" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, July 26, 2023

ဘူးသီးတောင်မြို့နယ်မှာ အခြေစိုက်ဖို့ကြိုးစားနေတဲ့အာဆာ ကို အေအေရှင်းလင်း

BNA
Border News Agency
ဘူးသီးတောင်၊
ဇူလိုင် ၁၉ ၂၀၂၃

ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊မယူတောင်ခြေအ နီးမှာ အခြေစိုက်လှုပ်ရှားဖို့ကြိုးစားနေတဲ့ အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော်(Arakan Rohingya Salvation Army)ကို ရက္ခိုင့်တပ်တော် (AA)က ရှင်းလင်းရေးပြု လုပ်နေတယ်လို့ ဒေသခံတွေကအတည်ပြုပြောကြပါတယ်။

အဲဒီအာဆာအဖွဲ့ဟာ ဘူးသီးတောင်မြို့နယ်၊စိမ့်ညှင်းပြားကျေးရွာအနီးမှာ အခြေစိုက်ဖို့ကြိုးစားနေတယ်လို့ ဒေသခံ မွတ်ဆလင်တွေက သတင်းပေးတောင်းဆိုလာတာမို့ ဇူလိုင်လ ၁၈ ရက်နေ့၊ညနေ့ ၃ နာရီအချိန်ခန့်က ရက္ခိုင့်တပ် တော် (AA)မှသွားရောက်ရှင်းလင်းခဲ့တာလို့ ဆိုကြပါတယ်။

အဲဒီရှင်းလင်းမှုကြောင့် အာဆာအဖွဲ့မှ ၁၀ ဦးကျော်သေဆုံးပြီးထိခိုက်ဒဏ်ရာရ သူတွေလည်းရှိသလို လက်နက်ခဲ ယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ရက္ခိုင့်တပ်တော်(AA)နဲ့နီးစပ်သူတွေ၊ဂူတာပြင်နဲ့စိမ့်ညှင့်ပြားရွာ သား တွေက အတည်ပြုပြောကြပါတယ်။

” အာဆာက စိမ့်ညှင်းပြားရွာနားမှာ အခြေစိုက်ဖို့ကြိုး စားတာပါ။ရွာသားတွေကသဘောမတူလို့ အေအေကို သွား တိုင်တာပါ။အေအေကလာရှင်းပေးတာပါ။

ဒီနေ့မနက်မှာလည်း ထပ်ဖြစ်ကြပါတ ယ်။အာဆာဖက်က ၁၀ ကျော်သေတယ်။” လို့ စိမ့်ညှင်းပြားရွာ သားတစ်ဦး ကBNA သို့ပြောပါတယ်။

အဲဒီလိုရှင်းလင်းမှုတွေမှာ ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်တစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပေမယ့် စိုးရိမ်စရာအခြေ အ နေ မဟုတ်တော့ဘူးလို့လည်းရက္ခိုင့်တပ်တော်(AA)နဲ့နီးစပ်တဲ့ ဒေသခံတွေက ဆိုကြပါတယ်။

အဲဒီနေရာတွေဟာ ၂၀၁၇ ခုနှစ်က အာဆာအဖွဲ့ကလှုပ်ရှားမှုတွေရှိခဲ့တာမို့မြန် မာစစ်တပ်နဲ့ထိတွေ့ပစ် ခတ်မှုတွေ ဖြစ် ခဲ့တဲ့ နေရာဖြစ်ပြီးအဲဒီနောက်ပိုင်းမြန် မာစစ်တပ်က အခြေစိုက်စခန်းတွေ၊တပ်ရင်းတွေအသစ်တည် ဆောက် နေရာယူထားတဲ့နေရာလည်းဖြစ်ပါတယ်။

” မောင်တောဖက်မှာ မွတ်ဆလင်ကျေးရွာတွေမရှိတော့ဘူး။ဒါကြောင့်ဘူးသီးတောင်ဖက်ကိုခြေဆန့်လာကြတာ။မြန်မာနယ်ခြားစောင်တပ်တွေကြားကအာဆာတွေ ဘယ်လိုဝင်လာတာလဲ။နောက် ပြီး သူတို့အခြေချနေတာကို စစ်ကောင်စီကသိမှာပါ။သူတို့မွေးစားထားလို့ သူတို့မသိသလိုနေနေကြတာ။ပြောရမယ်ဆို အေအေနဲ့ရန်တိုက်ပေး တာ။” လို့ ဘူးသီးတောင်မြို့ခံတစ်ဦးက BNAသို့ပြောပါတယ်။

အဲဒီအပြင် ရက္ခိုင့်တပ်တော်(AA)နဲ့မြန်မာစစ်တပ်တို့ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့သလိုတကျော့ပြန်တိုက် ပွဲကာလ တုန်းကလည်း ရက္ခိုင့်တပ်တော်(AA)နဲ့အာ ဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့နေရာလို့ ဒေသခံ တွေ က ဆိုကြပါတယ်နောက်ပြီးလက်ရှိအချိန်မှာလည်း အေအေနဲ့စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်စစ်ရေး တင်း မာမှုဖြစ်နေတဲ့နေရာလည်းဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

အဲဒီကျေးရွာတွေ၊အဲဒီနေရာတွေအနီးမှာ အာဏာ သိမ်းစစ်တပ်ရဲ့တပ်မ ၂၂ တပ်ဖွဲ့ဝင်တွေ၊နယ်ခြားစောင့်တပ်ဖွဲ့ ဝင်တွေစခန်းချတပ်စွဲလှုပ်ရှားလို့ရှိနေပေမယ့် အာဆာအဖွဲ့က လှုပ်ရှားလာပြီးဒေသခံပြည်သူတွေကို ဖမ်းဆီးငွေ တောင်းတာတွေ၊စားနပ်ရိက္ခာတောင်းတာတွေအထိရှိလာနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

” ဂူတာပြင်စျေးက ဆိုင်သည်တွေဆီကဆပ်ကြေးတောင်းတာ၊ရိက္ခာတောင်းနေကြတာပါ။ခုနောက် ပိုင်းဖမ်းဆီး ရိုက်နှက် တာတွေအထိရှိလာပါတယ်။စစ်တပ်ကဘာမှမလုပ်ဘူး။နယ်ခြားစောင့်လ ည်းအရေးမယူတော့ အေအေ ကိုသွားတိုင်ကြတာပါ။” လို့ ဂူတာပြင်ရွာသားတစ်ဦးက BNA သို့ပြောပါတယ်။

ရခိုင်တကျော့ပြန်တိုက်ပွဲအတွင်း အာဏာသိမ်းစစ် တပ်မှတပ်မ ၂၂ မှလာရောက်စခန်းချနေခဲ့သလိုတပ်မ ၅၅က တပ်ဖွဲ့ဝင်တွေလည်း အင်အားဖြည့်တပ်ဖွဲ့နေကြတာလို့ ဒေသခံတွေက ဆိုကြပါတယ်။

အဲဒီနေရာအနီးအနားရှိမယူတောင်ခြေဟာ ရက္ခိုင့်တပ်တော်(AA)ရဲ့ထိန်းချုပ်နယ်မြေဖြစ်ပေမယ့် ကားလမ်း တ လျှောက်နဲ့ကျေးရွာတွေထဲ၊ကျေးရွာတွေအ နီးမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကသာ လှုပ် ရှားနေကြတာမို့ စစ်ကောင်စီရဲ့နေရာပေးမှုတွေကြောင့်အာဆာကအတင်းရဲလှုပ်ရှားလာတာလို့ အနီးအနားရှိ ကျေးရွာသားတွေက ဆိုကြပါတယ်။

အာဆာအဖွဲ့ဟာ ၂၀၁၇ နောက်ပိုင်းဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းတွေမှာလှုပ်ရှား နေခဲ့ကြပြီးခုနောက်ပိုင်း နှစ်ဖွဲ့ကွဲသွားကာ ဘင်္ဂလားဒေ့ရှ်အစိုးရကဖ မ်းဆီးတာတွေ၊ဒုက္ခသည်တွေက လက်မခံတာတွေကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ညှိပြီးပြန်ဝင်လှုပ်ရှားလာတာလို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိဒုက္ခသည်တွေက ထောက်ပြပြောဆိုကြ ပါတယ်။

(ဓာတ်ပုံ-ရခိုင်ပြည်တွင်း ရက္ခိုင့်တပ်တော်(AA)ထိန်း ချုပ်နယ်မြေမှာလုံခြုံရေးယူနေတဲ့ အေအေတပ်ဖွဲ့ဝင် တစ်ဦး/BNA)

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */