" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, December 7, 2023

ဘူးသီးတောင်ဒေသခံ ၄ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

DVB
December 7, 2023

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရွာမကျေးရွာက ဒေသခံ အမျိုးသား ၄ ဦးကို ဒီဇင်ဘာ ၇ ရက် မနက် ၄ နာရီလောက်မှာ စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီးသွားတယ်လို့ ရွာသားတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ ရွာမရခိုင်ကျေးရွာမှ ဦးရွှီမောင် (၄၅နှစ်)၊ ဦးအောင်ဇံ (၆၀နှစ်)၊ ဦးဖြူထွန်း (၅၀ နှစ်) နဲ့ ဦးမောင်သန်းဝင်း (၅၃ နှစ်) တို့ ဖြစ်ကြပါတယ်။

ရွာမကျေးရွာသား တဦးက “ဒီနေ့မနက် အရုဏ်မှာ ရွာမရွာကို စစ်သားတွေ ဝိုင်းထားပြီး သေနတ်တွေ ပစ်ပြီး ဝင်လာကာ သူတို့နေအိမ်တွေကို ဝင်ဖမ်းဆီးတာဗျ။ အခု ရွာသားတချို့ကတော့ တိမ်းရှောင်နေ ကြရတယ်”လို့ ပြောပါတယ်။

ရွာသားလေးဦးကို ဘူးသီးတောင်အခြေစိုက် စစ်ဗျူဟာက စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်၊ တပ်မ ၂၂ မှ တပ်ဖွဲ့ဝင် ၃၀ ကျော်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၅၀ ကျော်က ဖောကား ၂ စီးနဲ့ ရောက်ရှိလာ ကြ ပြီး ရွာကို ဝိုင်းရံထားကာ ရွာအတွင်း ပစ်ခတ်ဝင်ရောက်လာပြီး တအိမ်ဝင် တအိမ်ထွက် စစ်ဆေးပြီး ဖမ်း ဆီးသွားကြတာလို့ မျက်မြင် ရွာမရွာသားတွေက ဆိုပါတယ်။

ရွာသားတဦးက “ဖမ်းဆီးသွားသူတွေကို ဗျူဟာကို ခေါ်သွားတယ်လို့တော့ သိရတယ်ဗျ။ တရားရုံးမှာ ချုပ်ရမန်ယူမလား မယူဘူးလား စောင့်ကြည့်ရမှာပေါ့ အခုတော့မိသားစုတွေလိုက်သွားကြတယ်”လို့ ပြောပါတယ်။

ဘူးသီးတောင်မှာ ရက္ခိုင့်တပ်တော်(အေအေ) နဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီး ထား သူ ၁၃ ဦးအထိရှိကာ ၉ ဦးကို ပုဒ်မ ၁၇(၁) (၂) နဲ့ အမှုဖွင့်ပြီး ချုပ်ရမန်ယူထားကြောင်း​ မြို့ခံတွေဆီက သိရပါတယ်။

 Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */