" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, September 7, 2023

ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးကို စစ်ကောင်စီက ကန့်သတ်

Myanmar Now
အောင်နိုင်
September 7, 2023

မြန်မာနိုင်ငံပိုင်ဘဏ်နှစ်ခု၏ အပ်ငွေများကို ဘင်္ဂလားဒေ့ရှ်ရှိ Sonali ဘဏ်က ထုတ်ယူခွင့် ပိတ်ပင်ခဲ့ သည်ကို တန်ပြန်သည့်အနေဖြင့် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ နှမ်း၊ မြေပဲ၊ မြေပဲဆန်၊ ကြက်သွန်နီနှင့် ရေချို ရေငန်ငါးမျိုးစုံကို နှစ်နိုင်ငံနယ်စပ် မောင်တောမြို့နယ်မှတစ်ဆင့် တင်ပို့ခွင့်ကို စစ်ကောင်စီက ပိတ်ပင် လိုက်သည်။


ကန့်သတ်ကုန်စည်များကို တင်ပို့လိုပါက ပြည်နယ်မြို့တော် စစ်တွေရှိ ကုန်သွယ်ရေးစခန်းကိုသာသုံးစွဲ ရမည်ဟု စစ်ကောင်စီ ကုန်သွယ်ရေးဦးစီးဌာနက စက်တင်ဘာ ၁ ရက်စွဲဖြင့် အမိန့်ထုတ်ခဲ့သည်အမိန့် သည် စက်တင်ဘာ ၄ ရက်တွင် စတင် အသက်ဝင်မည်ဟု ဆိုသည်။

ထိုကန့်သတ်မှုသည် မြန်မာပို့ကုန်နှင့် ကုန်သွယ်ရေးဆိုင်ရာငွေပေးချေမှုများကို ဘင်္ဂလားဒေ့ရှ်အစိုးရ ဘဏ်က ပိတ်ပင်လာပြီးနောက် ဖြစ်ပေါ်လာနိုင်သည့် မှောင်ခိုတင်ပို့မှုများကို ရှောင်ရှားရန်အတွက်ဖြစ် ကြောင်း စစ်ကောင်စီ စီပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကုန်သွယ် ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရက Myanmar Now ကို ပြောသည်။

“ဟိုဘက်က Sonali ဘဏ်က ကန့်သတ်ချက်တွေရှိတယ်၊ ဟိုဟာ မပေးဘူး၊ ဒီဟာ မပေးဘူး။ တို့ဘက် က လည်း ကန့်သတ်ထားတယ်။ အဲ့ဒီတော့ ခိုးသွားတာဖြစ်မယ်ပေါ့။ အဲ့ဒီတော့ ဒီဘက်က စစ်တွေက သွားဖို့ပေါ့။ ဘဏ်စနစ်တွေပေါ့။ ငွေလွှဲတဲ့အခါမှာ အပြည်အဝမပေးတာတို့ ဘာတို့ကန့်သတ်ချက်တွေ ရှိတယ်” ဟု ၎င်းက ဆိုသည်။

Sonali ဘဏ်တွင် စစ်ကောင်စီချုပ်ကိုင်ထားသည့် နိုင်ငံပိုင်ဘဏ်နှစ်ခုဖြစ်သော မြန်မာ့နိုင်ငံခြား ကုန် သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့က အပ်နှံ ထားသည့် ဒေါ်လာတစ်သန်းကျော်ကို ထုတ်ယူခွင့်မပြုရန် ဘင်္ဂလားဒေ့ရှ်အစိုးရက ဆုံးဖြတ်ကြောင်း ဒေသတွင်းသတင်းဌာနများက သြဂုတ်လတွင် ဖော်ပြထားကြသည်။

ထိုကန့်သတ်မှုက အမေရိကန်၏ တောင်းဆိုမှုကြောင့်ဖြစ်ကြောင်းလည်း ရေးသားကြသည်။

နှစ်နိုင်ငံကုန်သွယ်မှုတွင် အပြန်အလှန်ငွေပေးချေရေးအတွက် မြန်မာ၏ MICB ဘဏ်နှင့် ဘင်္ဂလား ဒေ့ရှ်၏ Sonali ဘဏ်တို့အကြား ဘဏ်လုပ်ငန်းဆိုင်ရာ သဘောတူညီချက်ကို လွန်ခဲ့သည့် ၂၈ နှစ်၊ ၁၉၉၅ ကတည်းက လက်မှတ်ထိုးထားခြင်းဖြစ်သည်။

MFTB နှင့် MICB ဘဏ်တို့၏ အပ်ငွေများ ထုတ်ယူခွင့် ကန့်သတ်ချက်ထွက်လာပြီးနောက် နယ်စပ်မှ ကုန်သွယ်ရာတွင်လည်း ပို့ကုန်သွင်းကုန်ဆိုင်ရာ ငွေပေးချေမှုများကို ပိုမိုကန့်သတ်လာခြင်းဖြစ်သည်။

MICB ဘဏ်ကို ကန့်သတ်မှုများ ရှိနေသော်လည်း မောင်တောရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲနှင့်ဘင်္ဂလား ဒေ့ရှ်ဘက်ခြမ်းမှ တက္ကနဗ်မြို့ရှိ Sonali ဘဏ်ခွဲတို့အကြား အမေရိကန်ဒေါ်လာ ၅၀၀၀၀ အထိ ငွေလွှဲ လက်မှတ်ဖြင့် အပေးအယူလုပ်နိုင်သည့် သဘောတူညီချက်က အသက်ဝင်နေသေးသည်။

ဘင်္ဂလားဒေ့ရှ်သို့ ပို့မည့် ကြက်သွန်နီများကို စစ်တွေဆိပ်ကမ်းတွင် ၂၀၂၁ အတွင်းက အလုပ်သမားများက တင်ဆောင်နေစဉ် (ဓာတ်ပုံ                                                   ရခိုင်ပြည်နယ် ကုန်သည်စက်မှုအသင်း Facebook)

မောင်တောနယ်စပ်မှ ကုန်ပို့မှု စစ်ကောင်စီ ကန့်သတ်သည့် အကြောင်းရင်းအသေးစိတ်ကိုမသိရသေး သော်လည်း စစ်တွေလမ်းကြောင်းမှ တင်ပို့နိုင်မည်ဖြစ်သဖြင့် ကုန်သွယ်မှုကို သိသိသာသာထိခိုက် နိုင် ဖွယ်မရှိကြောင်း ရခိုင်ပြည်နယ် ကုန်သည်စက်မှုအသင်းဥက္ကဋ္ဌ ဦးတင်အောင်ဦးက ပြောသည်။

၂၀၂၃ နှစ်ဆန်းပိုင်းမှစတင်၍ ဘင်္ဂလားဒေ့ရှ်အစိုးရက အမေရိကန်ဒေါ်လာ စီးထွက်မှုကိုထိန်းချုပ်ရန် မရှိမဖြစ်ကုန်ပစ္စည်းများကိုသာ ဝယ်ယူသဖြင့်ကုန်သွယ်မှုကျဆင်းသွားခဲ့ခြင်းဘဏ်ငွေပေးချေမှုအကန့် အသတ်များ ရှိလာခြင်းတို့ ရင်ဆိုင်နေရသော်လည်း လက်ရှိကာလတွင် ကုန်သွယ်မှု တိုးတက်လာပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“သင်္ကြန်မတိုင်ခင်တုန်းကဆိုရင် သုညရာခိုင်နှုန်းလောက်အထိ ကျဆင်းသွားတယ်အဲ့ဒီကနေတဖြည်း ဖြည်းနဲ့ ကုန်သွယ်လာတယ်။ ပုံမှန်အတိုင်းတော့ မဖြစ်သေးဘူး။ ပြန်ပြီးတော့ လည်ပတ်နေတဲ့ အနေ အထားရှိပါတယ်။ Sonali ဘဏ်က (ကန့်သတ်တဲ့) ကိစ္စတွေရှိပါတယ်။ ဒါပေမဲ့ လောလောဆယ်သွား တော့သွားနေတုန်းပါပဲ” ဟု သူက ဆက်ပြောသည်။

ရခိုင်ပြည်နယ်ရှိ ကုန်သွယ်ရေးလမ်းကြောင်းများမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကြက်သွန်၊ ချင်းအစရှိသည့် စိုက်ပျိုးရေးထွက်ကုန်များနှင့် ရေချိုငါး အဓိကတင်ပို့နေကြောင်း ၎င်းက ဆိုသည်။

အမေရိကန်၏ အရေးယူပိတ်ဆို့မှုကို လိုက်နာသည့်အနေဖြင့် ဘင်္ဂလာဒေ့ရှ်အစိုးရက Sonali ဘဏ် တွင် အပ်နှံထားသော နိုင်ငံခြားငွေများပိတ်ဆို့လိုက်ခြင်းအပေါ် စစ်ကောင်စီလက်အောက်ခံဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက အကြီးအကျယ်ဒေါ်သထွက်နေပြီး ငြိမ်ခံမည်မဟုတ်ဘဲထိပ်တိုက်ဖြေရှင်း မည်ဟု ဩဂုတ် ၁၉ ရက် နေပြည်တော်အစည်းအဝေးတွင် ပြောဆိုခဲ့သည်ဟု သိရသည်။

ယမန်နေ့ (စက်တင်ဘာ ၆) တွင်မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်သံအမတ်ဖြစ်သူကစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံကာ သံအမတ်ခန့်လွှာ ပေးအပ်ခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်ရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများကို ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီထိန်းချုပ် သတင်းစာ တွင် ဖော်ပြသည်။

ယခုဘဏ္ဍာနှစ် ဧပြီမှ ဩဂုတ် ၂၅ အထိ မောင်တောနယ်စပ်မှ ဘင်္ဂလားဒေ့ရှ်သို့ ပို့ကုန် ဒေါ်လာ ၄ ဒသမ ၅ သန်းဖိုး တင်ပို့ထားကြောင်း စီးပွားကူးသန်းဌာနထံမှ သိရသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */