Wednesday, April 24, 2019

မောင်တော မောရဝတီကျေးရွာမှ ရခိုင်လူငယ်တစ်ဦး အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ခံရ

နိရဉ္စရာ
ထွန်းလင်းနိုင် (မောင်တော)
နိရဉ္စရာ၊ ဧပြီ ၂၃/ ၂၀၁၉ 
ရခိုင်ပြည်နယ် ၊မောင်တောမြို့နယ်တောင်ပိုင်း၊ ကိုင်းကြီးကျေးရွာအနီး တွင် ဧပြီလ ၂၁ ရက်နေ့ ည ၇နာရီ ၅၀ မိနစ်ခန့်က မိုင်း ၂လုံး ပေါက်ကွဲခဲ့မှုကြောင့် မောရဝတီကျေးရွာမှ ရခိုင်လူငယ်တစ်ဦး အကြမ်းဖက် ဥပဒေ ဖြင့် အမှုဖွင့်ခံထားရကြောင်း သတင်းရရှိသည်။

အဆိုပါမိုင်းပေါက်ကွဲမှုဖြင့် မောရဝတီကျေးရွာမှ ရခိုင်လူငယ် မောင်ကျော်သိန်း(၂၄) နှစ်(ဘ) ဦးထွန်းလှဦး နှင့် နေကျော်လင်း (၁၈)နှစ် (ဘ) ဦးရဲထွန်းတို့ကို ဧပြီလ ၂၁ ရက်နေ့ညက ဖမ်းဆီး ခေါ်ယူ စစ်ဆေးခဲ့ပြီး နေကျော်လင်းအားပြန်လွတ်ပေးကာ မောင်ကျော်သိန်းကို ဧပြီလ ၂၃ ရက် ယနေ့ နေ့လယ်က မောင်တော မြို့နယ် တရားရုံးတွင် အမှုဖွင့်ချုပ်ရမန်ယူခဲ့ခြင်းဖြစ်သည်။

ထိုအမှုဖွင့်တရားစွဲခံထားရသူ၏ ဦးလေးဖြစ်သူ ဦးသူရထွန်းက" သူ့ကိုစစ်တပ်က ဖမ်းဆီးစစ်ဆေးချိန်မှာ ဓါတ်ပုံတွေတွေ့တယ်ပြောပါတယ်။ အဲဒီဓါတ်ပုံက ပြီးခဲ့နှစ်ဝါဆိုလက မယူတောင်တန်းမှာရှိတဲ့ ချင်းမဂူမှာ ရိုက်ထားတဲ့ပုံပါ။ အဲဒီဂှုမှာ အေအေဆိုပြီးစာရေးထားတာ ရှိပါတယ်။ဓါတ်ပုံထဲမှာ နောက်က ကျောက် ဆောင်က အေအေဆိုတဲ့ စာပါတော့ အေအေက ဆိုပြီး ဖမ်းဆီးအမှုဖွင့်တရားစွဲဆိုခံထားရတာပါ။" ဟု နိရဉ္စရာသို့ ပြောသည်။

ဧပြီလ ၂၁ ရက်နေ့ ည ၇နာရီ ၅၀ မိနစ်ခန့်က မိုင်း ၂လုံး ပေါက်ကွဲခဲ့ပြီး ၎င်းမိုင်းပေါက်ကွဲမှုဖြစ်ပြီး မကြာမီ ကိုင်းကြီးကျေးရွာနှင့်တစ်မိုင်ခန့်ဝေးသည့် မောရဝတီ ကျေးရွာသားများအား တပ်မ ၂၂ ၊ တပ်ရင်း ၅၃၅ စစ် တပ်နှင့် နယ်ခြားစောင့်တို့က မောရဝတီဘုန်းတော်ကြီးကျောင်းတွင် ခေါ်ယူစစ်ဆေးခဲ့ကြောင်း ရွာ သား များ က ဆိုသည်။

"ကျွန်တော့်သားကတော့ အေအေလုံးဝမဟုတ်ပါဘူး။ ကျွန်တော့် မျက်စေ့ရှေ့မှာ နေနေတာပါ။သူတစ်ပါးကို သတ် ဖြတ်မှာ မပြောနဲ့။ ကြက် ကလေးတစ်ကောင်တောင် မသတ်ဖူးပါ။ ဒီနေ့တော့သူကို အကြမ်းဖက်ဥပဒေ နဲ့ အမှုဖွင့်ထားပါတယ်။ နောက်ထပ်ရုံးချိန်ကိုတော့ မေလ ၆ ရက်နေ့ ပြန်ချိန်းထားပါတယ်။" ဟု မောင်ကျော်သိန်း၏ ဖခင်ဖြစ်သူ ဦးထွန်းလှဦးက နိရဉ္စရာသို့ ပြောသည်။

ယင်းပေါက်ကွဲမှုနှင့်ဆက်စပ်ပြီး မောင်တော မြို့နယ်၊ မောရဝတီကျေး ရွာနေ AA အဖွဲ့ဝင် ကျော်သိန်း (၂၄) နှစ် (ဘ)ဦးထွန်းလှဦးအား ဖမ်းဆီးရမိခဲ့ပြီး လိုအပ်သည်များ စစ်ဆေးမေးမြန်းလျက်ရှိကြောင်း တပ်မတော် ကာကွယ် ရေးဦးစီးချုပ်ရုံးက ဧပြီလ ၂၂ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

(ဓါတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီလ ၂၂ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်ထားသည့် မောင်ကျော်သိန်းပုံ)

လင့်၊ 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */