" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, August 21, 2023

မြန်မာနိုင်ငံ၏ အနောက်တံခါးဒေသတွင် ARSA များ ပြန် လည် ခြေကုပ်လာ၍ ဒေသလုံခြုံရေး စိုးရိမ်စရာ ဖြစ်လာနေ ဟုဆို

BNI
Monday, August 21, 2023

Photo - ARSA


မြန်မာနိုင်ငံ၏ အနောက်တံခါးဖြစ်သော မောင်တောဒေသတွင် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA) ဟု ခေါ်သည့် လက်နက်ကိုင်အဖွဲ့သည် ပြန်လည်ခြေကုပ်လာနေ၍ ဒေသလုံခြုံ ရေး အထူးစိုးရိမ်စရာ ဖြစ်လာနေသည်ဟု ဒေသခံများက ပြောသည်။

ARSA အဖွဲ့သည် ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ ဘူးသီးတောင်နှင့် မောင်တောဒေသတို့တွင် ရက္ခိုင့် တပ်တော် (AA) နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခြင်း၊ ဒေသနေ မွတ်ဆလင်များထံမှ ငွေညှစ်တောင်းခံ နေခြင်းနှင့် မွတ် ဆလင် စီးပွားရေး လုပ်ငန်းရှင်အချို့ကို ဖမ်းဆီးခေါ်ဆောင်ခြင်းများ ရှိလာနေ၍ဒေသ ၏လုံခြုံရေး အထူး စိုးရိမ် စရာဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။

မောင်တောမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက “ဒေသအတွက်တော့ စိုးရိမ်ရတယ် ပေါ့။ ဒေသ အတွက် သူတို့ ဘယ်လိုပုံစံမျိုး ပုံဖော်လာမယ်မှန်း မသိသေးဘူးလေ။ ဒေသခံပြည်သူတွေ ကတော့၊ အထူးသဖြင့် နယ်မှာရှိကြတဲ့ ဒေသခံပြည်သူတွေကတော့ စိုးရိမ်ရတဲ့ အခြေအနေတော့ ရှိ တယ်လို့တော့ သိရပါတယ်” ဟု ပြော သည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၂ ရက်နေ့၊ ညနေ ၆ နာရီခန့်ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း၊ စံပယ် ကုန်းကျေး ရွာမှ ငါးပုစွန်လုပ်ငန်းပိုင်ရှင် ဦးဆာလာမန်ခန်း(ခေါ်)ဦးလှဝင်း အသက် ၃၂ နှစ်နှင့် ဦးအာ ရာဖတ် ၃၄ နှစ်တို့ နှစ်ဦး ကို လောင်းဒုံနှင့် ကြိမ်ချောင်းကျေးရွာသွား ကားလမ်းပေါ်တွင် ARSA အဖွဲ့ ဝင် ၂ဝ ကျော်က လူမြင်ကွင်း၌ ဖမ်းဆီး ခေါ်ဆောင်သွား ခဲ့သည်။

ဦးလှဝင်းတို့ စီးလာသည့် အိမ်စီးကားကိုလည်း ARSA က မီးရှို့ဖျက်ဆီးသွားခဲ့ပြီး ကားလမ်း၏ အရှေ့ ဘက်ခြမ်းရှိ တောင်ကြောဘက်သို့ ထွက်ခွာသွားခဲ့ကြသည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နေရာ၏ အရှေ့ဘက်တွင် စစ်ကောင်စီ တပ်စခန်းတစ်ခုနှင့် နယ်ခြား စောင့် တပ် စခန်း တစ်ခုတို့ရှိပြီး တောင်ဘက်တွင် လောင်းဒုံကင်းစခန်းနှင့် မြောက်ဘက်တွင်လည်း ကင်းစခန်းတစ်ခု ရှိသေး သည်ဟု ဒေသခံများက ပြောသည်။

ထိုနေ့က ARSA အဖွဲ့၏ လှုပ်ရှားမှုများကို အဆိုပါစခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နယ်ခြား စောင့် တပ်ဖွဲ့ ဝင်များက မြင်နိုင်ခဲ့သော်လည်း တစ်စုံတရာတုံ့ပြန်မှုမရှိဘဲ လက်ပိုက်ကြည့်နေခဲ့မှုမှာ ARSA ကို စစ်ကောင်စီက မွေးစားထားသလိုဖြစ်နေသည်ဟု ဒေသခံများက ဝေဖန်ပြောဆိုကြသည်။

မောင်တောမြို့နယ်မှ မွတ်ဆလင်အမျိုးသားတစ်ဦးက “ဒီလို စခန်းအများနားမှာ လူတွေကို ဖမ်းပြီး တော့ ယူသွား လို့၊ ခေါ်သွားလို့ရတာက လုံခြုံရေး အရမ်းစိုးရိမ်စရာပဲ။ ကျနော်တို့ဒေသခံတွေသုံးသပ် နေတာက ARSA အဖွဲ့ကို မြန်မာစစ်တပ်က မွေးစားနေသလိုမျိုးဖြစ်သွားပြီ။ အဲလိုမျိုး မြင်ပါတယ်”ဟု ပြောသည်။

ARSA က ဖမ်းဆီးသွားသူနှစ်ဦးနှင့်ပတ်သက်ပြီး သြဂုတ်လတတိယပတ်ထိ တစ်စုံတရာ သတင်းအစ အန မရ၍ အသက်အန္တရာယ်ကို စိုးရိမ်နေရသလို မောင်တောဒေသတွင်လုံခြုံမှုလုံးဝမရှိဖြစ်နေသည် ဟုလည်း ဒေသခံများ က ပြောသည်။

အထက်ပါ မွတ်ဆလင်အမျိုးသားက “လုံခြုံရေးက လုံးဝ သူတို့လုံခြုံရေး၊ လုံခြုံမှုမရှိဘူးပေါ့ဒီနေ ရာ မှာ။ မောင် တော၊ ဘူးသီးတောင်မှာ ပြောမယ်ဆိုရင်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့ ညနေပိုင်းနှင့် ၁၉ ရက်နေ့၊ နံနက်ပိုင်းတွင်လည်း ဘူးသီးတောင်မြို့ နယ်၊ အာကာ ပျံနှင့် ကျောက်စာတိုင်ကျေးရွာကြားရှိ မယူတောင်ထဲ၌ ARSA အဖွဲ့နှင့် ရက္ခိုင့်တပ် တော် (AA) တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

မယူတောင်အတွင်း ARSA က ခြေကုပ်ယူရန်ကြိုးစားသည်ကို အနီးအနားကျေးရွာများမှ မွတ်ဆလင် များက အနီး ရှိ စစ်ကောင်စီတပ်စခန်းများသို့ တိုင်ကြားကြသော်လည်း တစ်ခုမျှ ဆောင်ရွက်ပေးခြင်း မရှိ၍ AA ထံ တိုင်ကြား ရာမှ AA က သွားရောက် နယ်မြေရှင်းလင်းခဲ့ခြင်းဖြစ်သည်။

ထိုနေ့က တိုက်ပွဲအတွင်း ARSA ဘက်မှ ၁ဝ ဦးထက်မနည်းကျဆုံးပြီး တစ်ဦးအရှင်ဖမ်းမိခဲ့သလို AA ဘက်က ၂ ဦး အသေးစား ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကြားသိရကြောင်းလည်း AA နှင့် နီးစပ်သူ များက ပြောသည်။

ထိုသို့ဖြစ်ပွားအပြီး တိုက်ပွဲဖြစ်ပွားရာ နေရာအနီးတဝိုက်ဖြစ်သော သပိတ်တောင်၊ ကင်းချောင်း၊ စိမ့် ညှင်း ပြား၊ နပျိုးချောင်းနှင့် ဖရုံချောင်းစသည့်ရွာများအနီးတွင် ဇူလိုင် ၂၁ ရက်နေ့ မှ စတင်ကာ စစ် ကောင်စီက အင်အားရာနှင့် ချီ တပ်ဖြည့်ထားသည်။

ဒေသခံများ၏ အဆိုအရ ARSA အဖွဲ့သည် ၎င်းတို့ကို မထောက်ခံသူများအား ဖမ်းဆီးခေါ်ဆောင် နှိပ်စက်ခြင်းများ၊ ပြန်ပေးဆွဲခြင်းများနှင့် ငွေညှစ်တောင်းခံခြင်းများကို ယခုနောက်ပိုင်း ခပ်စိပ်စိပ်ပြု လုပ် နေသည်။

အဆိုပါလုပ်ရပ်များ ထပ်မံမဖြစ်ပေါ်စေရန်နှင့် ဒေသခံပြည်သူများ အေးချမ်းတည်ငြိမ်စွာ နေထိုင်လုပ် ကိုင် စားသောက်နိုင်ရန်အတွက် ARSA များဝင်ရောက်လာမှု မရှိနိုင်စေရန် စစ်ကောင်စီအနေဖြင့် အ လေးထား ဆောင် ရွက်ပေးရန်လိုသည်ဟုလည်း မောင်တောမြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ် ဟောင်း တစ်ဦးက ထောက်ပြ သည်။

“သူတို့(အစိုးရ)က သိမှ၊ ကြားမှ အဲလိုပုံစံမျိုးမဟုတ်ဘဲ ကြိုတင်စီစဉ်ထားမှုတွေ၊ ကြိုတင်လုပ်ထားမှု တွေ ရှိနေဖို့ လိုအပ်တယ်လေ။ ဒါမှ ဟိုဘက်ကဝင်လာတယ်ဆိုရင်လည်း ဥပဒေစိုးမိုးမှုတွေမရှိခဲ့ဘူး။ ငွေကြေး တောင်းစားမှု တွေ ရှိတယ်ဆိုရင်လည်း ဘယ်သူမှန်းမသိဘူး ဝင်လာတယ်ဆိုရင်တော့ အဲလို မျိုးလေးတွေပေါ့။ အဲဒါတွေကို တော့ တင်းကျပ်ထားဖို့လိုတယ်လို့ ထင်မိတယ်” ဟု ပြောသည်။

ARSA သည် ၂ဝ၁၆ ခုနှစ်နှင့် ၂ဝ၁၇ ခုနှစ်တို့က မောင်တောမြို့နယ်ရှိ နယ်ခြားစောင့် ရဲစခန်းများနှင့် တပ်စခန်း အများအပြားကို ဝင်ရောက်တိုက်ခိုက်မှုကြောင့် မြန်မာစစ်တပ်ဘက်က အထိအခိုက်အကျ အဆုံးများရှိခဲ့၍ စစ်တပ်က အကြီးအကျယ် နယ်မြေရှင်းလင်းခဲ့ရသည်။

ထိုသို့ နယ်မြေရှင်းလင်းခဲ့မှုကြောင့် မောင်တောဒေသမှ မွတ်ဆလင် ၇ သိန်းကျော်သည် အိမ်နီးချင်း ဘင်္ဂလား ဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ တရားဝင် ပြန်လည် ဝင်ရောက် လာနိုင်ခြင်း မရှိသေးပေ။

ယင်းနောက်ပိုင်း ARSA သည် ၂ဝ၂၁ ခုနှစ်နှင့် ၂ဝ၂၂ ခုနှစ်တို့တွင်လည်း မောင်တောမြို့နယ်ရှိနေရာ အချို့တွင် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ထိတိုက်တိုက်ပွဲအချို့ ဖြစ်ပွားမှုများ ရှိ ခဲ့သည်။

ARSA အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်အတွင်းနှင့်ရခိုင်ပြည်နယ်အတွင်းမောင်တော နှင့် ဘူးသီး တောင်မြို့နယ်များတွင် စိမ့်ဝင်လှုပ်ရှားနေသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များကလည်း ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများတွင် စိမ့်ဝင်လှုပ်ရှားနေ သည့် ARSA အဖွဲ့များကို ယခုနောက်ပိုင်း ဖော်ထုတ်ဖမ်းဆီးခြင်းများပြုလုပ်လာနေ၍ ARSA အဖွဲ့ သည် ရခိုင်ပြည်ဘက်သို့ ထွက်ပြေးကာ ပြန်လည်ခြေကုပ်ယူလာနေခြင်း ဖြစ်နိုင်သည်ဟုလည်း သုံး သပ်မှုများရှိနေကြသည်။

Link  Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */