Tuesday, January 23, 2024

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့ ယူဂန်ဒါ နိုင်ငံတွင် တွေ့ဆုံ

DMG
Dhaka Tribune
ဇန်နဝါရီ ၂၂
ဓာတ်ပုံ - Dhaka Tribune

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟာဆန်မာမွတ်နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တို့ သည် ပြီးခဲ့သော စနေနေ့က ယူဂန်ဒါနိုင်ငံတွင် တွေ့ဆုံခဲ့ကြကြောင်း ဒါကာထရီဗျူးန်သတင်းတစ်ရပ်တွင် ဖော် ပြထားသည်။ 

ယူဂန်ဒါတွင် ကျင်းပနေသည့် ဘက်မလိုက်လှုပ်ရှားမှု ထိပ်သီးညီလာခံ (NAM) တက်ရောက်ရန်ရောက်ရှိနေသည့် ဝန်ကြီးနှစ်ဦးသည် အလွတ်သဘော သီးခြားတွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။ဟာဆန်မာမွတ် နိုင်ငံခြားရေးဝန်ကြီးအ ဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ယခုကဲ့သို့ ဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံမှုတွင်မွတ် ဆလင်ဒုက္ခသည်များ နေရပ်ပြန်ရေး အပါအဝင် အခြားအရေးပါသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု သ တင်းတွင် ဖော်ပြချက်အရ သိရသည်။

ဒုက္ခသည်နေရပ်ပြန်ရေးသည် နှစ်နိုင်ငံအကြား နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် ပြဿနာရပ်တစ်ခုအဖြစ် ရှိနေ ပြီး လက်ရှိအချိန်၌ ဘင်္ဂလားဒေ့ရှ်တွင် မြန်မာနိုင်ငံမှ ထွက်ပြေးသွားသည့် ဒုက္ခသည် တစ်သန်းကျော် နေထိုင် လျက်ရှိသည်။

 နှစ်နိုင်ငံအကြား သဘောတူညီချက်များ အပြင် တရုတ်ကပါ ကြားဝင်စေ့စပ် ဆွေးနွေးမှုများရှိနေ သော်လည်း ဒုက္ခသည် တစ်ဦးတစ်ယောက်မျှ မြန်မာနိုင်ငံသို့ ပြန်မရောက်သေးပေ။ရှိတ်ဟာဆီနာ အစိုးရ အဖွဲ့တွင် နိုင်ငံခြား ရေး န်ကြီးအသစ်အဖြစ် ပါဝင်လာသည့် ဒေါက်တာ ဟာဆန်မာမွတ်က မိမိတို့အနေဖြင့် မြန်မာနှင့်ဆက်သွယ် ဆောင်ရွက်လျက်ရှိကာ မွတ်ဆလင်ဒုက္ခသည်များအရေးကို သံတမန်နည်းလမ်းဖြင့် ဖြေရှင်း၍ ရမည်ဟုယုံကြည် ထား ကြောင်း အစောပိုင်းတွင် ပြောကြားထားသည်။
ပုံစာ - မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဒေါက်တာဟာဆန်မာမွတ် တို့ ဇန်နဝါရီလ ၂၀ ရက်နေ့က တွေ့ဆုံနှုတ်ဆက်စဉ်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */