" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, October 31, 2023

ရိုဟင်ဂျာ ၃၀၀၀ ကို ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံ ပြန်ပို့ဖို့ စီစဉ်

VOM

ဒါကာ၊ အောက်တိုဘာ-၃၁-၂၀၂၃

မျိုးဆက်(VOM)

ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကို ပြန်ပို့ရေးအစီအစဉ်တစိတ်တပိုင်းအဖြစ် မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေပြီး အောက်တိုဘာ ၃၁ ရက် ဒီနေ့မှာ ဒုက္ခ သည်တွေနဲ့ တွေ့ဆုံခဲ့ကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။

“ ဒီနေ့မှာ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးပြီး ဒုက္ခသည်တွေရဲ့ အ ထောက်အထားတွေကို စစ်ဆေးသွားမှာဖြစ်ပါတယ်” လို့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်ဆိုင်ရာလက်ထောက် ကော်မရှင်နာ Shamsud Douza ကပြောပါတယ်။

ဧပြီလအတွင်းမှာ တရုတ်၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ ဆွေးနွေးမှုရဲ့ သဘောတူညီချက်အရ ဒုက္ခ သည်တွေ နေရပ်ပြန်ပို့ရေး ရှေ့ပြေးအစီအစဉ်အဖြစ် လာမယ့် ဒီဇင်ဘာလမှာ ဒုက္ခသည် ၃၀၀၀ ခန့်ကို မြန်မာဘက်က ခေါ်ယူသွားဖို့ စီစဉ်ထားကြောင်း ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိမှာ ဒုက္ခသည် တသန်းကျော် နေထိုင်နေကြပြီး သူတို့ ကို  မြန်မာနိုင်ငံပြန်ပို့ရေး ယခင်က ကြိုးပမ်းမှုအများအပြားဟာ မြန်မာဘက်က နှောင့်နှေးမှုတွေနဲ့ဒုက္ခ သည်တွေရဲ့ သဘောထားဆန္ဒတွေကြောင့် အောင်မြင်ခြင်းမရှိပါဘူး။

မြန်မာဘက်က လက်ခံဖို့ အဆင်သင့်ပါပဲ။ ဒါပေမယ့် ရိုဟင်ဂျာတွေက သွားဖို့အဆင့်သင့်မဖြစ်သေး တာက စိန်ခေါ်မှုတခုပါပဲ” လို့ အမည်မဖော်လိုတဲ့ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိ သူတယောက်ကပြော ပါ တယ်။ ရိုဟင်ဂျာဒုက္ခသည်တွေဟာ နိုင်ငံသားဖြစ်ခွင့်ရမှသာ မြန်မာနိုင်ငံပြန်မယ်လို့ ပြောဆိုထား ကြ ပါတယ်။

Ref:AFP

Photo:AFP
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */