Friday, April 26, 2019

IS တွေ ရခိုင်ကိုဝင်ရောက်ဖို့ မလေးရှားမှာ စခန်းချ စီစဉ်

26 ဧပြီ၊ 2019  
Malaysia မြေပုံ
အိုင်အက်စ် အကြမ်းဖက်အဖွဲ့ဟာ အခုအခါမှာ စစ်သွေးကြွတွေ ဖိလစ်ပိုင်တောင်ပိုင်းနဲ့ မြန်မာနိုင်ငံ ရခိုင်ပြည် နယ်ကို ထိုးဖေါက် ဝင်ရောက်ဖို့အတွက် မလေးရှားနိုင်ငံ Sabah ပြည်နယ်က Tawau နဲ့ Sandakan ဒေသတွေကို စုရပ်အဖြစ် ရွေးချယ်ထားတယ်လို့ မလေးရှား ရဲမင်းကြီးTan Sri Mohamad Fuzi Harun က ကြာ သပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။
အီရတ် နဲ့ ဆီးရီးယားတို့မှာ မဟာမိတ်တပ်ဖွဲ့တွေကို မရှုမလှ ရှုံးနိမ့်ခဲ့တဲ့ အိုင်အက်စ် တွေဟာ သူတို့ရဲ့ လှုပ်ရှား မှု ဗဟိုအဖြစ် အရှေ့တောင်အာရှ ဘက်ကို ပိုပြီး ဦးလှည့်လာတယ်လို့လည်း ဆိုပါတယ်။

သူတို့ထဲမှာ မလေးရှားနိုင်ငံသားတွေ သာမက အင်ဒိုနီးရှားနိုင်ငံသားတွေနဲ့ တခြား အရှေ့တောင် အာရှနိုင်ငံသားတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အီရတ်နဲ့ ဆီးရီးယားမှာ အိုင်အက်စ်တို့ အရေးနိမ့်ပေမယ့် သူတို့ရဲ့ အကြမ်းဖက်မှု ဆုံးခန်းတိုင် သွားတာ မ ဟုတ်ပဲ သူတို့ လေ့ကျင့်ထားတဲ့ အကြမ်းဖက်သမားတွေဟာ ကမ္ဘာအနှံ့မှာ ရှိနေပြီး ငြိမ်းချမ်းရေးနဲ့ တည် ငြိမ်ရေးကို ခြိမ်း ခြောက်နေတယ်လို့လည်း ရဲမင်းကြီးက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဥရောပ ဘက်မှာတော့ အိုင်အက်စ် စစ်သွေးကြွတွေဟာ Bosnia လို ဘော်လကန်ဒေသတွင်း နိုင်ငံတွေကို ပစ်မှတ်ထား နေကြတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

 

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */