" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, August 2, 2023

မြန်မာအပါအဝင် လူ့အခွင့်အရေးအလေးထားလုပ်မယ်လို့ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌပြော

BBC
01-08-2023
လုံခြုံရေးကောင်စီအစည်းအဝေးပွဲမှာတွေ့ရတဲ့ အမေရိကန်သံအမတ်ကြီး

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအရေး အပါအဝင် မြန်မာနိုင်ငံ မှာဖြစ်ပွားနေတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေအရေးကိုလည်း အလေးထား လုပ်သွားမယ်လို့ လုံခြုံရေးကောင် စီ အလှည့်ကျဥက္ကဋ္ဌ အမေရိကန်သံအမတ်ကြီး သောမတ်စ် ဂရင်းဖီးလ်က ပြောပါတယ်။

လုံခြုံရေးကောင်စီဥက္ကဋ္ဌအဖြစ်တာဝန်ယူချိန်အတွင်းမှာဘာတွေလုပ်သွားမယ်ဆိုတာနဲ့ပတ်သက်လို့ သြဂုတ်လ ၁ သတင်းစာရှင်းလင်းပွဲပြုလုပ်ချိန်မှာ သံအမတ်ကြီးက အခုလိုပြောသွားတာပါ။

‘ယူကရိန်းကိုပဲ ကြည့်ကြည့်၊ ယီမင်ကိုပဲ ကြည့်ကြည့်၊ ကမ္ဘာတဝန်းမှာ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်။ ဆူဒန်မှာ လက်ရှိဖြစ်နေတဲ့ လူ့အခွင့်အရေးခိုးဖောက်မှုတွေကို ကျွန်မ အရမ်းကို စိုးရိမ်မိတယ်။ ဒီလိုချိုးဖောက်မှု တွေ ကို မြန်မာပြည်မှာလည်း တွေ့နေရတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့အသံတွေလည်း ကြားရအောင်လုံခြုံ ရေးကောင်စီမှာ ဆွေးနွေးပါမယ်’’ လို့ သူကပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရိုဟင် ဂျာတွေအရေးကိုလည်း သိရှိနိုင်ဖို့ အဲဒီက ဒုက္ခသည်စခန်းတွေကို သွားရောက်ဖို့ရှိတယ်လို့လည်း သံအ မတ်ကြီးက ပြောပါတယ်။

လက်ရှိမှာ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေကို ကူညီထောက်ပံ့တဲ့အလှူရှင်တွေထဲမှာ အမေရိကန်က ပမာဏ အများဆုံးထည့်ဝင်ထားတဲ့အလှူရှင်နိုင်ငံဖြစ်တာကြောင့် အလှူငွေပိုမိုရရှိဖို့ ဦးဆောင်သွားဖို့ရှိသလို ကုလသမဂ္ဂ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့လည်း လက်တွဲလုပ်သွားမယ်လို့ သံအမတ်ကြီးက ပြောပါတယ်။ 

Link: Here


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */