Wednesday, February 27, 2019

ခြုံခိုတိုက်ခိုက်ခံရခြင်းကြောင့် ရခိုင်ဝန်ကြီးချုပ် သေဆုံးဆိုသည့်သတင်းမှာ ကောလဟလ ဖြစ်

မဇ္ဈိမ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇
ဇေယျာမော်
လူမှုကွန်ရက်စာမျက်နှာများတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ခြုံခိုတိုက်ခိုက်ခံရခြင်းကြောင့် သေဆုံးသွား ပြီ ဆိုသည့်သတင်းများမှာ မှန်ကန်မှုမရှိကြောင်း ပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ ရခိုင်ပြည်နယ် စည်ပင် သာယာရေးဝန်ကြီး ဦးဝင်းမြင့်က မဇ္ဈိမသို့အတည်ပြုပြောဆိုသည်။

"ဒါတွေကမဟုတ်ပါဘူး။ ဝန်ကြီးချုပ်က နေပြည်တော်မှာပါ။သတင်းမှားတွေပါ" ဟု ဦးဝင်းမြင့်က ဆိုသည်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့ ည ၇ နာရီခန့်မှ စပြီး လူမှုကွန်ရက်စာမျက်နှာများတွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း မြို့နယ် ပန်းနီလာရွာအနီး၌ ဝန်ကြီးချုပ်ယာဉ်တန်းအား AA အဖွဲ့မှ ခြုံခိုတိုက်ခိုက်ခဲ့ပြီး ဝန်ကြီးချုပ် ဦးညီပု နှင့် ပြည်နယ်ရဲတပ်ဖွဲ့မှူး သေဆုံးခဲ့သည်ဟု သတင်းများ ပျံ့နှံလာနေခြင်းဖြစ်သည်။

အဆိုပါနေရာအနီးတွင် တပ်မတော်ယာဉ်တန်း တစ်ခု ခြုံခိုတိုက်ခိုက်ခံရကြောင်း သတင်းများကြားသိရသော် လည်း မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */