2019-04-30
ALP ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် စောမြရာဇာလင်း ကို စစ်တွေမြို့မှာ ၂၀၁၉ ဧပြီ ၃၀ ရက်နေ့က တွေ့ရစဉ် Photo: Min Thein Aung
ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ AA အဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးနိုင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့ထံ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က စာရေးသား တောင်းဆို ထားပါတယ်။