" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, March 20, 2023

ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ဝင်လာတဲ့ ရိုဟင်ဂျာလေးဦး ဘူးသီးတောင်မှာ ဖမ်းဆီးခံရ

RFA
RFA Burmese
2023.03.20


ဘူးသီးတောင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မတ်လ ၁၈ ရက်နေ့က ဖမ်းဆီးခံလိုက်ရသည့် ရိုဟင်ဂျာ မိသားစုလေးဦးအား တွေ့ရစဉ်။ရခိုင်နေ့စဉ်


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာလုခါလီဒုက္ခသည်စခန်းကနေ ရခိုင်ပြည်နယ်ကို ဝင်ရောက်လာတဲ့ ရိုဟင်ဂျာလေးဦး မတ်လ ၁၈ ရက်နေ့က စစ်ကောင်စီရဲ့ ဘူးသီးတောင်မြို့ အဝင်၊ အထွက် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိတယ်လို့ ရခိုင် ပြည် နယ် စစ်ကောင်စီရဲ့ ရခိုင်နေ့စဉ် သတင်းမှာ မနေ့က ဖော်ပြခဲ့ပါတယ်။


ဖမ်းဆီးရမိသူတွေဟာ အသက် ၃၀ အရွယ် အာမ်ဖီယာစ်၊ ဇနီးဖြစ်သူ အာဆီယာဘီဘီ၊ သားဖြစ်သူ အသက်လေး နှစ်ရွယ် ဆော်မိရ်နဲ့ သမီးဖြစ်သူ အသက်နှစ်နှစ်အရွယ် ဆူမိုင်ရာအာဖ်တာရ်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ဟာ ဒုက္ခသည်စခန်းမှာ စားဝတ်နေရေးခက်ခဲတာကြောင့် တောင်ပြိုလက်ဝဲအနီး နယ်စပ်ခြံစည်းရိုးကနေ ဆွေမျိုးတွေရှိရာ ဘူးသီးတောင်မြို့နယ်ကို ခိုးဝင်လာတာလို့ ဖော်ပြထားပါတယ်။

လက်ရှိ ကလေးနှစ်ဦးကိုတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကနေတဆင့် သူတို့ရဲ့ဆွေမျိုးတွေ ထံကို အပ်နှံသွားမှာဖြစ် ပြီး မိဘနှစ်ဦးကိုတော့ တရားမဝင်နယ်စပ်ဖြတ်ကျော်မှု လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေပုဒ်မနဲ့ အမှုဖွင့် အရေး ယူသွားမယ်လို့ ပြည်နယ်စစ်ကောင်စီရဲ့ သတင်းမှာ ရေးသားထားပါတယ်။

ဒုက္ခသည်စခန်းမှာ ရပ်တည်ရေးခက်ခဲနေတဲ့ ရိုဟင်ဂျာတွေဟာ သူတို့မူလနေထိုင်ခဲ့တဲ့ ဆွေမျိုးတွေရှိရာကို ပြန် သွားချိန်မှာ အခုလို ဖမ်းဆီးအရေးတာ မဖြစ်သင့်ဘူးလို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ဦးခင် မောင် က RFA ကို ပြောပါတယ်။

“ကျနော်တို့က ဒီကဒုက္ခသည်ခစန်းမှာတွေမှာ နေထိုင်ရတာ ဘယ်လိုမှ အဆင်မပြေဘူး။ စားဝတ်နေရေးရောကျန်း မာ ရေးရော အားလုံးပဲ။ အခု စစ်ကောင်စီက ပြန်ခေါ်မယ် ဆိုတာလည်း လူတစ်ထောင်ပဲ။ ဒါတောင် မသေချာဘူး။ အဲဒါကြောင့် ကိုယ့်နည်း ကိုယ့်ဟန်နဲ့ပဲ သွားနေပေါ့။ ဒီအပေါ်မှာ ဖမ်းဆီးပြီး အရေးယူတာက မဖြစ်သင့်ဘူး။ အခု ရိုဟင်ဂျာတွေကို ပြန်ခေါ်ဖို့ လုပ်နေတာရှိတယ်လေ။ သူတို့ကို ကြားစခန်းတခုခုမှာ ထိန်းသိမ်းထားပြီး စစ်ဆေးပေါ့။ ပြီးရင် သူတို့ အဲဒီမှာနေခဲ့တာမှန်ရင် သူတို့နေရာမှာ နေရာချပေးထားရမယ်လေ”

စစ်ကောင်စီရဲ့ ဝန်ကြီးအချို့ဟာ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာတွေထဲကမှ လူဦးရေ တစ်ထောင်ကျော် ပြန်လည် လက် ခံရေးအတွက် မတ်လ ၁၅ ရက်နေ့ကတည်းက ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေဆီ ရောက်ရှိနေပြီး စစ် ဆေးနေပါတယ်။

လက်ရှိ ရိုဟင်ဂျာတွေကို စိစစ်နေဆဲဖြစ်တာကြောင့် ဘယ်နေ့မှာ စပြီးလက်ခံမယ်ဆိုတာ မသိရသေးပေမယ့် ပြန် လာသူတွေအတွက် အဆင်သင့်ပြင်ဆင်ထားတယ်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက မတ်လ ၁၄ ရက်နေ့မှာ RFA ကို ဖြေဆိုထားပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */