Tuesday, October 20, 2020

ရခိုင်ပဋိပက္ခ ရိုဟင်ဂျာတွေ လူသားဒိုင်းသဖွယ် အသုံးချခံ နေရလို့ ရိုဟင်ဂျာအဖွဲ့ စွပ်စွဲ

VOA  
ဗွီအိုအေ (မြန်မာပိုင်း) 
20 အောက်တိုဘာ၊ 2020

ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခ တွေကြောင့် ထွက်ပြေးနေရတဲ့ ရိုဟင်ဂျာစခန်းတခု 

ရခိုင်ပြည်မှာ ပဋိပက္ခတွေ ဆက်လက်ပြင်းထန်နေတာနဲ့ အမျှ ရခိုင်မှာ ကျန်ရှိနေတဲ့ ရိုဟင်ဂျာတွေကို လူသား ဒိုင်း အဖြစ် အသုံးချဖို့ မြန်မာစစ်တပ်ရဲ့ ပစ်မှတ်ဖြစ်လာနေတယ်လို့ အမေရိကန် အခြေစိုက် Arakan Rohingya Union က အောက်တိုဘာလ (၁၉)ရက် တနင်္လာနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာလ (၅)ရက်နေ့က ဘူးသီးတောင်ဒေသမှာ ဖြစ်ခဲ့တဲ့ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက် ကိုင် အဖွဲ့ ကြား တိုက်ပွဲအတွင်း လယ်ယာစိုက်ခင်းမှာ အလုပ်လုပ်နေတဲ့ ရိုဟင်ဂျာ ကလေးနှစ်ဦးအပါအဝင် လူကြီး စုစုပေါင်း ၁၅ ဦးကို မြန်မာစစ်တပ်က အတင်းအဓမ္မ ပေါ်တာဆွဲပြီး တိုက်ပွဲအတွင်း လူသားဒိုင်းသဖွယ် အသုံး ပြုခဲ့တယ်လို့ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
 
နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုတွေအတွင်း အသက် (၁၀)နှစ်နဲ့ (၁၁)နှစ် အရွယ် ရိုဟင်ဂျာ ကလေးနှစ်ဦးသေ ဆုံး ခဲ့တဲ့ ဖြစ်ရပ်မှာ မြန်မာစစ်တပ်ရော AA အဖွဲ့ကပါ တဖက်နဲ့ တဖက် အပြန်အလှန် စွပ်စွဲပြောဆိုထားတယ် လို့ လည်း Arakan Rohingya Union ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါအပြင် နိုဝင်ဘာလ ရွေးကောက်ပွဲမှာလည်း ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ ရိုဟင်ဂျာတွေ မဲပေးခွင့်မရတဲ့ အ ခြေအနေဟာ အရင်က အရေအတွက်ထက် နှစ်ဆတိုးများလာသလို၊ ရိုဟင်ဂျာတွေကို ကိုယ်စားပြု ယှဉ်ပြိုင် မယ့်သူအများစု ပါဝင်ခွင့်မရအောင် အစိုးရ ရွေးကောက်ပွဲကော်မရှင်က ပိတ်ပင် တားဆီးခဲ့တယ် လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက် ထွက်ပြေးသွားကြတဲ့ မွတ်စ လင်ဒုက္ခသည်တွေ နေရပ်ပြန်ခေါ်ရေးအစီအစဉ်ကို အားကြိုးမာန်တက်ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တနင်္လာနေ့က ပြုလုပ်တဲ့ သုံးနှစ်ပြည့် UEHRD ကော်မတီ အခမ်းအနားအဖွင့် ဗွီဒီယိုမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှု အကူ အညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ကော်မတီ စတင်ဖွဲ့ စည်းပြီးချိန် သုံးလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်တွေနဲ့ အညီ ပြန်လည်လက် ခံရေး လုပ်ငန်းတွေအတွက် အဆင်သင့်ဖြစ်နေခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ပြန်လည် လက်ခံရေးစခန်း (၂)ခုနဲ့ ယာယီကြားစခန်းတခုကို အချိန်တိုအတွင်း အပြီးလုပ်နိုင်ခဲ့ကြောင်းလည်း သူက ပြောကြားခဲ့ပါတယ်။

တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်တွင်းက အကူအညီလိုအပ်နေသူအတွက်လည်း လူသားချင်းစာနာမှုဆိုင်ရာ အကူ အညီတွေပေးအပ်နိုင်ဖို့ နိုင်ငံအနှံ့အပြားက စေတနာ့ဝန်ထမ်းလူငယ်တွေနဲ့ UEHRD စေတနာ့ဝန်ထမ်း လူငယ်အစီအစဉ် ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ဒါပေမဲ့ လက်ရှိအခြေအနေမှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုဆောက်တည်ရေး လုပ် ငန်းတွေ အထူးလိုအပ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ဗွီဒီယိုမိန့်ခွန်းမှာ ဝန်ခံပြောဆိုခဲ့ပါ တယ်။
 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */