" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, August 18, 2023

အကူအညီလိုအပ်နေသူ ၁၈ သန်းအတွက် ရန်ပုံငွေတိုးမြှင့် ကူညီမယ်လို့ UNOCHA ပြော

BBC
August 18 2023


မြန်မာမှာ အကူအညီပေးရေးတွေတိုးမြှင့်လုပ်ဆောင်ခွင့်ရဖို့နဲ့ လူဦးရေ ၁၈ သန်းအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီရန်ပုံငွေတိုးမြှင့်ပေးကြဖို့ မြန်မာနိုင်ငံကို ၃ ရက်ကြာ သွား ရောက်ခဲ့တဲ့ ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) အကြီး အကဲ Mr. Martin Griffiths က တောင်းဆိုထုတ်ပြန်ပါတယ်။ 

 
UNOCHA ရဲ့ ထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံအတွင်း ခေတ်အဆက်ဆက် ပဋိပက္ခတွေကြောင့် ရွှေ့ ပြောင်းနေထိုင်ကြရတဲ့လူဦးရေ ၄ သိန်း နီးပါးရှိရာကနေ အခုဆိုရင် ၁ ဒသမ ၉ သန်းအထိ ဖြစ်လာ ပြီး လွန်ခဲ့တဲ့ ၃ နှစ်ကထက် ၅ ဆတိုးလာတယ်လို့ ဆိုပါတယ်။

မြန်မာခရီးစဉ်အတွင်း မစ္စတာ Griffiths ဟာ ရခိုင်ပြည်နယ်ကိုသွားရောက်ခဲ့ပြီး ရခိုင် နဲ့ ရိုဟင်ဂျာအ သိုင်းအဝိုင်းအပါအဝင် ပဋိပက္ခ နဲ့ သဘာဝဘေးဒဏ်သင့် မိသားစုတွေနဲ့ တွေ့ဆုံခဲ့တဲ့အကြောင်း လည်း ထည့်ပြောပါတယ်။

ပဋိပက္ခတွေကြောင့် တိုင်းပြည် လူထုရဲ့ သုံးပုံတပုံဟာ စာနာမှုဆိုင်ရာအကူအညီတွေ လိုအပ်နေသလို ပြည်သူတွေကလည်း တိုင်းပြည်မှာ တာဝန်ရှိသူတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ဒီထက်ပိုပြီး ကူ ညီ လုပ်ဆောင်ပေးကြဖို့ မျှော်လင့်နေကြကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တွေ့ဆုံခဲ့ပြီးထိခိုက်နစ်နာနေရသူတွေအတွက် တိုက်ရိုက်ထောက်ပံ့နိုင်တဲ့ အတိုင်းအတာကို တိုးမြှင့်နိုင်ရေးနဲ့ လူသားချင်း စာနာ ထောက်ထားမှု ဆိုင် ရာအကူအညီပေးရေးမှာလိုအပ်နေတာတွေကိုဆွေးနွေးခဲ့တယ်လို့လည်းဖော်ပြပါတယ်။

''မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက်ဖြစ်နေတဲ့ အကျပ်အတည်းတွေကြောင့် လူဦးရေရဲ့ သုံးပုံတစ် ပုံ ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေပါတယ်”

“သူတို့ရဲ့ ခေါင်းဆောင်တွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတွေဆီကနေ ပိုကောင်းတာတွေရဖို့ မျှော်လင့် နေကြပါတယ်” လို့ UNOCHA ရဲ့ ထုတ်ပြန်ချက်ထဲ မစ္စတာ Griffiths က ထည့်ပြောပါတယ်။

မစ္စတာ Griffiths ရဲ့ ထုတ်ပြန်ချက်ထဲ ပဋိပက္ခဖြစ်ပွားတဲ့ဒေသတွေမှာ အရပ်သားတွေ ကြုံတွေ့ နေရ တဲ့ အန္တရာယ်တွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးတွေမှာ တင်းကျပ် ချုပ်ကိုင်ထားတဲ့ အုပ်ချုပ်ရေးအတားအဆီးတွေ ရှိနေတယ်လို့ ပြောပါတယ်။ ဒါ့အပြင်ကူအညီ လို အပ်နေသူတွေ ရင်ဆိုင်နေရတဲ့ အကန့်အသတ်တွေအတွက်လည်း စိုးရိမ်ကြောင်းထုတ်ပြောပါတယ်။

UNOCHA အကြီးအကဲရဲ့ အပြောအရ မြန်မာကိုအကူအညီပေးရေးအတွက် ရန်ပုံငွေရရှိမှု လိုအပ် နေပြီးလက်ရှိမှာ တောင်းဆိုထားတဲ့ ရန်ပုံငွေရဲ့ ၂၂ ရာခိုင်နှုန်း ပဲရရှိတယ်လို့ ပြောထားပါတယ်။ ဒါ ပေမဲ့ UNOCHA အနေနဲ့ မြန်မာနိုင်ငံတွင်း ကူညီထောက်ပံ့ရေးအတွက် ဘယ်လောက် တောင်းဆို ထားပြီးဘဏ္ဍာ‌‌ငွေ ဘယ်‌လောက်ရရှိလည် ပတ်နေသလဲဆိုတာကိုတော့ ထည့်သွင်းပြောထားတာ မရှိ ပါဘူး။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */