိ”စာသားဖြင့် မဲဆွယ်ဆိုင်းဘုတ်ထောင်သည့် ကိစ္စ မသိဟု ကော်မရှင်ပြော

DVB
By DVB
18 September 2020


“ရိုဟင်ဂျာမရှိ” ဆိုတဲ့ စာသားနဲ့ ရန်ကုန်တိုင်း လသာမြို့နယ်မှာ  မဲဆွယ်ဆိုင်းဘုတ်ထောင်တဲ့ ကိစ္စ မသိရှိ ဘူးလို့ ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

လသာမြို့နယ်ကနေ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ဦးကျော် စိုးထွဋ်က “ရိုဟင်ဂျာမရှိ”ဆိုတဲ့စာသားနဲ့ မဲဆွယ်ဆိုင်းဘုတ် ထောင်ထား တာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ မဲဆွယ်ဆိုင်းဘုတ်ထောင်တာဟာ စည်ပင်ခွင့်ပြုချက်နဲ့ ထောင်ရတာဖြစ်တဲ့ အတွက်  စည် ပင် နဲ့ပဲသက်ဆိုင်တယ်လို့ ရန်ကုန် အနောက်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ  ဦးခင်မောင် ဝင်း က ပြောပါတယ်။

“ကျနော် မြို့နယ်ကို  တာဝန်ပေးပြီးသွားကြည့်ခိုင်းလိုက်ပါမယ်။ စည်ပင်နဲ့ဆိုင်တယ်ဗျ။ စည်ပင်နဲ့ ဆိုင် တယ်။ စည်ပင်အနေနဲ့ ဒီလိုစာသားပါတာကို ခွင့်ပြုလို့မရဘူးလေ။”လို့ ဦးခင်မောင်ဝင်းက ပြောပါတယ်။

ရွေးကောက်ပွဲ ဥပဒေအရ ဘာသာရေး၊ လူမျိုးရေးကိုအသုံးချပြီးမဲဆွယ်လို့မရသလို ကိုယ်စားလှယ်လောင်း တွေလိုက်နာရမယ့် ကျင့်ဝတ်စာအုပ်မှာလည်း ပါဝင်ပြီးသားဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အဆိုပါမဲဆွယ်ဆိုင်းဘုတ်နဲ့ပတ်သက်ပြီး မြို့နယ်ကော်မရှင်ကို သွားရောက်စစ်ဆေးဖို့ တာဝန်ပေး သွားမှာဖြစ်ပြီး ဘယ်လို ဆက်လက်ဆောင်ရွက်သွားမလဲ ဆိုတာကိုတော့ စစ်ဆေးပြီးမှ ပြန်ပြောနိုင်မယ်လို့ ပြောပါတယ်။

သတင်း – ထက်ဝေအောင်

 

Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */