" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ရခိုင်. Show all posts
Showing posts with label ရခိုင်. Show all posts

Monday, April 29, 2019

ရခိုင်ဒေသတိုက်ပွဲများနှင့် အရပ်သားတို့ ထိခိုက်သေ ဆုံးမှု

မဇ္ဈိမ သတင်းဌာန
By အောင်ငြိမ်းချမ်း နှင့် ခင်မို့မို့လွင်
27 April 2019

မြောက်ဦးမြို့ ကျေးလက်ဒေသ ပစ်ခတ်မှုများကြောင့် ခန္ဓာကိုယ်အနှံ့ ဒဏ်ရာရခဲ့ပြီး ရန်ကုန်၊ မြောက်ဥက္က လာပဆေးရုံတွင် ကုသမှုခံယူနေသော မပေါက်စ (ဓာတ်ပုံ - ခင်မို့မို့လွင်/Myanmar Now)

ရခိုင်ပြည်နယ်မြောက်ပိုင်း ကျေးလက်ဒေသတစ်ခုရှိ ၂၄ နှစ်အရွယ် မပေါက်စသည် နံနက်ပိုင်းလုပ်ငန်း ခွင်မဝင်မီ သနပ်ခါးလိမ်းနေစဉ် သေနတ်သံများ ကြားလိုက်ရသည်။

Friday, April 26, 2019

ရခိုင်ကိုလက်နက်တင်ပို့သူ ဖေါ်ထုတ်ဖို့ ဘင်္ဂလားဝန် ကြီး တိုက်တွန်း

 မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ပြဿနာဖြစ်အောင် လက်နက်ထောက်ပံ့နေတဲ့ ဇစ်မြစ်ကို ရှာဖွေ ဖေါ်ထုတ်ပြီး နေရာအနှံ့ အကြမ်းဖက်မှုတွေ ရပ်တံ့အောင်လုပ်ဆောင်ဖို့ ကုလသမဂ္ဂ ဌာနကြီး ၃ ခုရဲ့ အကြီးအကဲတွေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂ ဌာနဆိုင်ရာ အကြီးအကဲတွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen ကို ကြာ သပတေးနေ့က သွားရောက် တွေ့ဆုံစဉ် အခုလို တိုက်တွန်း လိုက်တာဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံမှာ လူပေါင်းရာချီ သေဆုံးခဲ့ရတဲ့ ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွါးခဲ့တဲ့နောက် အကြမ်းဖက်မှု ပြဿနာ အလားအလာ ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ကြေညာချက်တွေမှာ လူတွေသေဆုံးရတာကိုသာ ပြောနေကြပြီး ဒီလိုသေဆုံးစေတဲ့ ကျည်ဆံတွေ လက် နက်တွေ ဘယ်က လာတယ်၊ ဘယ်သူကပေးနေတယ် ဆိုတာတွေကို ဘယ်သူမှ မပြောကြကြောင်းနဲ့ ဒါကို ဖေါ်ထုတ်နိုင်မှ အကြမ်းဖက်ဝါဒ ပပျောက်နိုင်မယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi ၊ IOM အပြည်ပြည်ဆိုင်ရာ လူဦးရေပြောင်းရွှေ့မှုဆိုင်ရာ အကြီးအကဲ António Vitorino နဲ့ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ကုလ သမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Mark Lowcock တို့ဟာ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး ဘင်္ဂ လားဒေ့ရှ် နိုင်ငံကို ၃ ရက်ကြာ ခရီး သွားရောက်နေတာ ဖြစ်ပါတယ်။

လင့်၊https://burmese.voanews.com/a/4892270.html?ltflags=mailer

IS တွေ ရခိုင်ကိုဝင်ရောက်ဖို့ မလေးရှားမှာ စခန်းချ စီစဉ်

26 ဧပြီ၊ 2019  
Malaysia မြေပုံ

အိုင်အက်စ် အကြမ်းဖက်အဖွဲ့ဟာ အခုအခါမှာ စစ်သွေးကြွတွေ ဖိလစ်ပိုင်တောင်ပိုင်းနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည် နယ်ကို ထိုးဖေါက် ဝင်ရောက်ဖို့အတွက် မလေးရှားနိုင်ငံ Sabah ပြည်နယ်က Tawau နဲ့ Sandakan ဒေသ တွေကို စုရပ်အဖြစ် ရွေးချယ်ထားတယ်လို့ မလေးရှား ရဲမင်းကြီးTan Sri Mohamad Fuzi Harun က ကြာ သပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

Wednesday, April 24, 2019

မောင်တော မောရဝတီကျေးရွာမှ ရခိုင်လူငယ်တစ်ဦး အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ခံရ

နိရဉ္စရာ
ထွန်းလင်းနိုင် (မောင်တော)
နိရဉ္စရာ၊ ဧပြီ ၂၃/ ၂၀၁၉


ရခိုင်ပြည်နယ် ၊မောင်တောမြို့နယ်တောင်ပိုင်း၊ ကိုင်းကြီးကျေးရွာအနီး တွင် ဧပြီလ ၂၁ ရက်နေ့ ည ၇နာရီ ၅၀ မိနစ်ခန့်က မိုင်း ၂လုံး ပေါက်ကွဲခဲ့မှုကြောင့် မောရဝတီကျေးရွာမှ ရခိုင်လူငယ်တစ်ဦး အကြမ်းဖက် ဥပဒေ ဖြင့် အမှုဖွင့်ခံထားရကြောင်း သတင်းရရှိသည်။

Sunday, April 21, 2019

ရခိုင်မှာ စစ်ဘေးဒုက္ခသည် ၃၅၀၀၀ အထိ တိုးလာ

RFA

Thursday, April 18, 2019

မြောက်ဦးမှာ လက်နက်ကြီးထိမှန်လို့ သားဖနှစ်ဦးဒဏ် ရာရ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-04-18

 ဝဲဘက်လက်မောင်းမှာ လက်နက်ကျည်စထိမှန်ခဲ့တဲ့ မြောက်ဦးမြို့နယ် ဘောင်းဒွတ်ကျေးရွာက မဌေးဌေးအောင် ကို တွေ့ရစဉ်

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဘောင်းဒွတ်ကျေးရွာထဲကို မနေ့က လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲ ခဲ့တာကြောင့် ရွာမှာရှိတဲ့ ဦးမောင်သန်းအေးနဲ့ မဌေးဌေးအောင်တို့ သားဖနှစ်ဦး လက်နက်ကျည်စ ထိမှန်ခဲ့ပါ တယ်။

Monday, April 15, 2019

တပ်ပစ်ခတ်မှု မဟုတ်ကြောင်း ငြင်းဆို

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-04-15
ကိုကျော်သူ

 မြောက်ဦးမြို့နယ် ဘောင်းဒွတ်ကျေးရွာက သေနတ်ကျည်ဆံထိမှန်ခဲ့တဲ့ ဦးကျော်သိန်း စစ်တွေဆေးရုံကို ၂၀၁၉ ဧပြီ ၁၄ ရက်နေ့က ရောက်ရှိလာစဉ်

 ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဘောင်းဒုတ်ကျေးရွာမှာ နယ်မြေခံတပ်က လက်နက်ငယ်နဲ့ပစ်ခတ်လို့ အမျိုးသား ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရခဲ့တယ်လို့ မမှန်မကန်စွပ်စွဲပြောဆိုခဲ့တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ထွန်း ကို အမှု ဖွင့်ထားပြီး ဖမ်းဆီးအရေးယူသွားမယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။

Sunday, April 14, 2019

သေနတ်ကျည်ထိမှန်တဲ့ အရပ်သားတစ်ဦး သေဆုံး၊ တစ်ဦးဒဏ်ရာရ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-04-14
ကိုကျော်သူ
 ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဘောင်းဒွတ်ရွာမှာ ကျောဖက်ကနေ သေနတ်ကျည်ဆံ ထိမှန်ခဲ့တဲ့ ဦးကျော်သိန်း ကို တွေ့ရစဉ်



ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဘောင်းဒွတ်ရွာမှာ မနေ့ညပိုင်းက သေနတ်ပစ်ခတ်မှုရှိခဲ့တာကြောင့် အရပ် သားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

AA ရခိုင်စစ်သမီးတွေရဲ့ခံယူချက်

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-04-12
အစိုးရတပ်မတော်နဲ့ ရင်ဆိုင်တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင့်တပ်မတော် AA အဖွဲ့ဟာ သက်တမ်း ၁ဝနှစ်လောက် သာ ရှိသေးပေမယ့် အစိုးရတပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နိုင်တဲ့အထိ လက်နက်နဲ့ စစ်သည်အင် အား ကောင်းမွန်နေတာကို ရခိုင်ပြည်နယ်က တိုက်ပွဲသတင်းတွေအရ ကြားသိနေရပါတယ် AAခေါင်းဆာင် ပိုင်းကတော့ စစ်သည်အင်အား အတိအကျကို ထုတ်ပြောဖို့ ငြင်းဆိုထားပါတယ်။ AA ဌာန ချုပ်ရှိရာ ကချင် ပြည်နယ် လိုင်ဇာမြို့မှာ ရခိုင်တိုင်းရင်းသား လူငယ်တွေအပြင် အမျိုးသမီးတွေပါ စစ်သင် တန်း တက်ရောက် န ကြပါတယ်။ ရခိုင်အမျိုးသမီးတွေ ဘာကြောင့် လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်နေကြတာပါလဲ…။
RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာက စုစည်းတင်ပြထားပါတယ်။
(ရိုက်ကူး - ထက်အာကာ/အဲလိဇဘက်ဂျန်မာ)

လင့်၊https://www.rfa.org/burmese/multimedia/aa-female-soldiers-04122019162014.html

ရခိုင်စစ်ပြေးဒုက္ခသည်အရေး ICRC စိုးရိမ်

ICRC ဥက္ကဋ္ဌ ရခိုင်ပြည်နယ်အတွင်းက ဒေသခံများနဲ့ တွေ့ဆုံစဉ်။ (ဓာတ်ပုံ-ICRC)

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွါထွက်ပြေးကြရတဲ့ စစ်ဘေးရှောင် ဒုက္ခ သည် အရေအတွက် တိုးပွါးလာနေတဲ့အပေါ် ICRC နိုင်ငံတကာကြက်ခြေနီအဖွဲ့က စိုးရိမ်ပူပန်တဲ့အကြောင်း မနေ့က သတင်းထုတ် ပြန်ပါတယ်။

Thursday, April 11, 2019

မြောက်ဦး ရခိုင်ရွာသား ၂၇ ဦး စစ်တပ်ဖမ်းဆီး

VOA
ဗွီအိုအေ (မြန်မာဌာန)
နိုင်ကွန်းအိန်၊ 11 ဧပြီ၊ 2019 
 
မြန်မာ့တပ်မတော်မှ စစ်သားများ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား ၂၇ ဦးကို တပ်မတော်ကနေ ဖမ်းဆီးခေါ်ဆောင် သွား တယ် လို့ ဒေသခံတွေက ပြောပါတယ်။ ရခိုင်လက်နက်ကိုင်အဖွဲ့ AA အဖွဲ့ဝင်တွေအဖြစ် မသင်္ကာသူ တွေကို ဖမ်းဆီးထားကြောင်း တပ်မတော်က ထုတ်ပြန်ပြောထားပေမဲ့၊ ဒေသခံတွေနဲ့ ကျေးရွာတာဝန်ရှိ သူတွေ က တော့ အခု အဖမ်းဆီးခံသူတွေဟာ AA အဖွဲ့ဝင်တွေမဟုတ်ဘဲ ကျေးရွာလုံခြုံရေး ကင်းစောင့် အဖွဲတွေ လို့ ပြောဆိုပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်း ပေးပို့ထား ပါတယ်။

Saturday, April 6, 2019

အကူအညီရဖို့ထက် တိုက်ပွဲတွေရပ်ဖို့ ရခိုင်ဒုက္ခသည် တွေ လိုလားနေ

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-04-05
 AA နဲ့ အစိုးရတပ် တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေကို ၂၀၁၉ မတ်လ ၅ ရက်နေ့က တွေ့ရစဉ်
ဓါတ်ပုံ - ခိုင်မင်းသျှင် 
 
 

ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေး ရသူ တနေ့တခြားများလာပေမဲ့ တိုက်ပွဲတွေရပ်တန့်ဖို့ လမ်းစမမြင်ရသေးပါဘူး။

Thursday, April 4, 2019

ရခိုင်မြောက်ပိုင်းက တိုက်ပွဲတွေ အရှိန်မြင့်လာ

B  B  C
ဘီဘီစီ မြန်မာပိုင်း
ဧပြီလ ၄ ရက် ၂၀၁၉၊

ရခိုင်ပြည်နယ်မြောက်ပိုင်း လေးမြို့မြစ်ကမ်း တလျောက်နဲ့ ဘူးသီးတောင်မြို့နယ် စိုင်းတင်ချောင်း တစ် ဝိုက် မှာ ဧပြီ ၃ ရက်မနက်ပိုင်း ၈ နာရီ လောက်က စပြီး တစ်နေ့လုံးနီးပါး တိုက်ပွဲတွေ ပြင်းပြင်း ထန်ထန် ဖြစ်ပွား နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘူးသီးတောင်မြို့နယ် စိုင်းတင်ချောင်း တစ်ဝိုက်မှာ ထင်းခုတ်ဝါးခုတ်နေကြတဲ့ မွတ်ဆလင်ရွာသားတွေကို စစ်တပ် ရဟတ်ယာဉ်ပေါ်က မှားယွင်း ပစ်ခတ်တဲ့ အတွက် ဝါးခုတ်နေတဲ့ မွတ်ဆလင်ရွာသား ၄၀ လောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဘူးသီးတောင်မြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံ ပြောပါတယ်။

Tuesday, April 2, 2019

ရခိုင်ပြည်နယ်တွင်း ၂ လကြာ ညမထွက်ရအမိန့်ထုတ်

VOA
ဗွီအိုအေ (မြန်မာဌာန)
02 ဧပြီ၊ 2019 
 ရခိုင်ပြည်နယ်ရှိ လုံခြုံရေးတပ်များ 
ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှာ ည ၉ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရအမိန့်ကို မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူးက ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ ပုဒ်မ ၁၄၄ အရထုတ်ပြန်တဲ့ အဲဒီ ညမထွက်ရ အမိန့်ကို ဒီကနေ့ကစပြီး ၂ လကြာထိ အတည်ဖြစ်တဲ့အကြောင်း အမိန့်စာမှာ ဖော်ပြ ထားပါတယ်။

Monday, April 1, 2019

ရခိုင်တိုက်ပွဲ အပြန်အလှန်စွပ်စွဲ

VOA
ဗွီအိုအေ (မြန်မာဌာန)
ကိုဇော်ထက်
 ရက္ခိုင့်တပ်မတော် တပ်များ (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်လို့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA က သတင်းမှားတွေ ထုတ်ပြန်နေတယ်လို့ တပ်မတော်ဘက်က စွပ်စွဲလိုက်ပြီး AA ဘက်ကလည်း သူတို့ရဲ့ပြောဆိုချက်တွေ မှန် ကန်တယ်ဆိုတာ စောင့်ကြည့်လေ့လာလို့ ရတယ်လို့ ပြောဆိုလိုက်ပါတယ်။ နှစ်ဘက် အပြန်အလှန် စွပ်စွဲ ပြောဆိုနေတဲ့ တိုက်ခိုက်မှုတွေအတွင်းမှာတော့ အရပ်သားပြည်သူ သောင်းနဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေ ကြရ ပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက် ရန်ကုန်ကနေ ပေးပို့ ထား ပါတယ်။

AA အဖွဲ့က အရပ်သားဝတ်နဲ့ အသွင်ယူဝါဒဖြန့်၊ ခြိမ်း ခြောက်နေတယ်လို့ တပ်မတော်ထုတ်ပြန်

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-04-01
ကိုကျော်သူ
 တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ၂၀၁၉၊ မတ် ၃၁ ရက်နေ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ်



ရခိုင်ပြည်နယ်အတွင်း AA ရက္ခိုင့်တပ်မတော်က ဒေသခံတွေအဖြစ် အသွင်ယူလုပ်ကြံဝါဒဖြန့်၊ ခြိမ်းခြောက် ပြီး မဟုတ်မမှန် လိမ်လည်နေတာတွေကို မယုံကြည်ကြဖို့နဲ့ တွေ့ရှိလာရင် သတင်းပေးတိုင်ကြားဖို့ တပ်မ တော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

ရခိုင်စစ်ဘေးရှောင်ဦးရေ ၂၃၀၀၀ ကျော် အရေးပေါ် အကူအညီလိုအပ်နေ

VOA
ဗွီအိုအေ (မြန်မာဌာန)  
မဆုမွန်၊ 30 မတ်၊ 2019

ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ဘုရားနားက ရေတွင်းမှာ ဒေသခံတွေ ရေလာခပ်စဉ် (သြဂုတ်၊ ၀၄၊ ၂၀၁၅)


ရခိုင် လက်နက်ကိုင်တပ်နဲ့ အစိုးရတပ်တို့ကြား ရင်ဆိုင်တိုက်ပွဲတွေ ပြင်းထန်နေဆဲ ရခိုင်ပြည်နယ်တွင်း စစ် ဘေးရှောင်ပြည်သူ ၂၀၀၀၀ ကျော် အထိ ရှိလာနေပြီး ဒီ စစ်ပြေး ဒုက္ခသည်တွေအတွက် သောက်သုံးရေ ရှား ပါးပြတ်လပ်နေပြီး ရေ အရေးပေါ် လိုအပ်နေတယ်လို့ ကူညီ ကယ်ဆယ်ပေးနေသူတွေက ပြောပါတယ်။ ယာယီစခန်းတွေထဲ လာရောက်ခိုလှုံတဲ့ ဒုက္ခသည်တွေ တနေ့ထက် တနေ့ပိုတိုးလာနေပြီး စားနပ်ရိက္ခာနဲ့ အခြေခံဆေးဝါး စောင့်ရှောက်မှုတွေလည်း အရေးတကြီး လိုအပ်နေပါတယ်။ မဆုမွန် ဆက်သွယ်မေးမြန်း ထားပါတယ်။

Saturday, March 30, 2019

ရခိုင်မှ စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သရွေ့ICRC က ထောက်ပံ့ကူညီမည်ဟုဆို

နိရဉ္စရာ
မာန်ယုကျော် (ရွှေဝ မြေ)
နိရဉ္စရာ၊ မတ် ၃ဝ

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များအနေဖြင့် မိမိနေရပ်သို့ မပြန်နိုင်သေးသရွေ့ စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများအား ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ(ICRC)က ပြောသည်။

"

Friday, March 29, 2019

ရင်နှီးမြှုပ်နှံခြင်းနဲ့သာ ရိုဟင်ဂျာပြဿနာကို ကူညီရာ ကျမယ်လို့ တရုတ်သတင်းစာ ရေးသား

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-28

 ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို တွေ့ရစဉ် 


မြန်မာနိုင်ငံက ရိုဟင်ဂျာပြဿနာပြေလည်ရေးအတွက် ဝေဖန်နေခြင်းအားဖြင့် ကူညီရာမရောက်နိုင်ပဲ ရင်းနှီး မြှုပ်နှံပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်းအားဖြင့်သာ သက်သာပျောက်ကင်းစေမှာဖြစ်တယ်လို့ တရုတ်အစိုးရ အာဘော် Global Times သတင်းစာက ရေးသားလိုက်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */