RFA Burmese
2023.07.14
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၇၄ သန်းကျော် ထပ်ပြီးကူညီထောက်ပံ့သွားမယ်လို့ အမေရိ ကန်အစိုးရက ဇူလိုင် ၁၃ ရက်နေ့က ကြေညာလိုက်ပါတယ်။
အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (USAID) နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက တစ် ဆင့် ကူညီတာဖြစ်ပါတယ်။