" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, January 2, 2024

မြန်မာနဲ့ရိုဟင်ဂျာအရေးခိုင်ခိုင်မာမာကိုင်တွယ်ဖို့ အင်ဒို လွှတ်တော်ခေါင်းဆောင်တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၂ ဇန်နဝါရီ၊ ၂၀၂၄ 

အင်ဒိုနီးရှားနိုင်ငံ ဆူမာတြားကျွန်းမြောက်ပိုင်း Kuala Besar ကမ်းခြေကို ရေလမ်းကနေ ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်များ ယာယီအမိုးအကာအောက်မှာ ခိုလှုံနေကြစဉ် (ဒီဇင်ဘာ ၃၁၊ ၂၀၂၃)
 

မြန်မာနိုင်ငံနဲ့ ရိုဟင်ဂျာပြဿနာတွေကို ကမ္ဘာနဲ့ အထူးသဖြင့် အာဆီယံတိုင်းပြည်တွေက ခိုင်ခိုင်မာမာ အရေးယူ ဆောင်ရွက်ကြရပါမယ်လို့ အင်ဒိုနီးရှားလွှတ်တော် ၂ ရပ်ကြား ပူးပေါင်းဆောင်ရွက်ရေးဌာန ဒုတိယဌာနမှူးက ပြောလိုက်ပါတယ်။

“ကမ္ဘာ့ဆွေးနွေးပွဲတွေ တက်ခွင့်မပေးတာ၊ လက်နက်နဲ့ စီးပွါးရေး ပိတ်ဆို့အရေးယူတာ၊ သူတို့ရဲ့ နိုင်ငံကူးလက် မှတ်တွေနဲ့ ပြည်ဝင်ခွင့်ဗီဇာတွေကို ပိတ်ပင်တာနဲ့ လူမျိုးသုဥ်းသတ်ဖြတ်မှု ကျူးလွန်သူတွေကို နိုင်ငံတကာ တရား စီရင်ရေးရုံး ICJ ကို ပို့တာတွေ ဆောင်ရွက်နိုင်ပါတယ်” လို့ စနေနေ့က အင်တာနက်ပေါ်တင်လိုက်တဲ့ ထုတ်ပြန် ချက်မှာ မစ္စတာ အာ့ချ်မက် ဟာဇစ် တိုဟား (Achmad Hafisz Thohir) က ပြောလိုက်ကြောင်း အင်ဒိုနီးရှား နိုင် ငံတော်ပိုင် အင်တာရာ သတင်းဌာန က ဖော်ပြခဲ့တာပါ။

ရိုဟင်ဂျာပြည်သူတွေကို လက်ရှိ အာဏာရစစ်ကောင်စီက မစောင့်ရှောက်တော့တဲ့အပြင် အစုလိုက် အပြုံလိုက် သတ်ဖြတ်ဖို့လည်း လက်တုံ့မနေတော့ဘူးလို့ ကျေညာချက်က ဆိုပါတယ်။ စစ်ကောင်စီ အာဏာပိုင်တွေက တာ ဝန်ယူစိတ်လည်းမရှိသလို အခြေခံ လူ့အခွင့်အရေးတွေကိုလည်း မဖြည့်ဆည်းတော့ဘူးလို့မစ္စတာတိုဟားကပြော ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ အင်ဒိုနီးရှားနိုင်ငံကို လှေတွေနဲ့ ရောက်လာကြတဲ့ပြ ဿနာကို အင်ဒိုနီးရှားက ရင်ဆိုင်နေရတာပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */